၂ဝ၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရှင်များအား မြန်မာနိုင်ရုပ်ရှင်အစည်းအရုံးက ထပ်ဆင့်ဂုဏ်ပြု

0
240

၂ဝ၁၇ ခုနှစ်အတွက် မြန်မာ့ရုပ် ရှင်ထူးချွန်ဆုရှင်များအား ဂုဏ်ပြုပွဲ အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ ညနေ ၆နာရီက Lotte Hotel မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ဝိုင်း ဝန်းပံ့ပိုးကူညီခဲ့ကြတဲ့ စပွန်ဆာ ကုမ္ပဏီကြီးများအား ဂုဏ်ပြုလက် မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရှင် များကို Life Cosmetics က ရွှေရင် ထိုးနဲ့ ဂုဏ်ပြုဆုငွေကျပ် ၅ သိန်းကို လည်းကောင်း၊Forever Gems by Shwe Nan Taw က ရွှေတစ်ကျပ် သားဆွဲသီးကိုလည်းကောင်း၊ရွှေကတ္တီ ပါ ဖိနပ်က အနုပညာရှင် အတတ် ပညာရှင်များကို ရွှေ ၆ ပဲသားရင် ထိုးကိုလည်းကောင်း၊ ဗိုလ်ကလေး တင့်အောင်ကို ငွေကျပ် ၃ သိန်းနဲ့ ရွှေ ၆ ပဲသားကိုလည်းကောင်း၊ မင်္ဂ လာကုမ္ပဏီလိမိတက်က ဗိုလ်ကလေး တင့်အောင်ကို ငွေကျပ် ၁ဝ သိန်းနဲ့ အနုပညာရှင်၊ အတတ်ပညာရှင်များ ကို ငွေကျပ် ၅ သိန်းစီကိုလည်း ကောင်း၊ JCGV ကုမ္ပဏီက တစ်ဦး လျှင် ငွေကျပ် ၃ သိန်းစီကိုလည်း ကောင်း၊ Paradiso Cineplex က ဗိုလ်ကလေးတင့်အောင်အား ငွေ ကျပ် ၃ သိန်းနဲ့ တစ်ဦးလျှင် ကျပ် ၈ သိန်းစီကိုလည်းကောင်း၊ Mega Ace Cineplex ကလည်း ဂုဏ်ပြုလက်ဆောင်ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပါတယ်။ သြစ တြေးလျနိုင်ငံမှာ သီတင်းသုံးနေ ထိုင်နေတဲ့ ဦးဇင်းကိတ္တိသာရ (ခ) ကျော်ဟိန်းကလည်း ရုပ်ရှင်လောက သားများ သာရေးနာရေး ရန်ပုံငွေ အတွက် ငွေကျပ်သိန်း ၁၅ဝ ကို လှူ ဒါန်းခဲ့ပါတယ်။

ခိုင်ဝေလွင်၊

ဓာတ်ပုံ- အောင်ဇော်မင်း

 


LEAVE A REPLY

Please enter your comment!
Please enter your name here