သီချင်းဆိုနေရရင် ပျော်နေတတ်တဲ့ ဇွဲပြည့်

0
191

သူက သရုပ်ဆောင်လည်းလုပ်တယ်။ သီချင်းလည်းဆိုတယ်။ ဇွဲပြည့်ဆိုတဲ့ အနုပညာရှင်ဟာ ရုပ်ရှင်၊ ဂီတ နှစ်ဖက်မျှအောင်သွားနေတဲ့ အနုပညာရှင်တစ်ယောက် လို့ဆိုရမှာပေါ့။ ဂီတဘက်မှာဆိုရင်လည်း တတိယ တစ်ကိုယ်တော်အခွေထွက်ဖို့ တောင် လုပ်နေတဲ့အနေအထားကို ရောက်နေပြီ။ သူပါဝင်သရုပ်ဆောင် ရိုက်ကူး ထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်းရှိတယ်။ ပရိသတ်တွေက ဇွဲပြည့်ကို အဆိုတော် အဖြစ်၊ ဒါမှမဟုတ် သရုပ်ဆောင်အဖြစ် ဘယ်ဘက်အပိုင်းမှာ ပိုသိကြလဲ ဆိုတော့ သရုပ်ဆောင်ဘက်ကို ပိုသိတာအားသာနေတယ်ထင်တယ်လို့ သူက ပြောပါတယ်။ သူ့ရဲ့ လတ်တလောလှုပ်ရှားမှုတွေက ….

”ကျွန်တော် ဒီကြားထဲမှာတော့ ပွဲတွေဆက်တိုက်ရှိပါတယ်။ အဓိက ကတော့ သီချင်းဆိုနေရရင်ပျော်နေတတ်တဲ့ ကျွန်တော့် အဖို့ကတော့ အမြဲတမ်းဆိုနေရတာ အမြဲတမ်းပျော်ရွှင်မှုကို ယူနေရသလိုပါပဲ။ ထူးထူးခြားခြားလေးအနေနဲ့ ဧပြီ ၆ ရက် နေ့မှာဆိုရင်တော့ ‘သရဲဆိုတာ ချိုနဲ့လား’ ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီး ရုံတင်ပြသဖို့ရှိပါတယ်။ အဲဒီဇာတ်ကားမှာ ကျွန်တော်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုရန် လေး (ရန်အောင်)၊ ကိုမင်းမော်ကွန်း၊ ကိုနေဆန်း၊ အန်တီ မို့မို့မြင့်အောင်၊ ယမင်းမေဦးတို့လည်း ပါပါတယ်” လို့ ဇွဲပြည့်က ပြောပါတယ်။ ဇွဲပြည့်ရဲ့ ဖျော်ဖြေပွဲတွေမှာသီဆိုတဲ့ အခါ အတောင်းခံရဆုံး သီချင်းတွေက ဘယ်သီချင်းတွေဖြစ် မလဲလို့မေးတော့…

”အခုလောလောဆယ် ကျွန်တော်သီချင်းဆိုတိုင်း တောင်း ခံရလေ့ရှိတဲ့ သီချင်းတစ်ပုဒ်လည်းရှိပါတယ်။ ဒီလက ၄ လပိုင်း လည်းရောက်တော့မယ်ဆိုတော့ များသောအားဖြင့် သင်္ကြန် သီချင်းလေးတွေ တောင်းကြတယ်။ ကြားထဲမှာတော့ စာချွန်တော် တို့၊ စကားတစ်ခွန်းတို့၊ ချစ်တယ်တို့၊ အပြည်ပြည်ဆိုင်ရာတို့၊ ချယ်ရီ မြေနှင့် သမီးပျိုတို့၊ အဲဒီလိုမျိုးသီချင်းလေးတွေဆိုရတယ်။ တကယ်ဝမ်း သာရပါတယ်။ သီချင်းအဟောင်းတွေချည်း မဟုတ်ဘဲ ကျွန်တော်ဆို ထားတဲ့ Own Tune သီချင်းအသစ်တွေကိုလည်း ဘော်ဒါတွေကြိုက်ကြ တယ်ဆိုတော့ အနုပညာလမ်းကြောင်းပေါ်မှာ ရပ်တည်ရတာ ပိုပြီး ကောင်းမွန်တာပေါ့” လို့ ဇွဲပြည့်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here