ကြိုးစားမှုရှိရင်ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အနှေးနဲ့ အမြန်တော့ ရောက်ရှိမှာပါ သရုပ်ဆောင် ခါရာ

0
125

MR ပြိုင်ပွဲများမှာ ဆုတွေရရှိပြီး ပရိသတ်အားပေးမှုရှိလာတဲ့ ခါရာကတော့ လက်ရှိမှာ သရုပ်ဆောင်တစ်ဦးအဖြစ် ရုပ်ရှင်ဇာတ်ကားများမှာ ပါဝင်သရုပ်ဆောင်နေပြီဖြစ်ပါတယ်။ လက်ရှိမှာ သူ ပါဝင်သရုပ်ဆောင်ထားတဲ့ Dimensions(မျက်နှာပြင်များ) ရုပ်ရှင်ဇာတ်ကားကတော့ ရုံတင်ပြသနေပြီဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ညဏ်ထင်ကရိုက်ကူးထားပြီး Action ကို ဦးစားပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ Action ဇာတ်ကားမှာ သရုပ်ဆောင်ခဲ့တဲ့သူ့ရဲ့အတွေ့အကြုံ တချို့ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

”ကိုယ်လုပ်ခဲ့တဲ့ Action အခန်းတွေကိုတော့ကြိုက်ပါတယ်။ ကြိုးစားပြီးတော့လည်း သရုပ်ဆောင်ခဲ့ပါတယ်။ ရုပ်ရှင်ကတော့ ရှေ့မှာတစ်ကားရိုက်ထားတာရှိပါတယ်။ Action အနေနဲ့ဆိုရင် ဒီရုပ် ရှင်ဇာတ်ကားက ပထမဆုံးရိုက်ကူးဖြစ်တာပါ။ Action နဲ့ပတ်သက်ရင်တော့ ကျွန်တော်မြန်မာ့လက်ဝှေ့ပညာသင်ဖူးတာတော့ရှိပါတယ်။ ဒီဇာတ်ကား ရိုက်ကူးပြီးကတည်းက ကျွန်တော် Action လုပ်ရတာကြိုက်တယ်။ ဒီရုပ် ရှင်ဇာတ်ကားမှာလည်း အတွေ့အကြုံတွေအများကြီး ရခဲ့ပါတယ်”လို့ ပြောပြခဲ့ပါတယ်။

သူကတော့လတ်တလောမှာ ဒါရိုက်တာလွင်ဗို ရိုက်ကူးတဲ့ ချစ်ခြင်းစတုဂံရုပ်သံဇာတ်လမ်းတွဲမှာ လည်း သရုပ်ဆောင်ထက်ထက်ထွန်းနဲ့အတူ ပါဝင် သရုပ်ဆောင်နေပါတယ်။ ရုပ်ရှင်ဇာတ်ကားများ လည်း ထပ်မံပါဝင်သရုပ်ဆောင်ရိုက်ကူးသွားဖို့ ရှိပြီး ကာရိုက်တာမတူအောင်လည်း ရိုက်ကူး သွားမှာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။
MR ပြိုင်ပွဲကနေ ပရိသတ်အားပေးမှုရရှိ လာတဲ့သူက သူကိုယ်တိုင်ကြုံတွေခဲ့တဲ့အတွေ့ အကြုံတချို့နဲ့ နောက်ထပ် MR ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်လူငယ်တွေ အတွက်လည်း အကြံပြုစကားပြောခဲ့ပါတယ်။

”ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေကတော့ အများကြီးပါပဲ။ Body ပိုင်းကိုလည်း သေချာ အချိန်ယူပြီးလုပ်ရတယ်။ အစားအသောက် ပိုင်းကိုလည် သေချာဂရုစိုက်ရတယ်။ ပြီးတော့ ကျွန်တော်ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် တော့မယ်ဆိုရင် ရှေ့မှာဝင်ပြိုင်ထားပြီးသား ပြိုင်ပွဲတွေကိုလေ့လာတယ်။ နောက်ထပ်ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့်သူတွေကိုလည်း လိုအပ် တာတွေအားလုံးပြင်ဆင်ကြပါ။ ကြိုးစားမှုကို ရှေ့ တန်းတင်ပြီးတော့ အရာရာတိုင်းကို ကျော်ဖြတ်ပါ။ ကြိုး စားမှုရှိရင် ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ပန်းတိုင်ကို အနှေးနဲ့အမြန်တော့ ရောက်ရှိမှာပါ”လို့ သူက ပြောပြခဲ့ ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here