ဝေဖန်သံတွေကြားက မြန်မာ့ရုပ်ရှင်ဖန်တီးမှု အခက်အခဲအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ညီညီထွန်းလွင်

0
165

ခု မြန်မာရုပ်ရှင်နဲ့ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများမှား ဝေဖန်မှုတွေမြင့်တက်နေသလို၊ မြန် မာ့ရုပ်ရှင်ရိုက်ကူးမှုတွေအပေါ်မှာလည်း ဂယက်ရိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ နောက်တစ်ဖန် မြန်မာရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုနဲ့ပတ်သက်လို့ ပြောင်းလဲ ချိန်တန်ပြီဆိုတဲ့ စကားသံတွေလည်း ထွက်ရှိလာပါတယ်။ ဒီလိုဝေဖန်သံ တွေအပေါ်မှာတော့ ဟာသဇာတ်ကား တွေများစွာရိုက်ကူးခဲ့တဲ့ ဝါရင့်ဒါရိုက် တာညီညီထွန်းလွင်က အခုလိုပြောပြ ပါတယ်။

”ရွာသားတွေ ရိုက်ရင်တော့ ရွာ ကားပဲထွက်မှာပေါ့ ဟုတ်လား။ အခု အင်တာနေရှင်နယ်ကိုလည်း လှမ်းနေ ကြပြီ။ ဦးတို့ကတော့ ဘာမှအင်တာ နေရှင်နယ်ကိုလည်း မမျှော်မှန်းပါ ဘူး။ ကျွန်တော်တို့ ရွာသားတွေရိုက် တယ်။ ရွာသူရွာသားတွေ ဘဝအမော လေးတွေ ပြေသွားမယ်။ အခက်အခဲ တွေ အကျပ်အတည်းတွေ၊ စားဝတ် နေရေးအဆင်မပြေတာတွေ၊ ပညာ ရေး၊ ကျန်းမာရေး၊ စီးပွားရေး ဘယ် အရေးမှာမှ အဆင်မပြေနဲ့ သိပ်ပြီး စိတ်ချမ်းချမ်းသာသာနဲ့ နေလို့မရတဲ့၊ လူဖြစ်ကျိုးမနပ်တဲ့ နိုင်ငံတစ် နိုင်ငံ မှာ အနည်းဆုံးတော့ နှစ်နာရီလောက် ဘဝအမောတွေပြေသွားလည်း မနည်း ဘူးဆိုပြီး ဦးက ဟာသကားတွေ ရိုက်တယ်။ လူတွေက တစ်နေ့တစ် နေ့စားဝတ်နေရေးနဲ့ လုံးပန်းနေရ တယ်။ အဆင်မပြေဘူး။ လုပ်ငန်း ကိုင်ငန်းတွေမှာလည်း ဒီလိုပါပဲ။ အဲဒီတော့ သိပ်ပြီးမြင့်မြင့်မားမားကြီး ရည်မှန်းချက်မရှိပါဘူး။ ဦးညီတို့က အင်တာနေရှင်နယ်ကို ထိုးဖောက် ဖို့လည်း ဘယ်လိုမှစိတ်ကူးမှရှိခဲ့ဘူး။ နှစ်နာရီလောက် မောပန်းမှုတွေ မေ့ ပျောက်ပြီး ပျော်ပျော်ရွှင်ရွှင်လေးနဲ့ပဲ ရုံထဲက ပြန်ထွက်သွားရင် ကျေနပ် ပါတယ်။ ဒီလောက်ပဲ ရည်မှန်းပြီး ရိုက်တာပါ”လို့ ဦးညီညီထွန်းလွင်က ပြောပြပါတယ်။

လူငယ်မျိုးဆက်သစ်များရဲ့ အ နုပညာဖန်တီးမှုအသစ်များ ပြောင်း လဲသွားတဲ့ ရိုက်ကူးမှု ပုံစံများအပေါ် မှာလည်း ခံစားမှုအသစ်တွေ့ကြုံရတဲ့ အပေါ် ရုပ်ရှင်ချစ်ပရိသတ်များ အ နေနဲ့ အရသာတွေ့အထူးကြိုက်နှစ် သက်ကြပါတယ်။ ဒီလိုဖန်တီးတဲ့ အခါ ငွေကြေးကုန်ကျမှုအပြင်အချိန် အတော်ကြာရိုက်ကူးခဲ့ရပြီး လက်ရှိပုံမှန် ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုတွေ အတွက်ကတော့ အခက်အခဲအချို့ရှိ တယ်လို့ ဒါရိုက်တာညီညီထွန်းလွင်က ဆိုပါတယ်။

