ရွှေစင်၅ကျပ်သား အကယ်ဒမီ ဆုရှင်များအတွက် ရင်ခုန်မှု(၃)

0
167

 မတ်လ ၂၃ ရက်နေ့ နီးလာလေ၊     အကယ်ဒမီရင်ခုန်သံမြန်လာလေပဲ။ ထင်ကြေးအရှိန်က ပိုများလာ လေပဲ။ အထင်က ထင်ရုံပဲ၊ အမြင်က သာ ပိုလို့ သေချာတာပါ။ ဒါကြောင့် အထင်နဲ့ အမြင်လွဲတတ်ပါတယ်။  နောက်ဆုံးအဆင့်ရောက်လာ တဲ့ ဇာတ်ကားတွေရဲ့ အားပြိုင်မှုက ပြင်းထန်တယ်။ တချို့ဆုရွေးချယ်ရေး တွေ အလွန်ခက်ပါတယ်။ ဇာတ်ကား ၄ ကား ရင်ခုန်ခွင့်ရရှိမယ်။

‘တာတေကြီး’ လူစွမ်းကောင်းရုပ်ရှင်ထုတ်လုပ် ရေးမှ ဒါရိုက်တာဝိုင်းရိုက်ကူးတဲ့ “တာတေကြီး”ဇာတ်ကားက ပရိသတ် အကြိုက်ဇာတ်ကားတစ်ကားပါ။  နေတိုး၊ ရွှေသမီး၊ ဇော်ဦး၊ ဦး ဝင်းမြိုင်၊ ညီဂျော်၊ အိစိကွေး၊ သိင်္ဂီ ထွန်း၊ ဒေါ်နွဲ့နွဲ့စမ်းတို့ ဦးဆောင်ပါဝင် ထားကြတယ်။ ဓာတ်ပုံက ကျောက်ဖြူ၊ တည်းဖြတ်က ကျော်ခိုင်စိုး။  မိန်းမလျာဖြစ်လင့်ကစား မြင့် မြတ်တဲ့ စိတ်ဓာတ်ပိုင်ရှင်တာတေရဲ့ ပရဟိတအကျိုးသယ်ပိုးခဲ့တဲ့ ဖြူစင် တဲ့စိတ်ဓာတ်ကို ဖော်ကျူးထားတယ်။ကြောက်စရာကောင်းလောက်အောင် ရိုက်ကူးထားတဲ့ ဝိညာဉ်ဇာတ်ကား တစ်ကားဖြစ်တယ်။  နိုင်ငံခြားဇာတ်ကားကို မှီငြမ်း ထားလို့၊ မူအရ၊ ဇာတ်ကားဆုနဲ့ ဒါ ရိုက်တာဆု စဉ်းစားထားခြင်းပင်မရှိ။ အဲဒီဇာတ်ကားမှာတော့ တာတေရဲ့ သရုပ်ဆောင်ချက်ကို ပရိသတ်က အ မှတ်တွေ အများကြီးပေးထားကြလို့ ရင်ခုန်စရာတစ်ခုပဲ။ ကြယ်စင်လင်း လက်စရာပဲ။

‘ရင်ဘတ်ထဲက ဓား’

ခရေဖြူ ရုပ်ရှင်ထုတ်လုပ်ရေး အတွက် ဒါရိုက်တာ ‘ဝိုင်း’ ရိုက်ကူး ထားတဲ့ “ရင်ဘတ်ထဲက ဓား”။ လမင်း မိုမိုရဲ့ ဝတ္ထုကို ဝိုင်းက ဇာတ်ညွှန်း ရေးထားတာ၊ Drama အိမ်ထောင် ရေးဇာတ်ကားတစ်ကားဖြစ်တယ်။   ပြေတီဦး၊ အိန္ဒြာကျော်ဇင်၊ ထွန်းအိန္ဒြာဗို၊ မြတ်ကေသီအောင်၊ မေကဗျာ၊ နေဆန်း၊ ဦးဝင်းမြိုင်၊ နွဲ့ နွဲ့စမ်း၊ ခင်မို့မို့အေး၊ သန်းသန်းစိုးတို့ ပါဝင်ပြီး၊ ဓာတ်ပုံက ကျောက်ဖြူ၊ တည်းဖြတ်ကျော်ခိုင်စိုးတို့ ဖြစ်ပါ တယ်။ အဝေးဆိုတဲ့ ဇာတ်ရုပ်နဲ့ သီဟ ဇော်တို့ ဇာတ်ရုပ်ပြိုင်အားတွေပါ။

အမေနဲ့ အစ်မ သားဘက်က ဝင်ခြေ ထိုးတော့၊ တင်းမာမှုကြီးထွားလာတာ ပေါ့။ မိန်းမသားတစ်ယောက်ရဲ့ ကြိုး စားအားထုတ်မှုဟာ အရာအားလုံး ပြတ်သားစေခဲ့တယ်။ စားပွဲတင်တင်း နစ်လေးလို အရိုက်ခံနေရပေမယ့်၊ မာကျောတဲ့စိတ်ဓာတ်ရှင် အဝေးဖြစ် ခဲ့တယ်။ ပရိသတ်အားပေးမှုအကြီး မားဆုံးရခဲ့တယ်။  ရင်ဘတ်ထဲက ဓား အကယ်ဒမီ ရင်ခုန်သံတွေနဲ့ ပရိသတ်ဆူညံတဲ့ အသံတွေကြားနေရတယ်။ အနုပညာ မှာ ရသတွေရှိပါတယ်။ Step တွေရှိ တယ်။ မှားလို့မရသလို၊ ကျော်လို့ မရ ဘူး။presentation ကလည်း အရေး ကြီးပြန်ရော။  ပရိသတ်က အဝေးကို လွှတ် အားပေးထားပုံရတယ်။ ကြယ်စင်တွေ လင်းလက်မှာလား ဆိုတာကတော့။

