နတ်ကြီးတဲ့ အကယ်ဒမီဆုရစာရင်း ရင်ခုန်သံချင်းထပ်တူကျမလား ကောက်ချက်ဆွဲကြည့်ခြင်း

0
296

မတ်လ ၂၃ ရက်နေ့ မင်းဓမ္မလမ်းရှိ MEP မှာ ပြုလုပ်မယ့် ၂ဝ၁၇ အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ခုဆို အသံတွေ အများကြီးကြားနေရပြီဖြစ်ပါတယ်။ ရုပ်ရှင်လောက သားတို့အသံ၊ ပရိသတ်တို့ရဲ့ အသံ၊ မီဒီယာသမားတို့ရဲ့အသံ စတဲ့ အသံပေါင်းစုံကို နားဆင်ခံစားကြည့်တဲ့အခါ အကယ်ဒမီဆုများ ဟာ ပိုမိုရုပ်လုံးကြွလာနေပြီလို့ ဆိုရမှာပါ။

ရုပ်ရှင်ချစ်ပရိသတ်တို့ ထင်ကြေးပေးထားတဲ့ အကယ်ဒမီဆုရ စာရင်းကို ကြားသိရတော့ အလွန်ဝမ်းသာအံ့သြဖြစ်ရပါတယ်။ အခုနှစ်အတွက် အကယ် ဒမီ ထူးချွန်ဆုဟာ ဆုပေါင်း ၁၁ ဆုအပြင် အထူးဆု ၁ ဆု၊ ရုပ်ရှင် တစ်သက်တာ ထူးချွန်ဆု ၁ ဆုပါ ချီးမြှင့်ပေးအပ်မှာဖြစ်လို့ စုစုပေါင်း ၁၃ ဆု ဖြစ်သွားပါတယ်။ အကယ်ဒမီ ဆုရသူများအတွက်လည်း ကျွန်တော် ဝမ်းသာ ဂုဏ်ယူရပါတယ်။

အကယ်ဒမီဆုရစာရင်း ခန့်မှန်းခြင်း

အကယ်ဒမီ ထူးချွန်ဆုများမှာ ထာဝရအမေရုပ်ရှင်ဇာတ်ကားကြီးက စုစုပေါင်း ၅ ဆု ရရှိသွားနိုင်ပါတယ်။လူငယ်တွေ ဖန်တီးရိုက်ကူးထားတဲ့ ည ဇာတ်ကားကတော့ အသံဆုနဲ့ တည်းဖြတ်ဆုရရှိသွားနိုင်လို့မို့ လူငယ်တွေ အတွက် အနုပညာဖန်တီးခွင့်အပေါ် အသိအမှတ်ပြုပေးတဲ့ ရုပ်ရှင်အကဲဖြတ် လူကြီးမင်းများကို ကျေးဇူးတင်ရပါတယ်။ နောက်နှစ် ကျင်းပပြုလုပ်မယ့် ၂ဝ၁၈ ခုနှစ်အကယ်ဒမီအတွက်ဆိုရင် ခုနာမည်ကြီးနေတဲ့ လူငယ်ဒါရိုက်တာ ခရစ် စတီးနားခီ၊ လူငယ်မင်းသားဇာဏ်ခီတို့ရဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်နဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင် ဇာတ်ကားများဟာ အကယ်ဒမီဆုများစွာ ရရှိသွားနိုင်ပါတယ်။ အဲဒီရုပ်ရှင်ဇာတ် ကားများဟာ မြန်မာ့ရုပ်ရှင်အတွက် အလှည့်အပြောင်းကြီး တစ်ခုဖြစ်လာသလို ပြောင်းလဲချိန်တန်ပြီဆိုတဲ့အတိုင်း ရုပ်ရှင်ဟာ အရုပ်၊ အသံ၊ အနုပညာဖန်တီး မှုတွေလည်း ပြောင်းလဲဖန်တီးလာကြပြီဆိုရမှာပါ။

