ဝတ်မှုံရွှေရည်ပြောတဲ့ အိမ်ထောင်ပြုမယ့် အစီအစဉ်

0
220

မကြာခင်က ဝတ်မှုံရွှေရည်ရဲ့ ညီမဖြစ်သူ နဒီရွှေရည်ရဲ့ မင်္ဂလာပွဲလည်း ကျင်းပပြုလုပ် ခဲ့ပါတယ်။ အခုလို ညီမဖြစ်သူက အိမ်ထောင်ပြုသွားပြီဖြစ်တဲ့အတွက် သူ့ရဲ့ အလှည့်ရော ဘယ်တော့လောက်ဖြစ်မလဲဆိုတာ ဝတ်မှုံရွှေရည်ကို မေးမြန်းကြည့်တော့ …

”နောက်ကားကျော်တက်သွားတယ်ဆိုတာက ကစ်က အနုပညာအလုပ်တွေ ဆက်လုပ် ချင်ပါသေးတယ်။ ပရိသတ်တွေကလည်း ကစ်ကို အခုချိန်မှာ အိမ်ထောင်မပြုစေချင်ပါဘူး။ ပရိသတ်တော်တော်များများရဲ့ အသံ၊ သူတို့ခံစားချက်လေးတွေပါ၊ ကစ် အိမ်ထောင်ပြု သွားမှာ အဲလိုမျိုး surprise လုပ်သွားမှာ သူတို့ တအားကြောက်နေကြတယ်၊ ကစ်အိမ် ထောင်ပြုမယ့်ကိစ္စက သူတို့အတွက် တော်တော်ကို အဆင်မပြေဘူး၊ နောက်ပြီး အလုပ်တွေ ကိုလည်း ကစ် လွတ်လွတ်လပ်လပ်လုပ်ချင်သေးတယ် ဆိုတဲ့အတွက်ကြောင့် ကစ် အိမ် ထောင်မပြုသေးပါဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ နဒီရွှေရည်ရဲ့ မင်္ဂလာပွဲကိုတော့ တစ်ဝမ်းကွဲညီအစ်မဖြစ်တဲ့ ဖွေးဖွေးလည်း တက်ရောက်အားပေးခဲ့ပါတယ်။ အနုပညာ အလုပ်တွေ ကိုယ်စီလုပ်နေကြတဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်တာ တော်တော်ကြာနေပြီဖြစ်ကြောင်းကိုလည်း ဝတ်မှုံရွှေရည်က …

”ဖွေးက ကစ်ညီမလေးမင်္ဂလာဆောင်လာတယ်ပေါ့၊ ဖွေးနဲ့ မတွေ့တာလည်း အတော်ကြာနေပြီ၊ ကိုယ်တွေနှစ်ယောက်က အနုပညာအလုပ်တွေ လုပ်နေကြတာဆို တော့ သူလည်း မအား၊ ကိုယ်လည်း မအားတာနဲ့ မတွေ့ဖြစ်ဘူး၊ သူ့ အိမ်သွားရင်လည်း သူနဲ့ မတွေ့ဖြစ်တာများတယ်၊ ပွဲတွေမှာပဲတွေ့ဖြစ်ကြတယ်၊ သူလာတော့လည်း ဘယ်လိုပဲဖြစ်ဖြစ် အားရှိတာပေါ့၊ ကေးလေးကိုလည်း သူက ချစ်တယ်၊ ကေးလေး ကလည်း သူ့ကိုချစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီအစ်မသုံးယောက် အဲဒီပွဲမှာ ဆုံဖြစ်ကြတယ်။ မတွေ့တာတော်တော်ကြာနေပြီ။ အလုပ်တွေကိုယ်စီနဲ့ ရှုပ်နေ ကြတော့ မတွေ့ဖြစ်တာကြာပြီ”လို့ ပြောပါတယ်။ မကြာခင်ကျင်းပပြုလုပ်တော့ မယ့် ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဆန်ခါတင်ဇာတ်ကား စာရင်း မှာတော့ ဝတ်မှုံရွှေရည်ရိုက်ကူးထားတဲ့ ‘ထာဝရအမေ’ ‘အမှောင်မှာ ရွာချတဲ့ မိုးတိမ်’ဇာတ်ကား ၂ ကား လည်း ပါဝင်နေပါတယ်။ ဒါကြောင့် ဝတ်မှုံရွှေ ရည်ရဲ့ ဒီနှစ်အကယ်ဒမီရင်ခုန်သံကို မေးမြန်းခဲ့ရာ…”ဒီနှစ် အကယ်ဒမီ မှာ ကစ်ရိုက်ထားတဲ့ ဇာတ်ကား ၂ ကားပါတယ်။ ကိုယ်ရိုက်ထားတဲ့ ကားပါတော့လည်း ရင်တော့ ခုန်ပါတယ်။ တခြားသူတွေကိုလည်း ကစ် ရစေချင်ပါတယ်။ အခုသတင်းထွက်နေတဲ့ မအူဝဲ၊ အန်တီဆင့်တို့လည်း တကယ့်ကိုကောင်းကြပါတယ်၊ ဘယ်သူပဲရရ၊ ရတဲ့ သူကိုအားပေးမှာ ပါ”လို့ ပြောပါတယ်။

တွယ်တာ ၊

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here