ပရိသတ်နဲ့ ရင်ဘတ် ချင်းနီးဦး မယ်လို့ မျှော်လင့်ထားတဲ့ စိုင်းစိုင်းခမ်းလှိုင်

0
249

ရန်ကုန်လား၊ မန္တလေးလား၊ စိုင်းစိုင်းရဲ့Birthday Show အတွက် အစီအစဉ်တွေက လာတော့မယ်နော်။ မနှစ်တုန်းက ရန်ကုန်မှာမလုပ်ခဲ့လေတော့ ရန်ကုန်ပရိသတ်တွေက ရန်ကုန်မှာပွဲလုပ်ဖို့တောင်းဆိုနေကြပြီလို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။ ဘယ်လိုပဲဆိုဆို စိုင်းစိုင်းရဲ့ Birthday Show က သေချာတယ်။ ကြိတ် ကြိတ်တိုးအောင်မြင်ဦး မယ့် ပွဲတစ်ပွဲဖြစ်ဦးမှာပါ။ မွေးနေ့ဖျော်ဖြေပွဲမကျင်းပခင် “စိုင်းစိုင်းရဲ့ စိုင်းစိုင်း” တေးအယ်လ်ဘမ်သစ်ထွက်ရှိမယ့် စိုင်းစိုင်းခမ်းလှိုင်က…

‘ကျွန်တော်အခွေအသစ် မထွက်တာကြာပြီ။ ထိတ်ထိတ်ကြဲနဲ့ ဒီအခွေနဲ့တောင် ၅ နှစ်နီးပါးလောက်ရှိလာပြီဖြစ်တယ်။ ကြားထဲမှာတော့ ကျွန်တော်Single တွေထွက်ဖြစ်တယ်။G.Fattရဲ့အခွေထဲမှာ Single လေးတွေရှိတ်၊ ဘန်နီ့ရဲ့အခွေထဲမှာ ဝိတ်မချပါနဲ့အချစ်စတဲ့ သီချင်းလေး တွေပဲထွက်ဖြစ်ပါတယ်။ အခွေမထွက်တာ နည်းနည်းကြာနေပြီဆိုတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီသီချင်းတွေဟာ အရင်သီချင်းတွေထက် ဆန်းသစ်လား၊ အရင်သီချင်းတွေရဲ့ခြေရာကိုပဲ ဘယ်လိုနင်းရမှာလဲဆို တာကိုပဲ ကျွန်တော့်ကိုယ်ကျွန်တော်တောင်မှ မနှိုင်းယှဉ်တတ်ဘူး ဖြစ်နေပါ တယ်။ ဒါပေမဲ့သေချာတာကတော့ ကျွန်တော့်ပရိသတ်တွေ စောင့်မျှော်နားဆင် ရတဲ့ အခါမှာ ကျွန်တော်တင်ပြထားတဲ့ သံစဉ်စာသားအကြောင်းအရာတွေက ကျွန်တော့်ရဲ့လက်ရှိဖြစ်နေတဲ့ ခံစားချက်တွေ၊ အတွေးအခေါ်တွေ၊ လက်ရှိအမြင် တွေလည်းပဲဖြစ်ပါတယ်။ ပြီးတော့ တောက်လျှောက် ကျွန်တော်နဲ့စိတ်ရော၊ ကိုယ်ပါ ထပ်တူကျခဲ့တဲ့ ကျွန်တော့် ရဲ့ပရိသတ်တွေနဲ့လည်း စိတ်ရော၊ ကိုယ်ပါရင်ဘတ်ချင်းနီး ဦးမယ်လို့ ကျွန်တော့်အနေနဲ့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

 ပရိသတ်နဲ့ရင်ဘတ်ချင်းနီးဦးမယ်လို့ သူကိုယ်တိုင်က မျှော် လင့်ထားတယ်ဆိုတဲ့ စိုင်းစိုင်းရဲ့ အခွေသစ်က ဘယ်လိုပုံစံမျိုး သွားထားလဲလို့ ဆိုတော့…

“လက်ရှိ  Trend  ဖြစ်နေတဲ့ အကြောင်းအရာ၊ လက်ရှိ Trend  ဖြစ်နေတဲ့ မြူးဇစ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့လက်ရှိကျွန်တော်ဓာတ်ကျနေတဲ့ အကြောင်းအရာ၊ ခံစားနေ တဲ့ ခံစားချက်၊ လက်ရှိကျွန်တော့်စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ စာသားတွေ၊ ဒါတွေကို ကျွန်တော်တင်ပြ ထားတာဖြစ်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်ကပြောပြခဲ့ပါတယ်။

     မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here