ငိုခဲ့ရတဲ့အချိန်တွေကို ဖြတ်သန်းပြီး အကောင်းဆုံးကြိုးစားနေသူ လှယဉ်ကျေး

0
215

လက်ရှိရုံတင် ပြသနေတဲ့ ‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ် ကား ထဲမှာ အဓိကဇာတ်ဆောင် မင်းသမီးအဖြစ် လှယဉ်ကျေးက ပါဝင် သရုပ်ဆောင်ထားလျက်ရှိပြီး ဇာတ်ကားရုံမတင်မီကတော့ ဝေဖန်မှု အသံတွေ အနည်းငယ်ရှိခဲ့ကြပေမယ့်လည်း တကယ်ရုံ တင်ပြသ တဲ့အခါ သရုပ်ဆောင်ထားတဲ့ ကာရိုက်တာနဲ့ လိုက်ဖက်ညီမှုရှိတဲ့ အပြင် ဇာတ်ကောင်ကာရိုက်တာနဲ့ ထပ်တူညီမှုရှိခဲ့တာကြောင့် ပရိသတ်တွေ လက်ခံအားပေးမှု ရှိလာမှုအပေါ် ကြည်နူးဝမ်း သာဖြစ်ရပါကြောင်း လှယဉ်ကျေးက ပြောလာပါတယ်။

လှယဉ်ကျေးဟာ မောင့်အိမ်သူ ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင် ထားခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ကာရိုက်တာတွေကတော့ ကွဲပြားလွန်းတယ် လို့လည်း သူကဆိုပါတယ်။

”မုဒြာရဲ့ခေါ်သံ ဇာတ်ကားက ပေါ်ပြူလာ ဖြစ်နေ တာကြောင့် လှယဉ်ကျေးဆိုပြီးတော့ ပရိသတ် ပိုပြီး သတိထားမိလာတာပါ။ ဒီဇာတ်ကား ရိုက်ကူးတုန်း ကဆိုရင် အဆင်ပြေတာ တွေကော မပြေတာ တွေကော ရှိခဲ့တဲ့အတွက် ငိုရတဲ့အချိန်တွေ တောင် ရှိခဲ့တယ်။ ဇာတ်ကားတစ်ကား လုံးမှာ အင်္ဂလိပ် စကားပြောတာဖြစ် တဲ့အတွက် တစ်ခါတလေ ဒိုင်ယာ လော့ခ်တွေ မေ့ မေ့သွားတယ်။ အဲ့ဒါတွေက ဖိအား များစေခဲ့ တယ်။ ဒါပေမဲ့ အခုတော့ ကြည်နူးမိတယ်။ ကိုယ့် လုပ်ချင်တဲ့ အလုပ်တစ် ခုကို စိတ်နှစ်ကိုယ်နှစ် ပြီးတော့ လုပ်ခဲ့ကြတဲ့အ တွက် ၄ နှစ် ကြာပြီးတဲ့ ဒီအချိန်မှာ မုဒြာရဲ့ခေါ်သံ ရုပ်ရှင်ဇာတ်ကားဟာ ဇာတ်ကား ကောင်းတစ်ကားဖြစ်လာခဲ့ပါပြီ။ မောင့် အိမ်သူတုန်းက ကာရိုက်တာက တစ်မျိုး၊ အခု

မုဒြာရဲ့ ခေါ်သံမှာ ကာရိုက်တာက တစ်မျိုးဖြစ်တဲ့အတွက် အားရမိ တယ်” လို့ လှယဉ်ကျေးက ပြောပြပေးခဲ့ပါတယ်။

အဲ့ဒါကြောင့် လှယဉ်ကျေးက တော့ သူရဲ့မတူတဲ့ ကာ ရိုက်တာ တစ်ခုကို ထပ်မံခံစားမိစေဖို့နဲ့ ရုပ်ရှင် ဇာတ်ကား ကောင်းတစ်ကားကို လာ ရောက်ကြည့်ရှုမိကြဖို့အတွက် အား ပေးကြပါဦးလို့ သူရဲ့ပရိသတ်အတွက် ဖိတ်ခေါ်စကား ခေါ်ခဲ့ပါသေးတယ်။

”အဲ့ဒီအတွက် ပရိသတ်တွေ အနေနဲ့ ဒီဇာတ်ကား လေးကို ကြည့်ရှု ပြီးရင် ဝေဖန်ပေးပါ။Review လေး တွေများများရေးပေးပါ။ ဝန်းရံပေးကြ ပါလို့ ပြောချင်ပါ တယ်။ ထွေလာတွေ တင်ကတည်းက ကြိုက်တဲ့သူတွေရှိ တယ် မကြိုက်တဲ့သူတွေ ရှိတယ်။ သဘာဝကျတယ်ဆိုပြီး ကြိုက်တာလည်း ရှိတယ်။ မကြိုက်တဲ့သူတွေ လည်း ရှိပါ တယ်။ အဲ့ဒါကြောင့် လာ ရောက်ကြည့်ရှု့အားပေးပြီးတော့ ကောင်းသည် ဆိုးသည် ဝေဖန်ပေးကြ ပါလို့ ပြောချင်ပါတယ်” လို့ လှယဉ်ကျေးက ပြောပြပေးခဲ့ပါတယ်။

ထက်လူ၊

ဓာတ်ပုံ- မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here