ဒိတ်လုပ်နေတာမဟုတ်ကြောင်း အတည်ပြုလိုက်သူ Song Ji Hyo

0
254

မင်းသမီး Song Ji HyoဟာKim Jong Kook နဲ့ ဘယ်တော့မှ ဒိတ်လုပ်မှာ မဟုတ်တဲ့အကြောင်းကိုSBS အစီအစဉ် ဖြစ်တဲ့ My Ugly Duckling မှာ ပြောကြားခဲ့ပါတယ်။ အစီအစဉ် မှာ တင်ဆက်သူများကSong Ji Hyo နဲ့Kim Jong Kook တို့အကြောင်းကို အွန်လိုင်းမှာ ရှာဖွေခဲ့ကြပါတယ်။ အွန်လိုင်းမှာ အရှာများဆုံးကသူတို့နှစ်ဦးရဲ့ လက်ထပ်မယ့် အကြောင်းလို့ သိရပါတယ်။ သူတို့နှစ်ဦးဟာသူငယ်ချင်းတွေ ဖြစ်ကြောင်း၊Kim Jong Kook ကိုလည်း အစ်ကိုလိုပဲ သဘောထားကြောင်း မင်းသမီးက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။Kook ရဲ့ အမေကလည်း သူမရဲ့ ထင်မြင်ချက်ကို အခုလို ဖြေပေးခဲ့ပါတယ်။ “Kim Jong KookကSong Ji Hyo ရဲ့ အကြိုက်မဟုတ်ဘူးထင်ပါတယ်။ သူတို့နှစ်ဦး ပရိုဂရမ်တစ်ခုကို နှစ်ပေါင်းများစွာ အတူတကွ လုပ်ကိုင်လာလို့အခုလို ရင်းနှီးနေတာပါ။ မင်းသမီးကလည်း သူမဟာ လုပ်ဖော်ကိုင်ဖက်တွေပေါ်မှာ စိတ်ဝင်စားမှုမရှိဘူး” လို့အစီအစဉ်တင်ဆက်ချိန်မှာ ပြောကြားခဲ့ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here