ပဲခူးဘုရားပွဲတော်မှာ တင်ဆက်မှုအသစ်တွေ မြင်တွေ့ရမယ်ဆိုတဲ့ မြို့ရွှေမန်းသား ဖိုးချစ်

0
116

အခုနှစ် ပဲခူးဘုရားပွဲတော်ကြီးမှာတော့ မြို့ရွှေမန်းသားဖိုးချစ်တို့ ဇာတ်အဖွဲ့က ၁ဝ ရက်တာ ကပြတင်ဆက်မှာဖြစ် ပါတယ်။ ဖိုးချစ်က ဒီနှစ်မှာလည်း ပြဇာတ်အသစ်၊ အော်ပရာအသစ်တွေနဲ့ ကပြတင်ဆက်မှာဖြစ်ပြီး အခုအချိန်မှာလည်း ပွဲကပြဖို့အတွက်ကြိုတင်ပြင်ဆင်နေပြီလို့ ပြောပါတယ်။

”အားလုံးအသစ်အသစ်တွေ မြင်ရမှာပါ။ နေရာထိုင်ခင်းတွေကအစ အသစ်ပြင်ထားတယ်။ ပဲခူးဘုရားပွဲမှာ လာရောက်ကြည့်ရှုတဲ့သူတွေ သက်သောင့်သက်သာကြည့်ရှုလို့ရအောင် အများကြီးပြင်ဆင် ထားပါတယ်။ အနုပညာအရလည်း ထူးခြားတဲ့အနုပညာလေးတွေ တွေ့ရအောင် ကျွန်တော် အားတဲ့အချိန် အားသလို ပြင်ဆင်နေပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ပဲခူးဘုရားပွဲမှ ရယ်လို့ မဟုတ်ပါဘူး။ တခြားနေရာတွေမှာ ကပြရင်လည်း ပြောင်းဖြစ်ပါ တယ်။ ဒါပေမဲ့ ပဲခူးဘုရားပွဲကတော့ ရက်ရှည်တဲ့အခါကျတော့ တည်ပြီးတော့ ကပြရမှာမျိုးတွေ အများ ကြီးလုပ်ဖြစ်တာပေါ့။ ကျွန်တော်တို့ကတော့ ပဲခူးဘုရားပွဲမှ မဟုတ်ပါဘူး။ တခြားပွဲ တွေလည်း အားထားရပါတယ်။ ဒါပေမဲ့ အရင်ခေတ်လိုတော့ မဟုတ်ဘူးဗျ။ အများကြီး ကြိုးစားရတယ်။ ကိုယ်စိုက်ပျိုးရင် ကိုယ်စိုက်ပျိုးသလောက်ပဲ ရိတ်သိမ်းရတယ်။ ဒါက ပဲခူးဘုရားပွဲမှမဟုတ်ဘူး။ မစိုက်ပျိုးရင် မရိတ်သိမ်းရဘူး” လို့ ပဲခူး ဘုရားပွဲနဲ့ ပတ်သက်လို့ ပြင်ဆင်နေမှုအပိုင်းကို ဖိုးချစ်က ပြောပြပါတယ်။

ပဲခူးဘုရားပွဲမှာတော့ သမုဒယပန်းခင်းဖြတ်သန်းခြင်း၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည်၊ ပုဂံဆိုတာ တစ်ခါတုန်းက နန်းတော်ကြီးပါပဲ၊ အမိ ရွှေလက်တေးပုခက် စတဲ့ အော်ပရာ၊ ပြဇာတ်တွေကို ကပြတင်ဆက်သွား မှာဖြစ်ကြောင်း သိရပါတယ်။ မြို့ရွှေမန်းသားဖိုးချစ်က ပဲခူးဘုရားပွဲတော် ကြီးမှာကပြခဲ့တာ အခုနှစ်နဲ့ဆိုရင် ၁၆ နှစ်ရှိခဲ့ပြီဖြစ်ပြီး အမှတ်တရတွေ လည်း အများကြီး ရှိခဲ့ပြီလည်းဖြစ်ပါတယ်။ အမှတ်တရတွေများစွာထဲက တစ်ခုကတော့ ..”ပဲခူးဘုရားပွဲတော်မှာကတုန်းက ဆေးထိုးမှားပြီးတော့ သတိမေ့ရင်းနဲ့ သီချင်း အပုဒ် ၂ဝ လောက်ဆိုပြီးတော့ တစ်ညလုံးပွဲကဖြစ်တယ်။ နောက်တော့ ကိုရဲအောင်နဲ့ ကိုအောင်ခိုင်တို့ လက်ချင်းချိတ်ပြီးတော့ တွဲခေါ် သွားတာ ပဲခူးမှာအမှတ်တရပါပဲ” လို့ ဖိုးချစ်ကပြောပြပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here