နှစ် ၂ဝ ကျော်သံယောဇဉ်တွေနဲ့ သူငယ်ချင်းတင်ဇာမော် အကြောင်းပြောပြတဲ့ချောစုခင်

0
399

Rockဂီတညီအစ်မနှစ်ဦးဖြစ်တဲ့ ချောစုခင်နဲ့တင်ဇာမော်တို့နှစ်ဦး လက်တွဲလာခဲ့တာဆိုရင် ခုချိန်မှာ တော့ နှစ်ပေါင်း၂ဝ ဝန်းကျင်ရှိပြီတဲ့ ပရိသတ်ကြီးရေ …။ တက်သစ်စအဆိုတော် ပေါက်စဘဝက တည်းကိုက တင်ဇာမော်နဲ့အတူတူလက်တွဲလာခဲ့တဲ့ သံယောဇဉ်တွေ၊ အဆိုတော်ဘဝဖြတ်သန်းလာ ခဲ့တဲ့ အမှတ်တရတွေနဲ့ ချောစုခင်ရဲ့ရင်တွင်းခံစားချက်တွေအကြောင်းကို အခုလိုပြောပြပါတယ်။

”အစ်မအဆိုတော်စဖြစ်ကတည်းက တင်ဇာမော်နဲ့တွဲဖြစ်တယ်။ တွဲလာတာကလည်း အခုချိန် ထိကိုပါပဲ။ အနုပညာသမားတွေဖြစ်တဲ့အတွက် တွေ့တဲ့အချိန်လေးကိုပဲ ဆုံဖြစ်ကြတယ်။ ဒါပေမဲ့ အစ်မတို့ကတွေ့ကြပြီဆိုရင်လည်း စကားတွေရေပက်မဝင်အောင်ပြောကြတယ်။ အနုပညာသည်ချင်း ဖြစ်တဲ့အတွက် သူ့အကြိုက်ကိုယ့်အကြိုက်လေးတွေကလည်းတူတယ်။ တခြားပြောစရာစကားဆိုရင် လည်း topic တူနေတယ်။ နောက်ပြီးအစ်မတို့ ဆက်ပြီးတွဲဖြစ်တာက ဘယ်အကြောင်းအရာတွေ ကြောင့်လဲဆိုရင် ညီအစ်မတွေလိုခံစားချက်ဖြစ်တယ်။ တစ်ယောက်ရဲ့ အားနည်းချက်ကို တစ်ယောက် ကူညီကြတယ်။ တစ်ယောက်နဲ့တစ်ယောက်လည်း လျှို့ဝှက်ချက်တွေမရှိဘူး။ စီးပွားရေး၊ အိမ်ထောင်ရေး၊ လူမှုရေးအားလုံးကို တိုင်ပင်တယ်။ အပြင်သွားတာ၊ ညဘက်အပြင်ထွက်တာကအစ အတူတူပဲသွားကြ တယ်။ တကယ့်ကို ညီအစ်မတွေလိုပဲ ချစ်ခင်လာကြတာကြောင့်ပါ”လို့ ချောစုခင်က ပြောပြပါတယ်။

လတ်တလောမှာ ချောစုခင်ရဲ့ဂီတလှုပ်ရှားမှု အသစ်တွေကတော့ နယ်ဖျော်ဖြေပွဲတွေကိုလက်ခံဖျော်ဖြေ နေတဲ့အပြင် အဆိုတော်ဖြိုးပြည့်စုံနဲ့လည်း သင်္ကြန်သီချင်းတစ်ပုဒ်ကို တွဲဖက်သီဆိုထားပါတယ်။ ချောစုခင်ရဲ့သီချင်းအသစ်တွေ မထွက်ရှိတာလည်း ကြာပြီဖြစ်တဲ့အတွက် စောင့်မျှော်နေတဲ့ ပရိသတ်တွေမကြာခင်နား ဆင်လို့ ရအောင်ပြင်ဆင်နေတဲ့ သီချင်းအသစ်လေးက …”အမှန်တကယ်တော့ အစ်မရဲ့ပရိသတ်တွေက အစ်မကို သီချင်းခွေအသစ်ထွက်ဖို့ တအားပြောကြပါ တယ်။ ဒါပေမဲ့ အစ်မကလည်း ဘာကိုကြောက်လဲဆိုတော့ သီချင်းကို အစ်မ Own Tune လုပ်ချင်တယ်။ နောက်ပြီး တကယ်ကို ပြီးပြည့်စုံဖြစ်တဲ့ သီချင်းမျိုးကိုပဲ ပရိသတ်ကိုပေးချင်တာပါ။ ကိုယ်ကိုယ်တိုင်က ကြေးများနေတာ ကြောင့်လည်းပါပါတယ်။ ဒါကြောင့် လောလောဆယ်တော့ Single တစ်ပုဒ် တည်းထုတ်ဖို့ စိတ်ကူးထားပါတယ်။ အခုခေတ်မှာက သီချင်းတစ်ပုဒ်ဖန်တီးရ တာ မလွယ်ကူသလို အခွေပေါက်ဖို့ဆိုတာကလည်း မလွယ်ကူပါဘူး။ အခုအစ်မအတွက် သီချင်းကလည်း လက်ထဲမှာရနေပြီ။ အစ်မစိတ်တိုင်းကျ အသံသွင်းတော့မယ်။ သီချင်းပုံစံကတော့ ရိုးရိုးလေးပဲ။ ဒါပေမဲ့ ပရိသတ်ရင် ကိုထိစေမယ့် သီချင်းလေးပါ။ အစ်မဆိုနေကျ မဟုတ်တဲ့ သီချင်းလေး၊ ထူးခြား တဲ့ပုံစံလေးကိုလည်းတင်ဆက်ချင်ပါတယ်။ ပရိသတ်တွေအချိန်နည်းနည်းတော့ စောင့်ပေးပါ”လို့ ချောစုခင်ကပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here