ဗီဒီယိုဈေးကွက်ပျက်နေတဲ့အချိန်မှာ ဇာတ်ကားတွေကဖန့်ဖို့ စဉ်းစားနေရတယ် ဟိန်းဝေယံ

0
213

ဟိန်းဝေယံက ဇာတ်ကားရိုက်ကူးမှုအပြင်နယ်တွေမှာလည်း သီချင်းဆိုဖြစ်နေပါ တယ်။ လတ်တလောမှာတော့ တစ်ကိုယ်တော်သီချင်းခွေထုတ်ဖို့ အစီအစဉ်မရှိသေး ဘဲ၊ ကိုယ့်ကိုအားပေးကြတဲ့ ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးတွေ့ဆုံချင်တာကြောင့် နယ် တွေမှာ သွားရောက်ဖျော်ဖြေဖြစ်ကြောင်း ဟိန်းဝေယံကဆိုပါတယ်။

“အစ်ကိုနယ်တွေမှာ သီချင်းဆိုတဲ့အခါကျတော့ ကိုယ့်ရဲ့ပရိသတ်ကို ဖျော်ဖြေရာလည်းရောက်တယ်။ ပရိသတ်နဲ့လည်း ရင်းရင်းနှီးနှီးတွေ့ ရတယ်၊ ခရီးလည်းသွားရတယ်။ အစ်ကိုက အခုလိုခရီးသွားရတာကို ကြိုက်တယ်၊ ပျော်လည်းပျော်တယ်”လို့ ဟိန်းဝေယံကပြောပါတယ်။

သူ့ရဲ့လက်ရှိလုပ်ဆောင်နေတဲ့ အနုပညာလှုပ်ရှားမှုတွေအ ကြောင်းနဲ့ပတ်သက်ပြီးလည်း ဟိန်းဝေယံက …

“ကျွန်တော်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေ မထွက်သေးတာ လည်းပါတယ်။ ဒီနှစ်ထဲမှာလည်း ထွက်ရှိဖို့တွေ ရှိပါတယ်၊ မထွက်သေးတဲ့ ဗီဒီယိုဇာတ်ကားတွေကို ထွက်ရှိနိုင်အောင် ကျွန်တော်ကြိုးစားမယ်၊ ဗီဒီယို ဈေးကွက်က ပျက်နေတဲ့ အချိန်မှာ ကျွန်တော်တို့ဇာတ်ကားတွေကို ဘယ်လိုပုံစံမျိုးနဲ့ ဖြန့်ချိမလဲဆိုတာ စဉ်းစားရတယ်။ ပရီစနစ်နဲ့ဖြန့်ချိမလား၊ ဒါမှမဟုတ် ကျွန်တော် တို့ ဖြန့်ချိနေကျပုံစံအတိုင်းပဲ ဖြန့်မလားဆိုတာရှိတယ်၊ တစ် ယောက်နဲ့ တစ်ယောက်ညှိနှိုင်းဖို့တွေရှိပါတယ်။ နောက်ပြီး ကျွန်တော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဒီနှစ်ထဲမှာ ရုံတင်ပြသဖို့ရှိပါတယ်”လို့ ဟိန်းဝေယံက ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here