ခွဲစိတ်ကုသခံယူမှုကို ရှောင်လွှဲလို့ မရခဲ့တဲ့ဆရာဝန်အဆိုတော် ဖြိုးပြည့်စုံ

0
195

သည်းခြေကျောက်တည်နေတာ ၂ နှစ်ရှိပြီဖြစ်တဲ့ အဆိုတော်ဖြိုးပြည့်စုံ တစ် ယောက်ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သွားရောက်ခွဲစိတ်ကုသခဲ့ရာ အောင် မြင်သွားခဲ့ပြီး အခုဆိုရင် အရင်လိုကျန်းကျန်းမာမာနဲ့သီချင်းတွေပြန်ပြီးတော့ သီဆိုဖြစ် နေကြောင်းသိရပါတယ်။ ကျန်းမာရေးဟာလည်း လူတစ်ယောက်အတွက် သိပ်ကိုအရေး ကြီးလှပါတယ်။ ဒါတောင်ဖြိုးပြည့်စုံက ဆရာဝန်တစ်ယောက်၊ သူလို ဆရာဝန်တစ်ယောက် တောင် ဒီလိုမျိုးခွဲစိတ်ကုသမှုခံယူရတယ်ဆိုရင် သာမန်လူတစ်ယောက် အနေနဲ့ကတော့ ကျန်းမာရေးကို ပိုလို့ဂရုစိုက်သင့်လှတာ အမှန်ပါပဲ။

”အခုအများကြီး သက်သာနေပါပြီ။ အဲဒီတုန်းက ၁ဝ ရက်လောက်သွားရတာ။ နောက် တစ်ချက်က အွန်လိုင်းမှာလည်း Activity အနေနဲ့တင်နေကျ၊ အစ်ကိုက တစ်ခုခုဆိုရင်လေ သေးသေးမွှားမွှားလေးကအစ အမြဲတမ်းတင်တတ်တော့ အဲဒီကာလမှာ မတင်ဖြစ်တဲ့အခါ အရင်းနှီးဆုံးဘော်ဒါတွေကအစစိတ်ပူကြတယ်ပေါ့နော်။ Procedure အားလုံးပြီးမှ နေ ကောင်းပါတယ်ဆိုတဲ့ဟာကို သိစေချင်လို့ တင်လိုက်တာဆိုတော့ မတိုင်ခင်မှာတုန်းက ကိုယ် ကိုယ်တိုင်ကလည်း ဘာဖြစ်မယ်မှန်းမသိတော့ မပြောနိုင်သေးဘူးလေ။ အားလုံးပြီးမှ စိတ်အေး ချမ်းသာစွာတင်လိုက်တဲ့အတွက် အားလုံးလည်း စိတ်ချမ်းသာမယ်ထင်ပါတယ်”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

သည်းခြေကျောက်ခွဲစိတ်ကုသတယ်ဆိုတာ ကိုယ်တိုင်ကလည်း ကျန်းမာနေမှ၊ အလုပ်တွေကလည်း အားနေဦးမှ အချိန်အတိုင်းအတာတစ်ခုယူပြီး သွားရောက်ခဲ့ရတာလို့ဆိုတဲ့ ဖြိုးပြည့်စုံက သူသွားရောက်ခွဲစိတ်ကုသခဲ့ရတဲ့ အတွေ့အကြုံတချို့ကို ပြန်လည်ပြောပြပါတယ်။

”ခွဲစိတ်ခန်းဝင်ပြီး ၂၄ နာရီပြီးတာနဲ့ နောက်နေ့မှာ မတ်တတ်ရပ်၊ လမ်းလျှောက်၊ အစား အသောက်တွေစားဆိုတော့ ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကိုယ်အံ့သြတယ်။ မိသားစုဝင်တွေ အားလုံးလည်း အံ့သြကြပါတယ်။ ဆိုတော့ ပရိသတ်တွေ၊ ချစ်ခင်ပေးကြတဲ့ မိဘပြည်သူတွေ၊ ချစ်ခင် ပေးကြတဲ့ ကျွန်တော့်ရဲ့ညီအစ်ကိုမောင်နှမတွေ အားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ မေတ္တာနဲ့ စိတ်ပူပေးကြတဲ့အတွက်ပေါ့။ အခုတော့ တကယ်ကျန်းမာနေပါပြီလို့။ ဆထက်တိုးပြီး တော့လည်း ကြိုးစားမယ်။ အနုပညာအလုပ်တွေ ပိုပြီးလုပ်ချင်တဲ့အတွက်လည်း ကိုယ့်ကိုယ်ကိုယ်ပို ပြီးဂရုစိုက်မိတဲ့အတွက် ကျန်းမာရေးအတွက် မဖြစ်သင့်တာမဖြစ်အောင် သွားရောက်ပြီးတော့ ကုသလိုက်တာပါ။ ရှေ့ဆက်သွားမယ့် ကာလမှာလည်း ကျန်းမာရေးကို ပိုဂရုစိုက်မယ်။ အလုပ်တွေ လည်း ပိုကြိုးစားမယ်လို့ပြောချင်ပါတယ်”လို့ ဖြိုးပြည့်စုံကပြောပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here