လမ်းကလေးစီးရီးခွေမှာ အားမရတာတွေ ရှိခဲ့ကြောင်း ရိုးသားစွာ ဖွင့်ဟခဲ့တဲ့ သားငယ်

0
276

သားငယ်နဲ့ လမ်းကလေး၊ လမ်းကလေးနဲ့ သားငယ်။ အဲဒီ နှစ်ခုက တွဲလျက် သားဖြစ်နေတာ သားငယ်သီချင်းဆိုပြိုင်ပွဲ ဝင်ပြိုင်ကတည်းကပေါ့။ အခုဆို သားငယ်ရဲ့ ‘လမ်းကလေး’ စီးရီးခွေလည်း ထွက်ရှိလာခဲ့ပြီးသလို အရောင်းရဆုံးအခွေစာ ရင်းတွေမှာလည်း ပါဝင်နေတယ်။ တစ်ခုပဲရှိတယ်။ သားငယ်စီးရီးခွေ ထွက်တဲ့လက နာမည်ကြီးစီနီယာ အဆိုတော်တွေရော၊ သားငယ်တို့ ပြိုင်ပွဲက အဆိုတော်တွေပါ။ အပြိုင်အဆိုင် စီးရီးခွေတွေထွက်ရှိခဲ့တာဆိုတော့ ဘယ်လိုအခြေအနေ ရှိခဲ့လဲဆိုတာ သားငယ်နဲ့တွေ့မှ အဲဒီအကြောင်း အဓိကထားမေးဖြစ် ခဲ့ရတာပါ။ ”လူတွေအများကြီးထွက်လို့ ထွက်ဖြစ်တာရယ်လည်း မဟုတ်ပါဘူး။ အဲဒီလမှာ ထွက်ချင်လို့ထွက်ဖြစ်တာလည်း မဟုတ်ပါဘူး။ ပရိသတ်ဘက်က ကြည့်ရင်တော့ များများနား ထောင်ရတာပေါ့နော်။ သူ့ပရိသတ်နဲ့ သူသွားကြတာပါ။ ကျွန်တော်တို့ ကျန်တဲ့အပိုင်းကတော့ ဘာမှမရှိပါဘူး။ ထွက်မယ့်လကို တစ်လလောက်ကတည်းက ကျွန်တော်က ကြေညာထားတာဆိုတော့လေ။ ကျန်တဲ့ Artist တွေလည်း ထွက်တော့ ပရိသတ်နားထောင်မယ့်အခွေအများကြီးရတာ ပေါ့” လို့ သားငယ်က အခွေစီးရီးထွက်များတဲ့လမှာ စီးရီးခွေ ထွက်ဖြစ်တဲ့ အကြောင်းကို ပြောပြပါတယ်။ လိုအပ်တာတွေကို ထောက်ပြပေးကြတဲ့အတွက် ပရိသတ်ကို ကျေးဇူးတင်ကြောင်းဆိုတဲ့ သားငယ်ကို ‘လမ်းကလေး’ အခွေမှာ မြူးဇစ်နဲ့ ပတ်သက်လို့ အားမရ ခဲ့တာလေးတွေရှိခဲ့လားလို့ ဆက်လက်မေးဖြစ်တဲ့အခါ…

”ရိုးရိုးသားသားပြောရရင်တော့ အားမရတာတွေတော့ရှိတာ ပေါ့။ နားထောင်ရင်း၊ နားထောင်ရင်းနဲ့ ပိုပိုပြီးတော့ ကိုယ့်ကိုယ် ကိုယ် မြင်လာပါတယ်။ သေချာတာကတော့ တစ်ခုပြီးတိုင်း ကျန်တဲ့ တစ်ခုက အမြဲအားနည်းနေဦးမှာပဲ။ အဲဒီအားနည်းချက်တွေကို နောက် လာမယ့်၊ လာမယ့်အခွေတွေမှာ ဖာထေးပြီးတော့ ထည့်ရမှာပဲ။ ပြီး ပြည့်စုံနေတယ်ရယ်လို့ မရှိနိုင်လောက်ဘူး။ ကျွန်တော်ထင်တာကတော့ လေ။ ဒီဘက်က အနုပညာသမားစစ်စစ်ကြီးတွေကလည်း ပြောဖူးတယ် ဆိုတော့ ကျွန်တော်တို့ ခြေလှမ်းတစ်ခုထက်တစ်ခု ပိုပြီးတော့ ကောင်း အောင်ကြိုးစားရမှာပေါ့”လို့ သားငယ်က ပြောပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here