ဥပဒေဘာသာတွဲကို ဒုတိယနှစ်နဲ့ ကျောင်းပညာသင်ယူမှုကနေရပ်နားပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ ဇေရဲထက်က အခုချိန်မှာတော့ ပညာရေးကို ဆုံးခန်းတိုင်အောင် မသင်ယူခဲ့ရတာကို နောင်တရမိကြောင်း ပြောလာပါတယ်။ လူတစ်ယောက်အတွက် ပညာရေးက အလွန်အရေးကြီးကြောင်းကိုလည်း ဇေရဲထက်က …
”ကျွန်တော်ဆို အမှတ်ကောင်းပြီးတော့ ရေဆင်းလည်း ကျွန်တော် မတက်ခဲ့ဘူး။ အဝေးသင်လိုင်းကိုယူပြီး တော့ ဥပဒေမေဂျာကို တက်ခဲ့တယ်။ ဒုတိယနှစ်မှာ ကျွန်တော်ကျောင်းနားပြီးတော့ ဒီသရုပ်ဆောင်လောကကို ကျွန်တော်ဝင်ရောက်လာ ခဲ့ တယ်။ အုပ်ထိန်းသူတွေက ပညာရေးနဲ့ပတ်သက်လို့ နက်နက်ရှိုင်းရှိုင်းသိတယ်။ ပညာရှိရင် ပညာတတ်ရင် ကိုယ်ခန္ဓာကျိုးပဲ့ပြီး ကိုယ်လက်အင်္ဂါ မကောင်းနေပါစေဦး ကျွန်တော်တို့ လုပ်စားနေရတာကို မေ့နေကြတယ်။ ကျွန်တော်ကိုယ်တိုင် အခုချိန်မှာ ပိုပြီး သိလိုက်ရတာက ကျွန်တော်သာလျှင် ပညာတတ်ခဲ့မယ်ဆိုရင်၊ အင်္ဂလိပ်စကားပြောကို တကယ်နက်နက်ရှိုင်းရှိုင်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ပြောဆိုနိုင်မယ်ဆိုရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ရိုက်ကူးရမှာ။ ရိုက်လည်း ရိုက်ကူး ချင်တယ်။ ကျွန်တော့်ဘက်က အဲဒါအားနည်းတော့ ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ အရင်တုန်းက အချိန်တွေ၊ ပညာမသင်ယူခဲ့ရတဲ့ အချိန်တွေကို ကျွန်တော်နှမြောမိတယ်” လို့ ပြောပါတယ်။ ဒါ့အပြင် ခုခေတ်ပညာရေး အဆင့်အတန်းကလည်း နိမ့်ကျလာတာ မြင်မိကြောင်းကို ….
”ကျွန်တော်တို့ ၁ဝ တန်းလောက်ထိ စာအုပ်ဆိုင် ဆိုတာရှိတယ်။ ကျွန်တော်ဆို စီးပွားရေးနဲ့ပတ်သက်လို့ ‘မြန်မာ့ဓန’မဂ္ဂဇင်းတွေ ဖတ်ဖြစ်တယ်၊ ခုနောက်ပိုင်းမှာက စာအုပ်ဆိုင်တွေ မရှိတော့ဘူး။ စာအုပ်ဆိုင်တွေ ဘာကြောင့်မရှိတာလဲဆိုရင် စာအုပ်မငှားကြလို့ မရှိကြတော့တာ၊ စာအုပ်မငှားကြတာကလည်း စာဖတ်သူမရှိတော့တာနေလိမ့်မယ်။ ကျွန်တော့်အနေနဲ့က ပညာရေးနည်းနည်းနိမ့်ကျ နေတယ်လို့ မြင်မိပါတယ်။ ကျွန်တော့်စိတ်နဲ့ခိုင်းနှိုင်းပြီး ပြောရမယ်ဆိုရင် ပညာရေးနိမ့်ကျသွားလို့သာလျှင် စာဖတ်သူ မရှိလို့ စာအုပ်ဆိုင် မရှိတော့တာပါ”လို့ ဇေရဲထက်က သူ့အမြင်ကို ပြောပြခဲ့ပါတယ်။
တွယ်တာ