သရုပ်ဆောင် ခင်ဝင့်ဝါကတော့ လတ်တလောမှာ ကြော်ငြာတွေ ရိုက်ကူး ဖြစ်နေပြီး ပန်ဝါမှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် အောင်ရဲ လင်းနဲ့အတူ ပါဝင်သရုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားနဲ့ပတ်သက်ပြီး ….
“ဇာတ်ကားကတော့ အက်ရှင်၊ ဒရာမာ၊ အချစ်ဇာတ်ကားလေးပါ။ ပြင်ဆင်မှုတွေကတော့ ညီမကာရိုက်တာနဲ့ လိုက်ဖက်တဲ့ အဝတ်အစားပိုင်း တွေပြင်ဆင်နေပါတယ်။ အဓိကတော့ ဒါရိုက်တာနဲ့ ကိုအောင်ရဲလင်းတို့ Idea ပေါ့နော်။ ရိုက်မှာကတော့ နယ်စပ်မှာရိုက်ဖို့များတယ်။ နယ်စပ်မှာရိုက်ကူးတာ ကတော့ ဒါပထမဦးဆုံးပါ။ အဲ့ဒီနေရာတွေကိုလည်း တစ်ခါမှမရောက်ဖူးတော့ စိတ်လှုပ်ရှားတာပေါ့နော်။ အဲဒီနေရာက တအားလည်းလှတယ်။ ရာသီဥတု အခြေအနေကလည်း နှင်းတွေလည်းကျတယ်။ ညီမတို့သွားမယ့် အချိန်ဆို ရင်တော့ ရာသီဥတုက ဘယ်လိုအခြေအနေရှိမလဲတော့ မသိပါဘူး။ အဲဒီ အတွက်လည်း အဝတ်အစားလေးတွေတော့ ကြိုတင်ပြင်ဆင်နေပါတယ်” လို့ပြောပြခဲ့ပါတယ်။
သူမအနေနဲ့ လက်ရှိအနေအထားမှာ ကာရိုက်တာ ရွေးချယ်မှုတွေရှိနေလားလို့ ဆက်လက်မေးမြန်းခဲ့ပါတယ်။ “ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီးတော့ ညီမထွေထွေထူးထူး ရွေး ချယ်တာမရှိပါဘူး။ ပရိသတ်တွေလည်းကြိုက်မယ်။ ညီမအတွက်လည်း လုပ်ကွက်ရှိမယ်ဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်ပါတယ်”လို့ပြောပြခဲ့ပါ တယ်။
အလုပ်တွေများပြီး ကားရိုက်နဲ့နယ်ကို သွားရမှာဖြစ်တဲ့အတွက် အကယ်ဒမီပွဲတက်ဖြစ်မှာမဟုတ်ဘဲ စိနီယာအစ်ကိုတွေအစ်မတွေအတွက် အကယ်ဒမီရင်ခုန်သံကိုလည်း ခုလို ပြောပြခဲ့ပါတယ်။ ‘အကယ်ဒမီပွဲက ဒီနှစ်တော့ ညီမ မတက်ဖြစ်ပါဘူး။ ကားရိုက်တွေ လည်းရှိနေတယ်။ အလုပ်ကိစ္စတွေ လည်းရှိနေလို့ပါ။TV ကနေအားပေး နေမှာပါ။ စီနီယာ အစ်ကိုတွေ အစ်မတွေထဲမှာ ဒီနှစ်အကယ်ဒမီရမယ်လို့ ကြားထားတဲ့လူတွေကတော့ ကိုနေတိုး၊ မအူဝဲတို့၊ မအေးမြတ်သူတို့ အန်တီဆင့် (မေသန်းနု) တို့ ကြားပါတယ်။ အကုန်လုံးလည်း ကောင်း တယ်ဆိုတော့လည်း အကုန်လုံးတော့ ရစေချင်ပါတယ်။ အကယ်ဒမီဆိုတာကတော့ ညီမတို့အနုပညာသမားတွေ အတွက် မှတ်တိုင်တစ်ခုလို့ပြောလို့ရပါတယ်။ အကယ်ဒမီပွဲ ဆိုတာကလည်း ကိုယ့်ရဲ့အနုပညာကိုအသိအမှတ်ပြုတဲ့ ပွဲတစ်ပွဲလည်းဖြစ်တယ်။ အဲ့ဒါကြောင့်လည်း အကယ်ဒမီဆို တာ အနုပညာသမားတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့အရာလို့ လည်း မြင်ပါတယ်” လို့ ခင်ဝင့်ဝါက ပြောပြခဲ့ပါတယ်။
ဇော်ဝင်းအောင်