မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား နောက်ကွယ်က အကြောင်းအရာများ

0
176

ရုံတင်ဖို့ ၄ နှစ်လောက်စောင့် ခဲ့ရတဲ့ မုဒြာရဲ့ခေါ်သံရုပ်ရှင်ဇာတ် ကားကို မတ်လ ၁၆ ရက်နေ့မှ စတင် ပြီး တစ်နိုင်ငံလုံးကို ရုံတင်ပြသတော့ မှာဖြစ်ပါတယ်။ မတ်လ ၁၂ ရက်နေ့ မှာတော့ မုဒြာရဲ့ခေါ်သံ Myanmar Premiere (Red Carpet) ကို ဂျန်း ရှင်းစီးတီးကJCGV ရုပ်ရှင်ရုံမှာပြုလုပ်ခဲ့ပါတယ်။ မုဒြာရဲ့ခေါ်သံ ရုပ် ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ခရစ္စတီးနားခီက ရိုက်ကူးထားပြီး ဇဏ်ခီ၊ လှယဉ်ကျေး၊ နန်းဝေဝေထွန်း တို့က ပါဝင်သရုပ်ဆောင်ထားကြ ပါတယ်။ ဒီဇာတ်ကားက ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ပထမဆုံးရိုက်ကူး တဲ့ ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်ဇာတ်လမ်းရေးသားထားပြီး ဒီဇာတ်ကားရိုက်ကူးဖို့အတွက် အခက် အခဲတွေ အများကြီးရှိခဲ့ကြောင်းကို

”ဒီမုဒြာရဲ့ခေါ်သံကို ၂ဝ၁၃ မှာ ရိုက်ကူးဖို့အတွက်စပြီး ဇာတ်ညွှန်း ရေးပြီးတော့ ၂ဝ၁၄ မှာ ကျွန်မတို့ ဒီလိုအချိန်လေးမှာပဲ စတင်ပြီးတော့ ရိုက်ကူးခဲ့ပါတယ်။ ရိုက်ကူးချိန်၂ လ ကျော် ၃လကြာတဲ့အချိန်မှာ Budget က ကုန်သွားပါတယ်။ ပထမဆုံးစရိုက် ဖို့ ကမ်းလှမ်းခံရတာက ဒီဇာတ်ကား ကို သိန်း ၃ဝဝ နဲ့ ရိုက်မယ်လို့ ဆုံး ဖြတ်ခဲ့တယ်ပေါ့။ ဒါပေမဲ့ သိန်း ၃ဝဝ နဲ့ ဒီရုပ်ရှင်ဇာတ်ကားက မဖြစ်နိုင် ဘူးဆိုတာ သိသိကြီးနဲ့ ကျွန်မဟာ ဒီအလုပ်ကို လက်ခံခဲ့ပါတယ်။ ဘာ ကြောင့် လက်ခံခဲ့တာလဲဆိုတော့ ကျွန်မအနေနဲ့ တအားကို ရိုက်ပြ ချင်လွန်းလို့ပါ။ အဲဒီလိုလက်ခံခဲ့တဲ့ အတွက် ကျွန်မတို့ Team အများကြီး ဒုက္ခတွေ ရောက်ခဲ့ရပါတယ်။ ဘာ ကြောင့် ဒုက္ခရောက်ခဲ့ရလဲဆိုတော့ ဒီမြန်မာပြည်ဟာ တအားဈေးကြီး တယ်။ အဲဒီတော့ ကျွန်မနဲ့ ကျွန်မရဲ့ ရိုက်ကူးရေးအဖွဲ့က မြို့တွေကိုသွား ပြီး စပွန်ဆာတွေ တောင်းရပါတယ်။ အဲဒီလိုတောင်းတဲ့အချိန်မှာ ကျွန်မ ရဲ့ မင်းသားရော၊ မင်းသမီးရောက နာမည်ကြီးမဟုတ်ဘူး။ ကျွန်မ ကိုယ်တိုင်လည်း ဒါရိုက်တာနာမည် ကြီးမဟုတ်တဲ့အတွက် ခက်ခက်ခဲခဲနဲ့ ပြောဆိုခဲ့ရပါတယ်။ ပြီးတော့ တချို့ ဆိုရင်လည်း အနုပညာကြေး အများ ကြီး မရလိုက်ပါဘူး။ နောက်တစ်ခု ကကျတော့ ကုန်ကျစရိတ်ကိုလည်း တစ်အားကြီး ခြိုးခြံရတဲ့အခါကျတော့ တချို့ Crew တွေဆိုရင် ဘုန်းကြီး ကျောင်းတွေမှာတောင် တည်းခဲ့ရပါ တယ်။ အဲဒီ့အတွက်ကြောင့်မို့လည်း များစွာ စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ရုပ်ရှင်လေးကို ပရိသတ်တွေကကြိုက် နှစ်သက်လို့ အောင်မြင်ခဲ့တယ်ဆိုရင် ကျွန်မပြန်လုပ်နိုင်တာ ရှိရင်ပြန်လုပ် ပေးဖို့ စဉ်းစားထားပါတယ်”လို့ မုဒြာ ရဲ့ခေါ်သံရုပ်ရှင်ဇာတ်ကားရဲ့ ဒါရိုက် တာ ခရစ္စတီးနားခီက ဇာတ်ကားနဲ့ ပတ်သက်လို့ပြောပြခဲ့ပါတယ်။

မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကား က ရုံတင်ပြသဖို့အတွက် ရုံစောင့် နေရတဲ့အချိန်မှာတော့ နိုင်ငံတကာ က ရုပ်ရှင်ပွဲတော်တွေမှာ ဝင်ရောက် ပြသခဲ့ပြီး ဆုတွေလည်းရရှိခဲ့ပါတယ်။

“Trailer တင်ကတည်းက ကြိုက်တဲ့ လူလည်းရှိသလို မကြိုက်တဲ့ လူလည်း ရှိပါတယ်။ သဘာဝကျတယ် ဆိုပြီး ကြိုက်တာလည်းရှိတယ်။ သဘာဝအကျလွန်ပြီးတော့ မကြိုက် တာ လည်းရှိတယ်။ ဒါပေမဲ့ လာ ကြည့်ပြီးမှပဲ ကောင်းသည်ဆိုးသည် ဝေဖန်ပေးကြပါ” လို့ အဆိုပါ ဇာတ် ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ လှယဉ်ကျေးက ပြောပြပါတယ်။ ဒီ ရုပ်ရှင် ဇာတ်ကားမှာတော့ မြန်မာ့ နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုပုံရိပ်တွေနဲ့ မြန်မာ့ရိုးရာဓလေ့တွေကို မြင်တွေ့ ခံစားရမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ လှပ တဲ့ရှုခင်းတွေကိုလည်း ကြည့်ရှုရမှာ ဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here