ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးပုံဖော်ထားတဲ့ ‘ထာဝရအမေ’ ရုပ်ရှင်ဇာတ်ကားကြီးက ဒီနှစ်အ ကယ်ဒမီဆုပေးပွဲအတွက် အကယ် ဒမီဆန်ခါတင်စာရင်းဝင်ခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ် ကားမှာ ထပ်ဆင့်အကယ်ဒမီမေသန်း နုကိုအဓိကဇာတ်ဆောင်ဆုရရှိလိမ့် မယ်လို့လည်း ပရိသတ်များက ခန့် မှန်းပေးနေကြပါတယ်။ ရိုက်ကူးပုံ ဖော်သူဒါရိုက်တာတစ်ဦးဖြစ်တဲ့ စင် ရော်မောင်မောင်ကလည်း …
”ထာဝရအမေဆိုတာ ဘဝမှာ အအောင်မြင်ဆုံးဇာတ်ကားပဲလေ။အနုပညာအရရော စီးပွားရေးအရ ရော လူမှုရေးအရရော အောင်မြင်တဲ့ ဇာတ်ကားပါ။ ဘဝကြီးတစ်ခုလုံးမှာ လေ့လာရရှိခဲ့တဲ့ အသိပညာအတတ် ပညာတွေကို ပုံအောပြီး ရိုက်ခဲ့တဲ့ ဇာတ်ကား၊ အထူးသဖြင့် ၁၂ နှစ် ကျော်ဝေးကွာခဲ့တဲ့ မဆင့်နဲ့က သား လေးရဲ့ မေတ္တာရပ်ခံချက်ကြောင့် အကောင်းဆုံးမဆင့်ကို ကျွန်တော် ရိုက်ပေးနိုင်ခဲ့တယ်လေ။တကယ်လို့ များအကယ်ဒမီကို မဆင့်ဆွတ်ခူး သွားမယ်ဆိုရင် သားလေးဘယ် လောက်တောင်ပျော်မလဲပေါ့။ သူ ပျော်ရင် ကျွန်တော်လည်း တအား ပျော်တာပေါ့”လို့ ပြောပြပါတယ်။
ဒီထာဝရအမေ ဇာတ်ကားက သူ့ဘဝအတွက် အအောင်မြင်ဆုံး ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်သလို ဒီဇာတ်ကားအတွက်ကိုလည်း အ ဘက်ဘက်မှ အကောင်းဆုံးနဲ့ အင် တာနေရှင်နယ်တန်းဝင်တဲ့ ရုပ်ရှင် ကားဖြစ်အောင် ဖန်တီးထားခဲ့တာ ဖြစ်ပါတယ်။ ဒီ့အတွက် ဒီဇာတ်ကား နဲ့ပတ်သက်ပြီး အကယ်ဒမီဘယ်နှခုလောက်ရရှိဖို့ခန့်မှန်းထားလဲဆိုတော့ ဒါရိုက်တာ စင်ရော်မောင်မောင်က … ”အဲဒီလိုတော့ ကျွန်တော်မပြော ချင်ပါဘူး။ ကျွန်တော် ဒါရိုက်တာ တစ်ယောက်အနေနဲ့ အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။ ဇာတ်ကားတစ်ခုမှာ လိုအပ်တဲ့ပညာရပ်တွေ အရုပ်တွေ၊ အသံတွေ၊ မြူးဇစ်တွေ ဆက်တင် တွေ၊ အဝတ်စားတွေ၊ ဇာတ်ညွှန်း အချိတ်အဆက်တွေ အကုန်လုံး အ ကောင်းဆုံးလုပ်ခဲ့တယ်။ ဘောလုံး တစ်သင်းလုံးမှာ ရှေ့တန်း၊ အလယ် တန်း၊ နောက်တန်း၊ အားလုံး သူ့နေရာနဲ့သူထူးချွန်တဲ့ ဘောလုံး သမားတွေဖြစ်အောင် နည်းပြတစ် ယောက်အနေနဲ့ အစွမ်းကုန်ကြိုးစား ခဲ့တယ်။ ဘောလုံးအသင်းရဲ့ ပိုင်ရှင် ကလည်း ဘယ်လောက်ကုန်ကုန် ကျွန်တော့်စိတ်တိုင်းကျ အင်တာနေ ရှင်နယ်ဇာတ်ကားဖြစ်အောင် လုပ် ပေးခဲ့တယ်။ အဲဒီ့အတွက် ထိုက် တန်တဲ့ရလဒ်တော့ ရချင်တာပေါ့ဗျာ” လို့ ပြောပြခဲ့ပါတယ်။
ဇင်မာနွယ်
ဓာတ်ပုံ-ဇော်ဝင်းအောင်