အနုပညာအလုပ်ကို ဆုံးခန်းတိုင်အောင် လုပ်သွားမယ် သရုပ်ဆောင်မြနှင်းရည်လွင်

0
290

သရုပ်ဆောင် မြနှင်းရည်လွင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘ကြမ္မာနွံ’ဆိုတဲ့ ဇာတ်လမ်းတွဲက မြန်မာ့အသံ MRTV မှာ ထုတ်လွှင့်ပြသနေပါတယ်။ အခုလက်ရှိမှာလည်း MRTV အတွက်  ဇာတ်လမ်းတွဲတစ်ခုမှာ ပါဝင်ရိုက်ကူးနေပါတယ်။ ဧပြီလထဲမှာလည်း နောက်ထပ်ဇာတ်လမ်းတွဲ တစ်ခုမှာ ထပ်မံပါဝင်ရိုက်ကူးဖို့ရှိကြောင်းနဲ့ ဒီနှစ်ထဲမှာ ဇာတ်လမ်းတွဲများ ရုပ်ရှင်ဇာတ်ကားများမှာ အများဆုံးပါဝင်ရိုက်ကူးနေရတယ်လို့ မြနှင်းရည်လွင်က ပြောပြပါတယ်။

”စလုပ်တုန်းက ထဲထဲဝင်ဝင် သိပ်မလုပ်ခဲ့ဘူးပေါ့။ အိမ်ထောင်ကျပြီး နောက်ပိုင်းကျမှ ပိုပြီးလုပ်ဖြစ်တော့ ပိုအားရတယ်။ အမျိုးသားကလည်း ခွင့်ပြု တယ်။ အားပေးတယ်ဆိုတော့ ပိုသဘောကျလာတာ ပိုလုပ်ချင်လာတာပေါ့နော်။ ပြောရမယ်ဆိုရင် ဒီနှစ်က အနုပညာအလုပ်ပိုလုပ်လာရတဲ့ နှစ်ပေါ့နော်။ အဲဒါ ကြောင့် ဒါကိုပဲ ဇောက်ချလုပ်သွားမယ်။ ဒါမြနှင်းရဲ့ ပရော်ဖက်ရှင်နယ် အလုပ် ပေါ့နော်။ ဒါကိုပဲ ဆုံးခန်းတိုင်အောင် လုပ်သွားမယ်။ ဒီအလုပ်နဲ့ ပတ်သက်ပြီး ရည်မှန်းချက်အတွက်ကတော့ ဖြည်းဖြည်းနဲ့ အေးအေးပဲသွားမယ်။တအားဝုန်းဒိုင်းကြီးလည်း မဖြစ်ချင် ဘူး။ ပုံမှန်ပဲကြိုးစားမယ်။ ကိုယ့် အတွက် လုပ်ကွက်ရှိမယ်။ ပညာရတဲ့ ဇာတ်ကားဆိုရင်လက်ခံပြီး ပါဝင်ရိုက်ကူးသွားမယ်။ အဲဒီလိုပဲ အဆင့်ဆင့်သွားမယ်လို့တော့ ရည် မှန်းထားတယ်” လို့ သူက ပြောပါတယ်။ ဝါသနာပါတဲ့ အလုပ်တွေကို စဉ်ဆက်မပြတ် လုပ်ကိုင်လာရတဲ့အတွက် ပျော်ရွှင်ရသလို ခင်ပွန်း သည်ရဲ့ အားပေးမှုတွေကြောင့်လည်း ဒီအလုပ်ကို ပိုပြီးလုပ်ဖြစ်လာ ကြောင်းကို မြနှင်းရည်လွင်က …

”သူက တအားအားပေးတယ်။အမှန်တိုင်းပြောရရင် မြနှင်းက တခါတလေ ပျင်းတာတွေ ရှိသေးတယ်။ သူကတော့ တအားကို အားပေးပြီး လုပ်လုပ်နဲ့ တစ်ချိန်လုံးပြောတယ်။ သူက အဲဒီလိုအား ပေးတော့ ကိုယ်က အားတက်ပြီး ဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူး ဖြစ်တယ်။ မြနှင်းဆို အိမ်ထောင်ကျသွားရင် သရုပ်ဆောင် မလုပ်ရ လောက်ဘူးလို့ ထင်ထားတာ။ အဲဒီလိုမဟုတ်ဘဲ သူကိုယ်တိုင်က ဝါသနာပါ နေတော့ ကိုယ်ဆက်လုပ် ရတယ်ပေါ့နော်။ သူက ဒီအလုပ်နဲ့ပတ်သက်ပြီး စီစဉ်တာလုပ်ရတာကို သူပိုသဘောကျနေတာ”လို့ ပြောပါတယ်။ သရုပ် ဆောင်မြနှင်းရည်လွင်က ၂ဝ၁၄ ခုနှစ်က သူ့ချစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင် သူမရဲ့ အိမ်ထောင်သက်က ၃ နှစ်ကျော်ခဲ့ပြီး ဖြစ်ပါတယ်။

ဇင်မာနွယ် ၊

ဓာတ်ပုံ- မင်းမင်းထွန်း

LEAVE A REPLY

Please enter your comment!
Please enter your name here