နှစ်စဉ်နှစ်တိုင်း အကယ်ဒမီ ဆု ပေးပွဲမှာ ကြုံတွေ့ရသမျှ အဖြစ်အပျက်လေး အကြောင်း ပြောပြတဲ့ နန်းခင်ဇေယျာ

0
205

အလှမယ်သရုပ်ဆောင်နန်းခင်ဇေယျာကတော့ မြန်မာ့ရုပ်ရှင်အကယ်ဒမီ ထူးချွန်ဆုပေးပွဲကြီးကို ၂ဝ၁၃ ခုနှစ်က စပြီးနှစ်စဉ်နှစ်တိုင်းလိုလို တက် ရောက်ခဲ့သူဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီဆုပေးပွဲကိုလည်း တက် ရောက်ဖြစ်မယ်လို့သိရပါတယ်။ ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ ဆုရရှိမယ့် စီနီယာအစ်ကို၊ အစ်မတွေကို ကိုယ်တိုင်တက်ရောက်ပြီး အားပေးမှာဖြစ် ကြောင်းကို နန်းခင်ဇေယျာက –

“ကိုယ့်ရဲ့ စီနီယာမမတွေ အစ်ကိုတွေကို အားပေးမှာပါ။ နန်းခင်က အားပေးတဲ့ အနေနဲ့တက်ရောက်တာဆိုတော့ လူတိုင်းကိုရစေချင်ပါတယ်။အကယ်ဒမီဆု ဘယ်သူတွေရမယ်ဆိုတာလည်း ဒီလိုပဲကြားနေရတာပဲ။ ကြားရတဲ့ သူတွေလည်းရ ကြပါစေ။ ဒီနှစ်အကယ်ဒမီမှာ မျှော်မှန်းထားတဲ့သူတွေလည်းရကြပါစေ။ ဒီနှစ် အကယ်ဒမီကတော့ အရင်နှစ်တွေထက် ပိုစည်ကားမယ်ထင်တယ်။ ချီးမြှင့်မယ့် ဆုတွေကလည်းများတော့ အားလုံးပျော်ရွှင်ကြမယ်ထင်ပါတယ်”လို့ ပြောပါတယ်။ နန်းခင်ဇေယျာအနေနဲ့အကယ်ဒမီဆုပေးပွဲကို တက်ရောက်လာခဲ့တာဆိုရင် ၄ နှစ် ဆက်တိုက်ရှိခဲ့ပြီဖြစ်ပြီး အကယ်ဒမီပွဲနဲ့ပတ်သက်လို့ ထူးထူးခြားခြားအဖြစ်အပျက် အမှတ်တရတွေ မရှိခဲ့ပေမယ့် သူနှစ်စဉ်နှစ်တိုင်းကြုံတွေ့ရတဲ့ အဖြစ်အပျက်လေး အကြောင်းကိုတော့ နန်းခင်ဇေယျာက အခုလိုပြောပြခဲ့ပါတယ်။

“ဒီနှစ်တိုင်းကတော့ ကိုယ့်ခုံကို မတွေ့တာနဲ့၊ ကိုယ့်ခုံကို သူများက ထိုင်နေ တာနဲ့။ ပြီးရင် မနှစ်ကဆို ပြည်သူ့ရင်ပြင်ပူပူလောင်လောင်ကြီးထဲမှာ ကိုယ့်ခုံကို လိုက် ပတ်ရှာရတာ အဲဒီလိုမျိုးလေးတွေတော့ရှိပါတယ်။အဓိကကတော့ စီစဉ်တဲ့သူတွေ  စီစဉ် မှုတွေ ပိုပြီးတော့ လုပ်ပေးနိုင်ဖို့လိုအပ်မယ်။ အဓိကကတော့ ထိုင်ရမယ့် ခုံတွေကိုလိုက်ပြနိုင်ဖို့ အနုပညာရှင်တွေ ပရိသတ်တွေလာတာနဲ့ကြိုမယ့်သူတွေက နည်းနေတာပါမှာပေါ့နော် ။အဲဒါကြောင့်မို့ပါရှင့်။  အကယ်ဒမီဆုပေးပွဲဆိုတော့ မြန်မာ့ရိုးရာဝတ်စုံတွေ ဝတ်ဆင်ဖြစ်တယ်။ များသောအားဖြင့် ချိတ်တွေဝတ်ဆင်ဖြစ်ပါတယ်။ဒီနှစ်တော့ ဘယ်လိုလာမလဲ မသိသေးဘူးရှင့်” လို့ သူက ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here