ရုပ်ရှင်လောကမှအနားယူလိုက်ပြီလို့ ကြော်ငြာလိုက်တဲ့ Lee Tae Im

0
179

မင်းသမီးLee Tae Imဟာ ရုတ်တရက် အနုပညာလောကမှ အနားယူတော့မယ်လို့ သူမရဲ့Instagram မှာစာတင်ခဲ့ပါတယ်။ “ကျွန်မ Tae Im ပါ။ ပရိသတ်တွေနဲ့ အခုတလော အလုပ်များလို့ အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ ကျွန်မ အနုပညာသက်တမ်းတစ်လျှောက် အလွန်ကြိုးစားခဲ့ရပြီး အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ ရင်နာစရာတွေလည်း အများကြီး ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ကျွန်မ သာမန် အမျိုးသမီးတစ်ယောက်လို နေဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ကျွန်မကို တစ်လျှောက်လုံး အားပေးခဲ့ကြတဲ့ ပရိသတ်များကိုလည်း ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး။ ကျေးဇူး တင်ပါတယ်” လို့သူကဆိုထားပါတယ်။သူမရဲ့ အေဂျင်စီကတော့ သူမကို အဆက်အသွယ်ရအောင် ကြိုးစားနေပြီး မင်းသမီး ဘာလို့ အခုလို ကြော်ငြာခဲ့တာလဲဆိုတာ စဉ်းစား မရ ဖြစ်နေကြပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here