အကယ်ဒမီ ဆုပေးပွဲမှာ အကူမောင်မယ်အဖြစ် ပါဝင်မယ့် သမီးဖြစ်သူအပေါ် ဖခင် မင်းမော်ကွန်း ရဲ့ ခံစားချက်

0
320

မတ်လ၂၃ရက်နေ့မှာ ကျင်းပပြုလုပ်တော့မယ့် အကယ်ဒမီဆုပေးပွဲမှာ အကူမောင်မယ်အဖြစ် မင်းမော်ကွန်းရဲ့သမီး လေပြေသွေးလည်း ပါဝင်ဆောင် ရွက်မှာဖြစ်ပါတယ်။ အနုပညာအလုပ်ကို ဝါသနာပါလာတဲ့ သမီးဖြစ်သူကိုအခုချိန်မှာ ပညာရေးကိုပဲ ပိုပြီးဦးစားပေးလုပ်စေချင်ကြောင်းကိုလည်း မင်းမော်ကွန်း က . . .

”ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ သမီးအကူမောင်မယ်အဖြစ်ပါတာက ကိုရန် လေးတို့ ရွေးကြတာပါ။ အခုလို သမီးရွေးချယ်ခံရတဲ့အတွက်လည်း ဝမ်းသာပါတယ်။ ကျွန်တော်တို့က သားသမီးတွေကို လွတ်လွတ်လပ်လပ် သူတို့ရွေးချယ်ချင်တဲ့ အရာတွေကို ရွေးချယ်ခွင့်ပေးထားပါတယ်။ သမီးကတော့ပညာရေးကို ပိုအား သန်ပါတယ်။ အဲဒါကြောင့် ကျွန်တော်သူ့ကို ပညာရေးနဲ့ပတ်သက်ပြီး အများကြီး ပံ့ပိုးမှုတွေလုပ်ပေးနေပါတယ်။ သမီးကအနုပညာကိုလည်း ဝါသနာပါပါတယ်။ ဒါပေမဲ့ ပညာရေးကို ဦးစားပေးပါတယ်။ သူအခု ပညာရေးကို အဓိကရွေးချယ် ပါတယ်။ ဇာတ်ကားရိုက်ကူးဖို့ သူတို့လေးတွေကို ကမ်းလှမ်းခဲ့ရင်လည်း လက်ခံ တယ်၊ လက်မခံဘူးဆိုတာတော့ သူတို့သဘောပါ။ ကျွန်တော့်အနေနဲ့ ဝင်ပြီး ဆုံး ဖြတ်ပိုင်ခွင့်လည်းမရှိပါဘူး။ သူတို့ တကယ်ဝါသနာပါလို့ ရွေးချယ်ရင် ကျွန်တော် တို့မိဘတွေအနေနဲ့က ပံ့ပိုးပေးဖို့ပဲရှိပါတယ်”လို့ ပြောပါတယ်။

ဇာတ်ရုပ်မျိုးစုံကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်ပြီး ပရိသတ်တွေရဲ့ အားပေးမှု ကို အခုချိန်ထိရရှိနေတဲ့ မင်းမော်ကွန်းကရုပ်ရှင်အနုပညာလောကမှာ နှစ်ပေါင်း များစွာကြာလာတာနဲ့အမျှ ကာရိုက်တာပုံစံတွေလည်း ထပ်လာမှာဖြစ်ကြောင်း ဖွင့်ဟဆိုလာပါတယ်။

”ကျွန်တော် ဒီနှစ်ထဲမှာတော့ ဇာတ်ကားတွေကို ဇာတ်အိမ်ကောင်းကောင်းနဲ့ ကိုယ့်လုပ်ကွက်လည်းကောင်းမယ့် ဇာတ်မျိုးကို သေချာရွေးချယ်ပြီး ပါဝင် သရုပ် ဆောင်ရိုက်ကူးနေပါတယ်။ လာအပ်တဲ့ဇာတ်လမ်းတွေထဲမှာမှ ကိုယ်က သေချာ လေးစိစစ်ပြီး လက်ခံရိုက်ကူးဖြစ်နေတယ်။ အဓိကကတော့ ဇာတ်ပါပဲ၊ ကာရိုက်တာ အနေနဲ့ကတော့ ကျွန်တော် တို့လည်း အနုပညာသက်တမ်းကြာလာတာနဲ့အမျှ ကာရိုက်တာတွေက ထပ်လာမှာပဲ။ အဲဒီအထဲမှာမှဇာတ်အိမ်ကောင်းတဲ့ ဇာတ်မျိုး ကို ပိုပြီးပါဝင်သရုပ်ဆောင်ရိုက်ကူး ဖြစ်နေပါတယ်”လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here