‘နင့်ရဲ့’ဆိုတဲ့ ဒုတိယ မြောက် စီးရီးခွေ ထုတ်လိုက်တဲ့ ဆိုဖီယာ

0
256

ဆိုဖီယာရဲ့ဒုတိယမြောက်အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲကို မတ်လ ၁၆ ရက်နေ့က Orchid Hotel မှာ ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ စီးရီးခွေနဲ့ပတ် သက်ပြီးတော့ သူမရဲ့ ကြိုးစားထားပုံ ကိုတော့ …

”’နင့်ရဲ့’အခွေက ဆိုဖီယာရဲ့ ဒု တိယအခွေပါ။ ဒီသီချင်းခွေလေးကို ပြီးခဲ့တဲ့ တစ်နှစ်ကထွက်ဖို့စီစဉ်ထား ပါတယ်။ ဒါပေမဲ့ နည်းနည်း နောက် ကျသွားပါတယ်။ နယ်ပွဲတွေ ဆိုတယ်။ ပြီးတော့ ခရီးတွေသွားနေရလို့ ထွက် ဖို့နောက်ကျခဲ့တယ်။ ဒီအခွေက ပထ မအခွေနဲ့နည်းနည်းကွာတယ်။ ဒီအ ခွေမှာ အဆွေးသီချင်းလေးတွေပါ တယ်။ မိန်းကလေးဘက်က အလွမ်း သီချင်းလေးတွေ ဆိုထားပါတယ်။ သီချင်း ၇ ပုဒ်ပါတယ်။ ဒီသီချင်းခွေကို ပထမအခွေထက် ပိုပြီးမှန်းထားပါ တယ်။ ဘယ်အရာဖြစ်ဖြစ် ကိုယ့်ခံစား ချက်နဲ့ပြုလုပ်တဲ့အရာက ပိုထိရောက် တယ်ထင်တယ်။ ဆိုဖီသီချင်းမဆိုခင် ကတည်းက တေးရေးဆရာတွေကို အချစ်သီချင်းပဲ ဒါပေမဲ့ သူများတွေနဲ့ မတူတဲ့ ပုံစံကိုရေးပေးဖို့ ပြောထားပါ တယ်။ ဆိုဖီအနေနဲ့ ကိုယ်တိုင်လုပ်နိုင် ရင်လုပ်တယ်။ မလုပ်နိုင်ရင်တော့ ထိုင်နေတယ်။ သူများနဲ့တော့ မတူချင် ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပရိသတ် တွေ ကိုယ်တိုင်က ကိုယ့်အခွေကို ပိုက်ဆံပေးပြီး ဝယ်နားထောင်ရတယ်။ အဲဒီအပေါ်မှာ ကိုယ်ပြန်ပေးတဲ့အရာ တစ်ခုက သူများနဲ့တူနေတာဆို ဘာ မှမထူးဘူး။ ပရိသတ်နေရာမှာ ကိုယ် သာဆိုလည်း အဲဒီလိုလူမျိုးကို အား ပေးမှာမဟုတ်ဘူး။ သူများနဲ့ မတူဘဲ ကွဲပြားတဲ့အရာတစ်ခုကိုပဲ မကောင်း ဘူးဆိုရင်တောင်မှ အဲဒီလိုပဲပြချင် ပါတယ်။ ဆိုဖီရဲ့သီချင်းကို ဘယ်လို ပဲ အားပေးအားပေး ဆိုဖီကတော့ ပျော်ပါတယ်။ ဆိုဖီအခွေထုတ်ရခြင်း အဓိကအကြောင်းရင်းက ဆိုဖီရဲ့ အခွေကို စိတ်ကြိုက်ဖန်တီးပြီး ပရိ သတ်ကို ချပြဖို့ပါပဲ”လို့ ပြောပါတယ်။

ဆိုဖီယာရဲ့ ‘နင့်ရဲ့’အခွေကို The Sun Music မှ ထုတ်လုပ်ဖြန့် ချိခဲ့ပြီး Promotion အစီအစဉ်ကို လည်း မတ်လ ၁၈ ရက်နေ့မှာ အ ခြားအနုပညာရှင်တွေနဲ့အတူ မဟာ ဗန္ဓုလပန်းခြံမှာ ပြုလုပ်ခဲ့ပါတယ်။

ချယ်ရီ


LEAVE A REPLY

Please enter your comment!
Please enter your name here