Fifth Harmony အဖွဲ့ ရပ်ဆိုင်းလိုက် ကြောင်းတရားဝင်ကြေညာ

0
246

ခြောက်နှစ်တာ လက်တွဲပြီးတဲ့ နောက် Fifth Harmony ရဲ့ အဖွဲ့ ဝင်တွေဟာ လက်တွဲဖြုတ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းရမလားဆိုပြီးတော့ ဆုံးဖြတ်ရခက်နေကြပါတယ်။ သူတို့ တစ်တွေဟာ ၆ နှစ်တာမျှ ပရိသတ်တွေကို လက်တွဲ ဖျော်ဖြေခဲ့ပေမယ့် မတ်လ ၁၉ ရက်နေ့က အဖွဲ့ကို ရပ်ဆိုင်းလိုက်ကြောင်း တရားဝင်ကြေညာခဲ့ပါတယ်။

သူတို့အဖွဲ့ဟာ ၂ဝ၁၈ ခုနှစ်မှာ Holly- wood, Florida,San Juan, Puerto Ricoနဲ့ Reykjavik, Iceland  စတဲ့နေရာတွေမှာ ဖျော်ဖြေပွဲပြုလုပ်ဖို့ရှိသေးတယ်လို့ သိရပါတယ်။

သူတို့အဖွဲ့ဝင်များက ပရိသတ်များအတွက် အခုလို စာရေးသားပေးခဲ့ပါတယ်။“Fifth Harmony” စတင် ဖြစ်တည်လာကတည်းက အားပေးခဲ့ကြတဲ့ ပရိသတ်များကို ကျေးဇူးတင်ပါတယ်။ အချစ်တွေ၊ အားပေးမှုတွေနဲ့ အဖွဲ့ဝင်များဟာ ဆက်လက်ရပ်တည်သွားမှာပါ။ ကိုယ်ပိုင်လမ်းအသီးသီး လျှောက်လှမ်းရာမှာလည်း တစ်ယောက်ကိုတစ်ယောက်ကူညီပေးသွားမှာပါ”လို့ ဆိုထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here