ရွှေသမီး ဘာကြောင့် အကယ်ဒမီပေးပွဲ မတက်တာလဲ . . .

0
294

ရွှေသမီးက အနုပညာလောကသားတွေရော ပရိသတ်တွေပါ ရင်ခုန်စွာ ဆင်နွဲကြတဲ့ အကယ်ဒမီပေးပွဲကိုတော့ ဒီနှစ်မှာ ရှောင်လွှဲလို့မရတဲ့ ကိစ္စအခက်အခဲလေးတစ်ခုကြောင့် မတက်ရောက်ဖြစ်တော့ဘူးလို့ဆိုပါတယ်။ ယခင်နှစ် တွေကတော့ နှစ်တိုင်းတက်ရောက် အားပေးဖြစ်ခဲ့ပြီး အခုနှစ်ကိုတော့ အဝေးကနေပဲ အားပေးတော့မှာပါ။ ဒီနှစ်မှာ ဘယ်သူတွေ အကယ်ဒမီရမလဲဆိုတာကိုတော့ …

”ညီမကိုယ်တိုင်ကလည်း ဒီနှစ်အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေကို နည်းနည်းကြည့်ရှုဖြစ်ပါတယ်။ တကယ့်ကို ဇာတ်ကားကောင်းတွေပါ။ သရုပ်ဆောင်တွေအားလုံးကလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်ကြတဲ့သူတွေ တကယ့်ကို ကိုယ့်ရှေ့ကသရုပ်ဆောင်တွေရဲ့ ဇာတ်ကားတွေပါပဲ။ အားလုံးကိုတော့ရစေချင်တယ်။ ဒီနှစ်ကတော့ မအူဝဲ၊ မအေးမြတ်သူ၊ မစိုးပြည့်သဇင်တို့ရမယ်လို့တော့ ကြားပါတယ်။ ဘယ်သူပဲရရပါ၊ အားလုံးအတွက် ရင်ခုန်ပေးနေပါတယ်”လို့ ရွှေသမီးက ပြောပြခဲ့ပါတယ်။ရုပ်ရှင်ဇာတ်ကားတွေ အချိန်အဟုန်ကောင်း ကောင်းနဲ့ ရိုက်ကူးလာတဲ့ ဒီနှစ်ပိုင်းမှာတော့ သူ့အနေနဲ့ လည်း ရုပ်ရှင်ဇာတ်ကားတွေ ပိုပြီးရိုက်ကူးဖြစ်နေပါတယ်။ဗီဒီယိုဇာတ်ကားတွေလည်း တစ်လတစ်ကား ပုံမှန်ရိုက်ကူး ဖြစ်နေပြီး သရုပ်ဆောင်ရတဲ့အခန်း နည်းပေမယ့် ပညာရ မယ့် ကာရိုက်တာမျိုးဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်နေတယ် လို့ဆိုပါတယ်။

အခုလတ်တလော မှာတော့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရိုက်ကူးနေတဲ့ “လူခေါ်ခေါင်း လောင်း”ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ မင်းမော် ကွန်း၊ ထွန်းထွန်း၊ နေယံ၊ ထူးခြား၊ သိန်းလင်း စိုးတို့နဲ့အတူပါဝင် သရုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ ရွှေသမီးက ပိုက်ဆံရှိတဲ့သူဌေးသမီး၊ ဒါပေမဲ့ မိဘမေတ္တာ တအား လိုချင်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကာရိုက်တာနေရာကနေ ပါဝင်သရုပ်ဆောင်ထား တယ်လို့ပြောပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ – ဇော်ဝင်းအောင်

LEAVE A REPLY

Please enter your comment!
Please enter your name here