မြန်မာရုပ်ရှင်ဇာတ်ကားတွေ မကြည့်ရှုဖြစ်တာကြာပြီဆိုတဲ့ လူငယ်၊ လူလတ်၊ လူကြီးများကို ရုပ်ရှင်ရုံများဆီ ဆွဲခေါ် လာတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်နဲ့ မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားများနည်းတူ နောက်ထပ်ပရိသတ်ကြည့်ရှုချင်တဲ့၊ မျှော်လင့် နေတဲ့ မြန်မာရုပ်ရှင်ဇာတ်ကားကောင်းများစွာ ဖန်တီးထုတ်လုပ်နိုင်ဖို့ ကျွန် တော့်အနေနဲ့ ဆုတောင်းပေးနေမိပါတယ်။

မြန်မာပေါကားများကို မကြည့်ချင်တော့ဘူးဆိုတဲ့ ပရိသတ်များနဲ့ မြန်မာ ပေါကားများသာ ကြိုက်နှစ်သက်တဲ့ပရိသတ်များရဲ့ အားပြိုင်မှု၊ ဒါရိုက်တာ၊ သရုပ်ဆောင်များရဲ့ မှန်ကန်တဲ့ပြိုင်ဆိုင်မှုများကြောင့် မြန်မာ့ရုပ်ရှင်ဟာ ကမ္ဘာ ကို မလွှမ်းမိုးနိုင်ခင် အာရှအဆင့်၊ အရှေ့တောင် အာရှအဆင့်တော့ရောက်ရှိ၊ ကျော်လွှားနိုင်မယ်ထင်ပါတယ်။ ဒါကလည်း နှစ်များစွာစောင့် ကြည့်နေရဦး မှာ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရုပ်ရှင်ရုံများမှာ ဟိုးယခင်ရုပ်ရှင်ခေတ် ကောင်း စဉ်က လက်မှတ် အလုအယက်ဝယ်၊ တန်းစီကြည့်ရတဲ့ခေတ်လို ပြန်လည်ရောက် ရှိလာနိုင်ရင်၊ ပရိသတ်များရဲ့ အနုပညာဖန်တီးမှုကောင်းတဲ့ အနုပညာများကို သာ အချိန်ကုန်ခံ ကြည့်ရှုနိုင်လာရင်၊ ဒါရိုက်တာ၊ သရုပ်ဆောင်များရဲ့ သဘာဝ ကျကျ၊ ဇာတ်လမ်းကောင်းကောင်း ဖန်တီးရိုက်ကူးလာနိုင်ရင် မြန်မာရုပ်ရှင် လောက ပိုမိုကောင်းလာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

”အခုလို ပိုမိုပွင့်လင်း လာတော့မယ့်ခေတ်မှာ ရုပ်ရှင်လောက တစ်ခုလုံး အနုပညာရော၊ အတတ်ပညာမှာပါ ပိုမိုတိုးတက်အောင်မြင်လာကြမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်မတို့ တိုင်းပြည်လည်း ‘ပြောင်းလဲချိန်တန်ပြီ’ ဖြစ်တဲ့ အတိုင်း အောင်မြင်တဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ဖန်တီးသလို တိုင်းသူ ပြည် သားအားလုံးက ကိုယ်ကျရာနေရာကနေ ကိုယ့်တာဝန်ကျေပွန်အောင် ဆောင် ရွက်ကြရင် ကျွန်မတို့နိုင်ငံ မလွဲမသွေ တိုးတက်ပြောင်းလဲနိုင်မယ်လို့ ယုံ ကြည်မိပါတယ်”ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် (၂ဝ၁၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့က ကျင်းပတဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲသို့ ပေးပို့တဲ့သဝဏ်လွှာ)ရဲ့ စကားအတိုင်း အားလုံးက ကျရာနေရာမှာ ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် ဆောင်ရွက် သင့်ပါကြောင်း ကျွန်တော်က အကြံပြုတင်ပြလိုက်ရပါတယ်။

မြန်မာ့ရုပ်ရှင် ရွှေခေတ် ရောက်ရှိနိုင်ပါစေ။

လေးစားစွာ

ညိုသစ်ငယ်


LEAVE A REPLY

Please enter your comment!
Please enter your name here