”အခုခေတ်ကလေးတွေရဲ့ အ သက်အရွယ်၊ အယူအဆ၊ အတွေး အခေါ်တွေကလည်း အင်တာနေရှင် နယ်ကို လှမ်းသင့်ပါတယ်။ ဦးညီက တော့ အားပေးပါတယ်။ ဦးညီတို့ တုန်းကတော့ နိုင်ငံခြားသွားဖို့ဆို တာက သင်္ဘောလိုက်ရင်လိုက်၊ မလိုက်ရင်အောက်လမ်းက သွားမှပဲ ရတယ်။ ဦးညီတို့ကတော့ ရွာသား တွေပဲပေါ့။ ဘိုကျောင်းလည်း မနေခဲ့ ဘူးလေ။ အခုခေတ်မှာ ရုပ်ရှင်ဆိုရင် လည်း အမေရိကားမှာတက်မလား စင်ကာပူမှာ တက်မလား ရွေးချယ် စရာတွေရှိတယ်။ ဦးညီတို့ဆိုရင် လည်း ဇာတ်ကားတွေဆက်ပြီး မရိုက် တော့ပါဘူး။ မျိုးဆက်သစ်ကလေး တွေ ဝင်ရောက်လာတဲ့အခါမှာ သူတို့ အတွက် အဟန့်အတားတော့မဖြစ်ပါ ဘူး။ ဒါပေမဲ့ ပုံစံမတူတာပေါ့။ တချို့ ကလေးတွေရိုက်ကူးတဲ့ ဇာတ်ကား တွေ တအားကောင်းတယ်။ သူတို့ အင်တာဗျူးတွေကိုကြည့်ရှုရတော့ Rehearsal ကို တစ်ရက်လုပ်ပြီး တော့ ရိုက်ကူးတာကို တစ်ရက်လုပ်တယ် ဆိုတော့ ဦးညီတောင် အံ့သြမိတယ်။ မြန်မာ့ရုပ်ရှင်လောကမှာ တစ်သက် လုံးဒီလိုမလုပ်ဖူးပါဘူး။ တကယ်လို့ သာ အဲဒီလိုရိုက်ကူးနိုင်ရင် တအား ကောင်းပါတယ်။ ဒါပေမဲ့ အခုက မင်းသား၊ မင်းသမီးက ငါးရက်ပေး၊ ခြောက်ရက်ပေးဆိုတော့ တော်တော် မလွယ်ဘူး။ လက်ရှိရုပ်ရှင်လောက အတွက် မဖြစ်နိုင်သေးဘူး။ နာမည် ကြီးတွင်ကျယ်နေတဲ့လူဆိုရင် ရုပ်ရှင် ကို ၁၅ ရက်လောက်နဲ့ ရိုက်ကူးကြရ တယ်။ ဒီလို Rehearsal လုပ်ပြီး ရိုက်ကူးကြမယ်ဆိုရင် ရုပ်ရှင်ကို ရက် ၃ဝ ရိုက်ကူးကြမယ်ဆိုပါစို့။ ပရိုဂျူ ဆာတွေဘက်ကလည်း အရဲစွန့်ပြီး ဇာတ်ကားရိုက်ကူးကုန်ကျစရိတ်တွေ ခံမယ်။ ပုံမှန်ရုပ်ရှင်ရိုက်ကူးတာရဲ့ နှစ်ဆလုပ်မယ်ဆိုရင်တော့ အဆင် ပြေပါတယ်”လို့ ဦးညီညီထွန်းလွင်က ဆက်လက်ပြောပြပါတယ်။

မြတ်မိုးပွင့်


LEAVE A REPLY

Please enter your comment!
Please enter your name here