တစ်နှစ်လောက် ပုံမှန်ပြုလုပ်နေတဲ့ အားကစားကို မယ်လိုဒီ ဘာကြောင့်ရုတ်တရက် ရပ်နားလိုက်သလဲ…?

0
182

သရုပ်ဆောင် မယ်လိုဒီက ကလေးမွေးဖွားပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်ထိန်းသိမ်းမှုကို အဓိကထား တစိုက်မတ်မတ် လုပ်ဆောင်ခဲ့ပြီး အမျိုးသမီးတွေ အားကျရတဲ့ခန္ဓာကိုယ် အလှအပကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လတ်တလောမှာတော့ နေ့စဉ်ပြုလုပ်နေကျ အားကစားလှုပ်ရှား မှုတွေကို ကျန်းမာရေးကြောင့် ရပ်နားထားရတယ်လို့ဆိုပါတယ်။ ဘယ်လိုအခြေအနေကြောင့် ရပ်နားထား ရလဲဆိုပြီးမေးတော့ …

”မျိုးက အရင်ကဆိုရင် တောက် လျှောက်အားကစားလည်းလုပ်တယ်။ အစားအစာကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်မျှတအောင် စားသောက်ပါတယ်။ အခုတော့ အားကစားမလုပ်ဖြစ်တာ ၁၅ ရက်လောက်ရှိပြီ။ မျိုးကို ဆရာဝန်က အားကစားလုပ်တာကို ခဏရပ်နားခိုင်းထားတယ်။ အားကစားလုပ်တာ တအားများသွားတော့ တအားပင် ပန်းလွန်းပြီး ကျန်းမာရေးနည်းနည်း မကောင်းချင်သလိုဖြစ်သွားတာ လည်း ပါပါတယ်။ ဒါကြောင့် ရပ်နားထားရပါတယ်။ မျိုးအားကစားလုပ် လာတာဆိုရင် တစ်နှစ် ကျော်ပါပြီ။Zumba ကတယ်၊ Body Campus ကစားတယ်။ ဒီလို မျိုးလေး ခန္ဓာကိုယ်တစ်ခုလုံးအတွက် မျှတအောင်ကစားပါ တယ်။ တော်တော်များများ မိန်းကလေးတွေကတော့ ခါးဆိုခါး၊ တင်ဆိုတင်၊ ရင်ဆိုရင် မျိုးစုံကစားကြတယ်။ မျိုးက လှချင် တယ်ဆိုတာထက်ကို ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ကျန်း မာနေချင်တာပါ။ အားကစား လုပ်ပြီးတဲ့ အချိန်မှာကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုရှိလာတယ်။ ကျန်းမာတဲ့အခါမှာသွား တာလာတာကအစ ခန္ဓာကိုယ်ကလည်း ပေါ့ပါးလာပါတယ်” လို့ မယ်လိုဒီက ပြောပြပါတယ်။

မယ်လိုဒီက ဇာတ်ကားတွေပြန် လည် ရိုက်ကူးတဲ့ အချိန်မှာ လူငယ် သရုပ်ဆောင် တော်တော်များများနဲ့ တွဲဖက် သရုပ်ဆောင်နေရတာကို မြင်တွေ့ရပါတယ်။ ရိုက်ကူးထားတဲ့ ချူဆီ ဇာတ်ကားမှာလည်း အိချောပို၊ နန်းဆုဦး၊ မေ၊ ကျော်ထက်အောင်စတဲ့ လူငယ် သရုပ်ဆောင် တွေနဲ့ တွဲဖက်သရုပ်ဆောင် ထားပါ တယ်။ ဒီလိုလူငယ်တွေနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ အပေါ်မှာမယ်လိုဒီထားရှိ တဲ့စိတ် နေသဘော ထားက ..”မျိုးက ဘာကို ပဲနှလုံးသွင်းထားလဲ ဆိုတော့ ကိုယ့်လုပ်ဖော် ကိုင်ဖက်တွေရဲ့ အောင်မြင်မှုကိုပဲ မုဒိတာပွားပါတယ်။ကိုယ့်ထက်အသက်ငယ်တဲ့ သရုပ်ဆောင်ညီမ လေး တွေဆိုရင် လည်း အသက်အရွယ်ငယ်သေး ပေမယ့် အချိန်ပြည့် ကြိုးစား နေတာကိုဂုဏ်ယူ ပါတယ်။ ကိုယ်သာ သူတို့အသက်အရွယ်ငယ် သေးတဲ့ အချိန်မှာ သူတို့လောက်လည်းလုပ်နိုင် မှာမဟုတ်သလို၊ အပင်ပန်းလည်း မခံနိုင် လောက်ဘူး။ ဒီကလေးတွေ ကြိုးစားခဲ့လို့ဒီနေရာ ရောက်ရှိလာတာဆိုတော့ ကြိုးစားမှုတွေကို အသိအမှတ်ပြုတယ်။ စိတ်အနှောင့်အယှက် မပေးဘူး။ ကူညီလို့ရတာရှိရင်ကူညီပါမယ်” လို့ မယ်လိုဒီကပြောပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here