အနုပညာသက်တမ်း နုနယ်သေးပေမယ့်လည်း အခုလို အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်ခွင့်ရရှိသွားတဲ့အတွက် တာဝန်ပိုကြီးတယ်လို့ ခံစားနေရကြောင်း ပိုင်ဖြိုးသုကပြော ပါတယ်။ ”လူကြီးတွေက သုကို ပိုပြီးကြိုးစားစေချင်လို့၊ ပို ပြီးတာဝန်ကျေတဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်စေချင်လို့ ဒီဆုကိုချီးမြှင့်တယ်လို့ ထင် ပါတယ်။ သုနောက်ထပ်ရိုက်ခွင့်ရမယ့် ကာရိုက်တာတိုင်းမှာ အစွမ်းကုန်ကြိုးစားပါ့မယ်။ ပရိသတ်အတွက် တာဝန်ကျေတဲ့သရုပ်ဆောင်တစ်ယောက် ဖြစ်အောင် အမြဲတမ်းကြိုးစားပါ့မယ်”လို့ ပြောပါတယ်။ ဇာတ်ပို့ဆုကို ဇာတ်ပို့စစ်စစ်မဟုတ်ဘဲ မင်းသမီး၊ မင်းသားတွေရရှိကြတဲ့ အတွက် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ဒီလို ဝေဖန်မှုတွေအပေါ်မှာတော့ ပိုင်ဖြိုး သုက …
”သုက ကိုယ့်ကိုယ်ကိုယ်တော်တယ်ဆိုတာထက် ကံကောင်းတာ လည်းပါတယ်။ အကယ်ဒမီဆိုတာ တကယ်နတ်ကြီးတော့ ကံ၊ ဥာဏ်၊ ဝီရိယ ၃ ခုလုံးစုံတဲ့အချိန်မှာ ရတာ ပေါ့။ အခုအချိန်မှာ သုကံကောင်းတာကြောင့် ရတာဖြစ်ပါလိမ့်မယ်။ သု နားလည်တဲ့ ဇာတ်ပို့ဆုကကျတော့Best Actor Best Actress in supporting role ဇာတ်တစ်ခုလုံးကို ပို့ပေးတဲ့သူကို ဇာတ်ပို့လို့ခေါ်တယ်လို့ နားလည်ထားပါတယ်။ သုတို့သရုပ်ဆောင်တိုင်းက ဘယ်သူမဆိုအကယ်ဒမီဆုဆိုရင် ဇာတ်ပို့ပဲဖြစ်ဖြစ် ဇာတ်ဆောင်ပဲဖြစ်ဖြစ် အကုန် လုံးလိုချင်ကြတာပါပဲ။ မြတ်နိုးကြတာပဲ။ တန်ဖိုးထားကြတာပဲဆိုတော့ သုလည်း တစ်နေ့နေ့ တစ်ချိန်ချိန်လောက် ဇာတ်ဆောင်ဆုရအောင် ကြိုးစား ပါဦးမယ်” လို့ ပြောပါတယ်။
ပိုင်ဖြိုးသုက သူ့ရဲ့အကယ်ဒမီရွှေစင်ကြယ်ကို အနုပညာပျိုးခင်းမှ ဆရာတွေနဲ့တိုင်ပင်ပြီး ရုပ်ရှင်လောက သားတွေအတွက် လိုအပ်တဲ့ နေရာမှာလှူဒါန်းသွားမှာဖြစ်ပါတယ်။ အခုလိုကိုယ့်ရုပ်ရှင် လောက သားတွေ အတွက် လှူဒါန်းဖြစ်ပုံကိုတော့ ပိုင်ဖြိုးသုက …
”နေ့စဉ်ရှုတင်တွေ လည်ပတ်နေရင်းနဲ့ သုတို့လောကထဲမှာ လို အပ်တဲ့နေရာတွေအများကြီးရှိတယ်လို့ သုမြင်နေရတယ်။ ဥပမာ စက်အဖွဲ့တွေပဲဖြစ်ဖြစ် သူတို့ ပင်ပင်ပန်းပန်းလုပ်နေရတယ်။ ဇာတ်ပို့ဇာတ်ရံ ထဲမှာပဲဖြစ်ဖြစ်ဘဝအလွန်ကြမ်းတဲ့ လူတွေ ပါတယ်။ အဲဒီလိုလူတွေအတွက် တတ်နိုင် သလောက်လေးပေါ့။ သုအရမ်းချမ်းသာနေတာမဟုတ်တဲ့အတွက် အများကြီး မလုပ်နိုင်ဘူး။ ဒါပေမဲ့ ဒီလိုရခဲ့တဲ့ဆုအတွက် တစ်ခုခု ပြန် လုပ်ပေးချင်တယ်။ ဟိုးအရင်ကတည်းက သု စိတ်ထဲမှာ ရှိခဲ့တာက တစ်နေ့နေ့ တစ်ချိန်ချိန်ကျရင် လုပ်ပေး နိုင်တဲ့အချိန်မှာ သူတို့အတွက် လှူချင် တဲ့စိတ်ရှိ ပါတယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်
ဓာတ်ပုံ- အောင်ဇော်မင်း