Garuda Battery & Lubricants ရဲ့ Brand Ambassador များ ဖြစ်သွားတဲ့ MMA ချန်ပီယံ အောင်လ အန်ဆန်းနဲ့ သရုပ် ဆောင် မေမြတ်နိုး

0
265

ဈေးကွက်ယှဉ်ပြိုင်မှု ပြင်းထန် တဲ့ မြန်မာ့ဘက်ထရီနဲ့ စက်သုံးဆီ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် Garuda Battery & Lubricants  ကို မြန်မာနိုင်ငံမှာ စတင်မိတ်ဆက် လိုက်ပြီဖြစ်ပါတယ်။Garuda Battery & Lubricants ရဲ့ မိတ် ဆက်ပွဲနဲ့ Brand Ambassador ခန့်အပ်ပွဲကိုတော့မတ်လ ၁၁ ရက် နေ့က နိုဗိုတယ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဂုဏ်ဆောင် MMA ချန်ပီယံ အောင်လအန်ဆန်းနဲ့ သရုပ် ဆောင် မေမြတ်နိုးတို့ကို Brand Ambassador တစ်နှစ်တာခန့်အပ် ဖြစ်ခြင်းအကြောင်းကိုတော့ …

“အခုမြန်မာနိုင်ငံဈေးကွက်မှာအသစ်လို့ပြောလို့ရတဲ့ ကျွန်တော့် တို့ ရဲ့သွင်းကုန်အင်ဂျင်ဝိုင်က ယူအေအီး နိုင်ငံမှာ ထုတ်လုပ်ပြီး ကိုယ်ပိုင်တံ ဆိပ်ဖြစ်တဲ့ Garuda တံဆိပ်နဲ့ မြန် မာနိုင်ငံကို တင်သွင်းဖြန့်ဖြူးရောင်း ချလျက်ရှိပါတယ်။ ကျွန်တော်တို့ဆီ မှာတော့ အင်ဂျင်ဝိုင်အမျိုးမျိုး၊ ဓာတ် ဆီ၊ ချောဆီအမျိုးမျိုးနဲ့ ဘက်ထရီ အားလုံးစုစုပေါင်း ၂၆ မျိုးကို ရောင်း ချလျက်ရှိပါတယ်။ Garuda ဆိုတာ ကတော့ ဂဠုန်နတ်မင်းကိုကိုယ်စား ပြုပါတယ်။ ဂဠုန်နတ်မင်းရဲ့ စွမ်း အင်လိုမျိုးအင်အားပြင်းတဲ့ အားကို ရည်ညွှန်းချင်တဲ့အတွက် ဒီနာမည်ကို ယူထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသား Brand Ambassador အနေနဲ့ အားကစားသမားတစ် ယောက်ကို ပထမဆုံးရွေးချယ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

ခွန်အားပြည့်တဲ့အားကစားသမားတစ်ယောက်ကိုရွေးမှာဖြစ်တဲ့အတွက်မြန်မာ့ဂုဏ်ဆောင်ကိုအောင်လအန်ဆန်းကိုလက်တွဲဖြစ်တာဖြစ်ပါတယ်။အမျိုးသမီးBrand Ambassador ရွေး ချယ်တော့လည်း ငယ်ရွယ်ပြီး သွက် လက်တဲ့အပြင် မော်ဒယ်အရည်အ ချင်းနဲ့လည်း ကိုက်ညီတဲ့မေမြတ်နိုးကို ရွေးချယ်ခဲ့တာပါ”လို့ Garuda Battery & Lubricants မှတာဝန် ရှိသူ ဦးအေးဝင်းကပြောပြပါတယ်။

Brand Ambassador အဖြစ် Garuda နဲ့ အတူ တစ်နှစ်တာ လက် တွဲဆောင်ရွက်မယ့် သရုပ်ဆောင် မေ မြတ်နိုးကလည်း ….

“မြတ်နိုးက အင်ဂျင်ဝိုင် အကြောင်းကို အများကြီးနားမလည် ပေမယ့် ကားတစ်စီးအတွက် အရေး ကြီးဆုံးကတော့ Battery & Lubricants ပါ။ အခုတော့ မြတ်နိုး ကိုယ်တိုင်လည်း Garuda နဲ့အတူ အလုပ်တွဲလုပ်ရတဲ့အတွက်လည်း အများကြီးဂုဏ်ယူပါတယ်။ ညီမ ကိုယ်တိုင်လည်း ကားပျက်ရင်အလုပ် နောက်ကျမှာ။ ချိန်းထားတာ နောက် ကျမှာကိုလည်းစိုးရိမ်တယ်။ Garuda လိုမျိုးအရည်အသွေးမြင့် ပစ္စည်းတွေရှိတော့ဒီလိုတွေစိုးရိမ်စရာမရှိတော့ဘူးပေါ့။နောက်ပြီးကမ္ဘာ့ချန်ပီယံကိုအောင်လအန်ဆန်းနဲ့လည်းဒီလိုအလုပ်အတူတူလုပ်ခွင့်ရတယ်။ ရိုက် ကူးရေးတွေ ပြုလုပ်ခွင့်ရတဲ့အတွက် လည်း ဝမ်းသာပါတယ်”လို့ ပြောပြပါ တယ်။

မြတ်မိုးပွင့်

အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here