ဘဘဗိုလ်ကလေးတင့်အောင်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်သူ ဒါ ရိုက်တာ မောင် မျိုးမင်း (ရင်တွင်းဖြစ် )

0
192

ဒါရိုက်တာ မောင်မျိုးမင်း (ရင် တွင်းဖြစ်)က တစ်ခေတ်တစ်ခါက နာမည်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားငယ်ကျွမ်းဆွေကို နာမည်ကျော် အနုပညာရှင်တွေဖြစ်တဲ့ ပြေတီဦး၊ ကျော်ကျော်ဗို ၊မိုးဟေကိုတို့နဲ့ ပြန် လည်ရိုက်ကူး ပုံဖော်သွားတော့မှာ ဖြစ်ပါတယ်။

“အခု ငယ်ကျွမ်းဆွေဇာတ်ကား ကို ရိုက်ကူးဖို့ ပြင်ဆင်နေပါတယ်။ လာမယ့် နှစ်လအတွင်းမှာ ရိုက်ကူး သွားမှာပါ။ ပြီးခဲ့တဲ့နှစ်ပတ်တုန်းက တော့ ကျုံမငေးဘက်က မီးမျှောပွဲကို ဧရာဝတီမြစ်ထဲမှာ တကယ်သွားရိုက် ကူးခဲ့ပြီးသွားပါပြီ”လို့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ကပြော ပြပါတယ်။

ငယ်ကျွမ်းဆွေဇာတ်လမ်းဟာ ရုပ်ရှင်အဖြစ်ရော၊ ပြဇာတ်အဖြစ် ရော အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းဖြစ် ပြီး အခုဇာတ်လမ်းကို ပြန်လည် ရိုက် ကူးဖြစ်တာကတော့ ဘဘဗိုလ်က လေးတင့်အောင်ရဲ့ ဆန္ဒကြောင့်ဖြစ် တယ်လို့ဆိုပါတယ်။

“ဒီဇာတ်လမ်းကို ရိုက်ကူးဖြစ် တာ ဘဘဗိုလ်ကလေးတင့်အောင် ကြောင့်ပါ။ ဘဘဗိုလ်ကလေးတင့် အောင်ဆိုတာ ကျွန်တော်တို့ရဲ့ ဖခင် ကြီးဆိုလည်း မမှားပါဘူး။ ဖခင်ကြီး ဆိုတာထက် အဘိုးလို့ပြောရင်ပိုမှန် မှာပေါ့။ ဘာကြောင့်လဲဆိုရင် ဘဘက ၉၆ နှစ်ရှိပါပြီ။ ငယ်ကျွမ်း ဆွေဟာ ဘဘရဲ့အောင်မြင်ခဲ့တဲ့ ပြ ဇာတ်တစ်ခုဖြစ်တယ်။ ဘဘအောင် မြင်ခဲ့တဲ့ ရုပ်ရှင်ဇာတ် ကားတစ်ကား ဖြစ်တယ်။ ပြဇာတ်အဖြစ် အကြိမ်အ ကြိမ်ကပြခဲ့ပြီးပြီ။ ရုပ်ရှင်အဖြစ်တော့ ဘဘကတစ်ကြိမ်ပဲ ရိုက်ခဲ့ရသေးတယ် ထင်ပါတယ်။ ဒါပေမဲ့ ဟိုတုန်းကတော့ ဒီဇာတ်ကားကို တစ်ကြိမ်ရိုက်ကူးခဲ့ကြ သေးတယ်။ အဲဒီလိုဖြစ်တဲ့အတွက် အခုအချိန်မှာ ဘဘက ငယ်ကျွမ်းဆွေ ဇာတ်ကားကို ပြန်ရိုက်ကူးစေချင်တယ်။ ရိုက်စေချင်တဲ့အတွက် ဘဘကိုယ် တိုင်ဦးမျိုးကိုရွေးခဲ့တယ်။ တကယ်ကို ကြည်နူးရတယ် တကယ်လည်းပီတိ ဖြစ်ရတယ်။ နောက်ပြီးတော့ ဘဘ ရဲ့အရှိန်အဝါကြီးမားမှုကြောင့် တ ကယ်လည်း တာဝန်ကြီးမယ်ဆိုတာ သဘောပေါက်ပါတယ်။ အဲ့ဒီအတွက် တအားကို ကြိုးစားရမှာပါ။ ဘဘနဲ့ တိုင်ပင်ထားတာတွေရှိပြီးတော့ အ ကောင်းဆုံးဖြစ်အောင် ရိုက်ကူးသွား ပါမယ်။ သရုပ်ဆောင်တွေကိုလည်း ဘဘကိုယ်တိုင်ရွေးချယ်ပေးထားတာ ပါ။ ပရိသတ်အတွက် တာဝန်ကျေ အောင်လည်း အကောင်းဆုံးဖြစ် အောင်ရိုက်ကူးသွားပါမယ်။ ဘဘရဲ့ ဂန္တဝင်မြောက်လက်ရာတစ်ခုဖြစ်တဲ့ အတွက် ကျွန်တော်တို့ ပြန်လည်ဖန်တီး တဲ့အချိန်မှာ ဂန္တ၀င်မြောက်လက်ရာ တစ်ခုမဖြစ်မှာကို အလွန်စိုးရိမ်မိပါ တယ်။ အဲဒါကြောင့် ကိုယ်စွမ်းဥာဏ် စွမ်းရှိသလောက်အစွမ်းကုန်ကြိုးစား သွားပါမယ်။ ပြီးတော့ ဘဘသက်ရှိ ထင်ရှားရှိစဉ်မှာ ကျွန်တော်တို့ရိုက်ကူး ထားတဲ့ ငယ်ကျွမ်းဆွေရုပ်ရှင် ဇာတ် ကားကို ဘဘကိုပြချင်ပါတယ်။ ဘဘ ကိုယ်တိုင်ကြည့်နေတာကို ကျွန်တော် မြင်ချင်ပါတယ်”လို့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) ကပြော ပြခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here