သရုပ်ဆောင် နိုင်းနိုင်းပြောတဲ့မြန်မာပေါကားများ အကြောင်း

0
240

နိုင်းနိုင်းဆိုတဲ့ မင်းသားဟာ ရုပ်ရည်ချောမောတယ်။ အရွယ်တင်တယ်။ အရပ်အမောင်းနဲ့ ကာယဗလကလည်း ပြည့်စုံတယ်။ သရုပ်ဆောင်တာလည်း ကောင်းတယ်။ အခုသူက Golden Hour Entertainment နဲ့ ပေါင်းပြီး ရိုက် ထားတဲ့ ရုပ်ရှင်ဇာတ်ကား ၃ ကားထွက်လာတော့မယ်။ အဲဒီကားတွေက အွန်လိုင်းမှာ အမြည်းပြသလိုက်ချိန်မှာတင် ပရိ သတ်ရင်ကိုသိမ်းပိုက်ထားပြီးဖြစ်တဲ့ ‘ဒုဋ္ဌဝတီကိုလွန်၍’၊ နောက်တစ်ကားက နိုင်းနိုင်းအနေနဲ့အပြင်မှာလည်း ဖခင်တစ်ဦး ဖြစ်သလို ရုပ်ရှင်ဇာတ်ကားထဲမှာလည်း သမီးနဲ့ဖခင်မေတ္တာကို ဖော်ကျူးထားတဲ့ ‘ကမ္ဘာနှစ်ထပ်’၊ နောက်တစ်ကားက ‘အဆိပ်ရှိလူရိုင်း’ဆိုတဲ့ Horror Type ရုပ်ရှင်ဇာတ်ကားတို့ပါ။ ဒီဇာတ်ကားတွေက ပရိသတ်တွေကြည့်ဖူးနေကျ ဇာတ်ကား တွေနဲ့တော့ ကွဲထွက်နေတာအမှန်ပါပဲ။

“ဒုဋ္ဌဝတီကိုလွန်၍”ဇာတ်ကားကိုပြောမယ်ဆိုရင် အက်ရှင်ဇာတ် ကားတွေရိုက်ဖူး တဲ့ နိုင်းနိုင်းတောင် ဆန်းသစ်သောခံစားမှုကို ရခဲ့တယ်လို့ဝန်ခံထားပါတယ်။ နိုင်းနိုင်းနဲ့ လက်တွဲထားတဲ့ ဒါရိုက်တာကလည်း လူငယ်ဒါရိုက်တာအာကာ၊ ဇာတ်လမ်းပုံစံတွေ ကလည်းတွေ့ဖူးနေကျ ဇာတ်ကားမျိုးတွေ မဟုတ်ဆိုတော့ နိုင်းနိုင်းတို့ ဇာတ်ကားတွေ ထွက်လာပြီဆိုရင် တကယ်ပဲ မြန်မာရုပ်ရှင်ဇာတ်ကားတွေရဲ့ပြောင်းလဲမှုကိုမြင်တွေ့ရပြီ လားလို့မေးတော့ နိုင်းနိုင်းက..

“ဒါကတော့ ပရိသတ်က အဆုံးအဖြတ်ပေးပါလိမ့်မယ်။ သူတို့ရဲ့ အိုင်ဒီယာလေးကိုလည်းကြိုက်တယ်။ ဇာတ်လမ်းလေးတွေလည်း ကြိုက်တယ်။ အဲဒီအတွက် သူတို့နဲ့လက်တွဲဖြစ်တယ်။ အလုပ်လုပ်လို့ လည်းကောင်းတယ်။ အဲဒီအတွက်ကို ကျွန်တော်တို့ဖန်တီးတဲ့ ဇာတ်ကားကို ပရိသတ်ကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဆုံးဖြတ်လို့မရသေးဘူး။ ဆုံးဖြတ်လို့ မရသေးတဲ့ အခြေအနေဖြစ်နေတာပေါ့နော်”လို့ ပြော ပါတယ်။အခုရုံတင်နေတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ပေါ ကားတွေလို့ဝေဖန်ကြတာတွေရှိတယ်နော်။ ဘယ်လို ဇာတ်ကားမျိုးကို ပေါကားလို့ပြောတာလဲဆိုတာ နိုင်းနိုင်းရဲ့ အမြင်ကို မေးဖြစ်တော့…

“ပေါကားဆိုတာ ဘာကိုဆိုလိုလဲ ကျွန်တော် အခုစဉ်းစားလို့မရဘူးဗျ။ ဟာသ ကားလား။ ဟာသကားဆိုရင်လည်း အခုရုံတင်နေတာ ကျွန် တော်မြင်တာကတော့ တော်တော်များများလည်း အောင်မြင်နေတာ တွေ့ရတာပဲလေ။ ဒါကလည်း ကျွန်တော်တစ်ယောက်တည်းမြင်တာ မဟုတ်ပါ ဘူး။ အားလုံးလည်း မြင်ပါတယ်။ ဒီဟာသကား ကိုပဲ ဇာတ်လမ်းကောင်းကောင်း၊ ကွာလတီ ကောင်းကောင်းနဲ့ထုတ်ရင်ရော…။ ကျွန်တော် ကတော့ ဒါကို မဝေဖန်တတ်ဘူး။ အကြံလည်း မပေးတတ်ဘူး။ ဒါပေမယ်လည်း ကျွန်တော်ကတော့ ကိုယ့်လမ်းကိုယ်အကောင်းဆုံးဖြစ်အောင် လျှောက် တယ်။ ကိုယ့်ဘာသာကိုယ်ကောင်းအောင်လုပ်ကြ တယ်။ အကုန်လုံးနဲ့လည်း လက်တွဲပြီးလုပ်ဖို့အစီ အစဉ်တွေအများကြီးရှိပါတယ်။ ပရိသတ်အနေနဲ့က တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်း မတူကြဘူး။ တစ် ယောက်က အချိုကြိုက်မယ်။ နောက်တစ်ယောက်က အချို ကြိုက်ချင်မှကြိုက်လိမ့်မယ်။ မျှအောင်တော့ ရိုက်ရမှာပေါ့။ အချို ချည်းပဲလည်း ကျွေးလို့မရဘူး။ အစပ်လည်းချကျွေးရမှာပဲ။ အချဉ်လေးလည်း ကျွေးရမှာပဲ။ အဲဒါမှ မျှသွားမှာ။ ကျွန်တော်က တော့ အဲဒီလိုမြင်တယ်”လို့ နိုင်းနိုင်းက ပြောပြခဲ့ပါတယ်။

                                                                                                               မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here