တောကား မြို့ကား အခေါ်အဝေါ်တွေနဲ့ အနုပညာရှင်များရဲ့အမြင်

0
542

လူမှုကွန်ရက်စာမျက်နှာထက်တွေမှာ အခုရက်ပိုင်းအတွင်း မြန်မာပေါကား၊ တောကား၊ မြို့ကား၊ ရွာကား အစရှိတဲ့စကားသံတွေနဲ့ ဝိဝါဒတွေ ကွဲပြားလျက်ရှိနေပါတယ်။ အဲဒါကြောင့်လည်း ပေါ်ပြူလာဂျာနယ်အနေနဲ့ အနုပညာရှင် အချို့ရဲ့ အမြင်များကို စုစည်းမေးမြန်းဖော်ပြပေးလိုက်ပါတယ်။

ဝါဝါအောင်

 

 

အမှန်တကယ်တော့ တောကား၊ မြို့ကားဆိုပြီး ဝေဖန်ပြောဆိုနေကြ တာဟာ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက် နေကြတာပါ။ အန်တီဝါတို့ အဲ့ဒီထဲမှာ ဝင်မပါချင်ဘူး။ ဒါပေမဲ့ တောကားပဲ ဖြစ်ဖြစ်၊ မြို့ကားပဲဖြစ်ဖြစ် သရုပ် ဆောင်၊ အိုက်တင်တွေ တူတူလုပ်ရတာ ချည်း ပဲ။ ဘာမှကွဲပြားခြားနား သွားတာလည်း မရှိပါဘူး။ ဒါကိုတော ကားက တောကားပေါ့။ မြို့ကားကတော့ မြို့ကားဖြစ်တဲ့အတွက် ဘယ် လိုအဆင့်မီတယ်ဆိုပြီး ပြောနေကြတာတွေဟာ အဆင်မပြေပါဘူး။ အန်တီဝါ့အနေနဲ့ ဒီလောက်ပဲပြော ချင်ပါတယ်။

 

xxxxxxxxxxxxxxxxxxxxxxxxxxxxxxx

အေးအေးခိုင်

 

 

တောကားမြို့ကားပြောကြတဲ့ အပေါ်နည်းနည်းတော့ ခံစားရတာ ပေါ့နော်။ အားလုံးကတော့ သူ့ အမြင် ကိုယ့်အမြင်ပေါ့လေ။လက်ဖ ဝါးကလည်း လက်ဖဝါး လက်ဖမိုးကလည်း လက်ဖမိုးပေါ့နော်။ ဒါပေမဲ့ အရှင်း ဆုံးကတော့ ကိုယ်တွေက ဒီရွာနဲ့ပဲ ကျင်လည်လာခဲ့တော့ ရွာနဲ့ပဲ ပျော် နေတယ်လို့ပဲပြောရမှာပေါ့နော်။ အစ်မဖြစ်စေချင်တာကတော့ ဒီ လောကထဲဝင်လာရင် ချစ်ချစ်ခင် ခင်နဲ့ တိုးတက်အောင်လုပ်ကြ။ ပါးစပ် ကြီးနဲ့တော့ ရမ်းသမ်းမပြောပါနဲ့။ သူတို့တကယ်လို့ဟိုမှာကျောင်းပြီး လို့ လုပ်တယ်ဆို ဟိုမှာသူတို့ဝင် တိုးလေ။ ဟိုမှာမတိုးဘဲနဲ့ ဒီမှာတိုး ရတာ လွယ်တယ်ဆိုပြီး ဘာပဲဖြစ်ဖြစ် ဒီကလူတွေကိုတော့ ရမ်းသမ်းမပြောစေချင်ပါ ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီကလူတွေက ကိုယ်ရဲ့ထမင်းရှင် ကျေးဇူးရှင် တွေလေ။


LEAVE A REPLY

Please enter your comment!
Please enter your name here