သားနှစ်ယောက်ကြောင့် အဆိုတော်ဝေလျှံ ဘာတွေပြောင်းလဲလာသလဲ

0
215

အဆိုတော် ဝေလျှံနဲ့ မသန့်စင် မွန်တို့ဇနီးမောင်နှံ က အမြွှာသား လေး ၂ ယောက် ကို ပိုင်ဆိုင်ထား သူတွေဖြစ်ပါတယ်။သားအကြီးလေး နာမည်က ဘုန်းသန့် ဝေလျှံကိုလို့ အမည်ပေးထားပြီး သားငယ်လေးကို တော့ ဘုန်းခန့်ဝေ လျှံကိုလို့အမည် ပေးထားပါတယ်။ ဒီအမြွှာသားလေး ၂ ယောက်က အခု ၃ လပိုင်း ၂၁ ရက်နေ့ရောက်ရင်တော့ ၅ လ ပြည့်တော့မှာဖြစ်ပါတယ်။ ဒီအမြွှာ သားလေး၂ ယောက်ရဲ့ ကျန်းမာ ရေးနဲ့ပတ်သက်ပြီး ပြုစုစောင့်ရှောက် ပုံတွေ ကိုတော့ ဖခင်ဝေလျှံက …

”သူတို့ကျန်းမာရေးကို သူတို့ မွေးကတည်းကပြနေတဲ့ ဒေါက်တာ ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်းပဲ အဓိကထား စောင့်ရှောက်ပေးပါ တယ်။ သူတို့က ကျန်းမာရေးကောင်း ပါတယ်။ မွေးကတည်းကနေခုထိ တော့ တစ်ခါမှ မဖျားဖူးသေးဘူး။ ဖျားတာနာတာ မရှိဘူး။ ပြီးတော့ မွေးမွေးချင်းက အမြွှာဖြစ်သွားတဲ့ အတွက် ပေါင်ချိန် သိပ် မပြည့်ဘူး ပေါ့နော်။ကျန်တဲ့ လတွေမှာ ပေါင် ချိန်ပြည့်ဖို့အတွက်ပိုဂရုစိုက် ဖြစ်တယ်။ ကျွန်တော်တို့က ရှေးလူ ကြီးတွေပြောထားခဲ့တဲ့စကားတွေ လည်းမှတ်ယူတယ်လေ။ အဲဒီ စကား လေးတွေအတိုင်းကို တချို့ ဟာတွေ ကျတော့လည်း သူတို့ ဆရာ ဝန်က လုပ်သင့်မလုပ်သင့်မေးပြီး ပြုစု စောင့်ရှောက်ဖြစ်ပါတယ်”လို့ပြော ပါတယ်။ မိဘနေရာကိုရောက်ရှိ သွားပြီဖြစ်တဲ့ အတွက် အဆိုတော် ဝေလျှံရဲ့ပြောင်းလဲလာမှုတွေက…

”သူတို့အတွက် အလုပ်ပိုလုပ် လာတယ်။ အလုပ်က ကျွန်တော့်ဆီ မလာရင်တောင် ကျွန်တော်ကအလုပ် ကို လိုက်ရှာနေရပြီ။ သူတို့အတွက် ပိုကြိုးစားနေရတယ်။ သူတို့ဖြစ်ချင် တဲ့ ဆန္ဒတွေကို လုပ်ပေးရတော့မှာပေါ့ နော်။ ကျွန်တော်တို့ ၂ ယောက်စ လုံးက ကိုယ်ဖြစ်ချင်တာထက်ကို ဒီ သားလေး ၂ ယောက်အတွက်ပဲ ပို စဉ်းစားပေးသွားကြပြီ။ ဒီသားတွေ အတွက်ဆို ၂ ဆ ၂ဆ ပိုကြိုးစားနေ ပါတယ်။ သားတို့ကို ချစ်ခင်ပေးတဲ့ ပရိသတ်ကြီးကိုလည်း ကျေးဇူးတင် ပါတယ်”လို့ ဝေလျှံပြောပြပါတယ်။မိခင်ဖြစ်သူသန့်စင်မွန်ကတော့ သား တွေကို ပညာတတ်ကြီးဖြစ်စေ ချင် သလို သားတို့ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒ တွေကိုလည်း အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် ပံ့ပိုးပေး သွားမှာပါလို့ ပြောပြခဲ့ပါတယ်။

ဇင်မာနွယ်

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here