ကျောမွဲ

0
162

ဓားတပြက် တုတ်တပြက် အရပ်ဇာတ်ထဲ
မိအေးနဲ့ အပေါင်းအပါတွေ မျိုးဥပျက်ကျ ကြတယ်။

ဆုံနေကျဘုံဆိုင်ထဲက အော်ဆဲသံ
ဘဝဂ်ထိ ညံနေပြန်တော့
မပြောချင်ပြောချင် ပြောပြရဦးမယ်။

၁၃ နှစ်မပြည့်သေးတဲ့ ငါ့ညီမလေး အိမ်ထောင်ပြုတုန်းက
ဘယ်ပြည်ထောင်စု အစိုးရမှ လက်မှတ်မထိုးဘူး။

အသက် ၄ဝ င့ါအမေ နာမကျန်းဖြစ်တုန်းကလည်း
အနီးအနားက ဆေးမြီးတိုနဲ့ ကုခဲ့တာပဲ။

ငါတို့ဇာတ်ထဲက ကလေးငယ်တွေ
အဖြူအစိမ်းတွေ ပစ်ချပြီး ပြေးတုန်းကရော
ဘယ်သူ့မေတ္တာမှ မခံယူခဲ့ရပါဘူး။

ငါတို့သွားဖို့ ဖြန့်ချထားတဲ့ မြေကြီးပေါ်ကနေ
ငါတို့ဆောက်ထားတဲ့ ငါတို့အိမ်ဆီ
မှောင်မည်းမည်း လမ်းမတွေကို ကျော်ခွ
မိမွေးတိုင်း ဖမွေးတိုင်း လမ်းလျှောက်ပြန်ရင်
ခွေးတစီစီ ဖြစ်တာကလွဲလို့
ဘယ်သူမှ ခရာတစ်ချက် မတွတ်ဘူး။

သူ့လင်နဲ့သူ ငါ့လင်နဲ့သူ
သူ့မယားနဲ့သူ ငါ့မယားနဲ့သူ
ကျူးကျော် စော်ကားဖြစ်တော့ရော
တုတ်ဆွဲ ဓားဆွဲ
မူးရူး ဆဲဆို ကြရုံလောက်နဲ့တင် ပြီးတဲ့
တရားစီရင်ရေးစနစ်နဲ့
ငါတို့အရပ်မှာ ငါတို့ကကြတယ်။

သိပ်အရေးမပါတဲ့ ဘဝတွေပဲ မဟုတ်လား
ဘယ်သူသေသေ ငတေတို့နဲ့ မဆိုင်ပါဘူး။

ယံဇငြိဏ်း


LEAVE A REPLY

Please enter your comment!
Please enter your name here