‘နေဝင် အိပ်တန်းတက်’

VICTORIAရုပ်ရှင်ထုတ်လုပ်ရေး မှ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ “နေဝင် အိပ်တန်းတက်” ဇာတ်ကား၊ ဆရာလင်္ကာရည်ကျော်ရဲ့ ဝတ္ထုကို၊ ဆရာကပဲ ဇာတ်ညွှန်းရေးထားတာ ပါ။ အကြိမ်များစွာကြည့်တယ်လို့ ဆို တယ်။ ဓာတ်ပုံကျောက်ဖြူနဲ့ တည်း ဖြတ် ကျော်ခိုင်စိုး။  ဆရာဝန်ကြီးဦးမြတ်ထွန်းက ပြေတီဦး၊ မေကြာဖြူအဖြစ် ပိုင်ဖြိုးသု၊ ထွန်းအိန္ဒြာဗို၊ ဇင်မျိုး၊ ဝင်းမင်းသန့် နဲ့ စူးရှတို့ ပါဝင်ထားကြတယ်။

ဆရာဝန်ကြီးတစ်ဦးရဲ့ အနေအ ထိုင်အပြောအဆို၊ ဂုဏ်သိက္ခာနဲ့ ရင် ခုန်ဖွယ်ကောင်းတဲ့ မိန်းမလှလေးရဲ့ ဆက်ဆံရေး၊ အညှို့တို့ကို ဖော်ပြ ထားပြီး၊ နီးစပ်မှုသည် အမှားတစ်ခုကို ကျူးလွန်နိုင်ကြောင်း၊ ဆရာဝန်ကြီး စိတ်ထိန်းနိုင်မှုတွင် မြကြာဖြူက “ဦး လိုစိတ်ဓာတ်မျိုး၊ ယောက်ျားတိုင်းမှာ  ရှိရင် သိပ်ကောင်းမှာပဲ” ဆိုတဲ့ ရင်ထဲ က စကား။ နောင်တရစရာကို နောင် တရစရာလို့ သိမြင်နိုင်ခြင်းက အမှား ကို ကျူးလွန်နိုင်ရန် မရှိတော့သည်ကို ဦးတည်ရည်ရွယ်ဖော်ကျူးထားတယ်။  ‘နေဝင် အိပ်တန်းတက်’တွင် ကလဲ့စားချေသူကို မေတ္တာနဲ့ အနိုင် ယူသွားခြင်းက မင်္ဂလာတစ်ပါးပဲဖြစ် တယ်။ ရသမြောက်ခြင်းဖြင့် ကြယ်စင် လင်းလက်မှုတွေက …။

‘သရဲမ ဘီလူးမနှင့် မိန်းမပျို’

ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေး အတွက် ဒါရိုက်တာဝိုင်း ရိုက်ကူးထား တဲ့ ‘သရဲမ ဘီလူးမနှင့် မိန်းမပျို’ ဇာတ်ကား။ လွန်းထားထားရဲ့ဝတ္ထုကို နေနော် ဇာတ်ညွှန်းရေးထားတာ။ ဓာတ်ပုံကျောက်ဖြူနဲ့ တည်းဖြတ် ကျော်ခိုင်စိုး။  အလင်းရောင်၊ ဖွေးဖွေး၊ အိ ချောပို၊ ပိုင်ဖြိုးသု၊ ဒေါ်လှလှမိုး၊သန်း သန်းစိုးတို့ပါဝင်ပြီး၊ ဝိညာဉ်သရဲမ ဇာတ်အသွင်ဖန်တီးထားတယ်။ မင်း သမီးသုံးလက်အားပြိုင်ထားတယ်။ Sound Effect များကြောင့် ကြောက် လန့်ဖွယ်ကောင်းနေတယ်။  အမှားကို နောင်တရပြီး ပြင် ဆင်ရမည်ကို ရည်ညွှန်းထားတယ်။ အမှားပြုလုပ်က ပြန်လည်ပေးဆပ် ရမည်ကို သတိပြုရန် လမ်းညွှန်ထား တယ်။ ခေါင်ဖွင့်ဇာတ်ရုပ်ကြမ်းသလို၊ ရွှေရုပ်သွင်ရဲ့ အကြင်နာမခံချင် စိတ်က ဇာတ်ရှိန်ကို မြင့်တက်စေ တယ်။ ရွှေအလင်း၊အစင်းဖြစ်၊ ကြယ် စင်တို့ လင်းလက်လာမည်လား။  စိတ်ဝင်စားမှု မြင့်တက်လာတဲ့ ဇာတ်ကားအစုံဖော်ပြပြီးဖြစ်တယ်။ ပရိသတ်တို့ အကယ်ဒမီကို လွတ်လပ် စွာ ရင်ခုန်ကြပါစေသော်။

ဒါရိုက်တာ မောင်ဗေဒါ


LEAVE A REPLY

Please enter your comment!
Please enter your name here