Now and Ever ရုပ်ရှင်အတွက် ပြင်ဆင်နေပြီဖြစ်တဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ်

0
268

‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်ဇာတ်ကားရဲ့ ဖန်တီးရှင်အမျိုးသမီးဒါရိုက်တာ ခရစ္စတီးနားခီကတော့ သူ့ရဲ့ဇာတ်ကား မုဒြာရဲ့ ခေါ်သံ ရုပ်ရှင်ဇာတ်ကားဟာ ဆုံးပါးသွားခဲ့ပြီဖြစ်တဲ့ သူရဲ့သားလေးကို ပြန်လည်လွမ်းဆွတ်မိစေတဲ့ ရုပ်ရှင်ဇာတ်ကားလေး ဖြစ်တယ်လို့ ဆိုပါတယ်။

သားနဲ့ပတ်သက်တဲ့ ခံစားချက်အချို့ကို ရေးဖွဲ့ထားတဲ့ စာသားလေးတွေဟာလည်း အခုရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်ခ် စာမျက်နှာထက်မှာ ပျံ့နှံ့လာလျက်ရှိပြီး အဲ့ဒီစာသားလေးတွေကိုတော့ လွန်ခဲ့တဲ့တစ်နှစ်က ရေးသားထားခဲ့တာဖြစ်ပြီး အခုရက်ပိုင်းမှ ဖေ့စ်ဘုတ်ခ်မှာ ပြန်လည် ရှယ်ယူပြီး မျှဝေနေကြတာဖြစ်တယ်လို့ ခရစ္စတီးနားခီကတော့ ရှင်းပြပါ တယ်။

“အဲ့ဒီစာသားလေးက ပြီးခဲ့တဲ့နှစ်က သားနဲ့ပတ်သက်ပြီး လွမ်းတဲ့အချိန်တွေမှာ ဘာရယ်မဟုတ်ရေးဖြစ်လိုက်တာ။ အဲ့ဒီတုန်းက မုဒြာရဲ့ခေါ်သံကလည်း ပြသခွင့်မရသေးတဲ့အချိန် တိုက်ဆိုင်စွာနဲ့ရေးသားဖြစ်ခဲ့တဲ့ စာသားလေးတွေပါ။ အဲ့ဒီစာသားလေးတွေကို အခုရက်ပိုင်းကျမှ အစ်မရဲ့အကောင့်ထဲကိုဝင်ပြီးတော့ အဲ့ဒီဟာလေးကို ပြန်ရှယ်ကြလုပ်နေကြ တာပါ။ ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြသနေတဲ့အချိန်ဆိုတော့ အဲ့ဒါလေးကို ပိုပြီးတော့ ရှယ်ကြတာပေါ့။ အမှန် အတိုင်းပြောရရင်တော့ အခုလို ရုံတင်ပြသနေတဲ့အချိန် ရှယ်ကြတော့ အစ်မကိုမျက်ရည်ချူတယ်လို့ အထင်ခံရမှာလည်း ကြောက်မိတယ်။ ဒါပေမဲ့ အဲ့ဒါကို အခုမှလိုက်ဖွက်လိုက်မယ်ဆိုရင်လည်း အပြောခံ ရမှာကို စိုးရိမ်ပြန်ပါတယ်။ အဲ့ဒါကြောင့် ဒီအတိုင်းပဲ ထားထားလိုက်တော့တယ်။ ရေးနေတုန်းကတော့ မိခင်တစ်ယောက်ရဲ့ အမေနဲ့သားရဲ့ ခွဲခွာခြင်းကို စိတ်ထဲမှာဝင်လာတာနဲ့ ရေးသားလိုက်တာပါ”လို့ ခရစ္စတီးနားခီက ပြောပါတယ်။

‘မုဒြာရဲ့ခေါ်သံ’ ရုပ်ရှင်မရိုက်ကူးခင် Pre production ကာလတွေ ဖြစ်တဲ့ လိုကေးရှင်းတွေလိုက် ကြည့်စဉ်တုန်းက သူ့ရဲ့သားဦးလေး ကိုယ်ဝန်လွယ်ထားချိန် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“သူ့ရဲ့ ကိုယ်ဝန်နဲ့အစ်မရောက်ခဲ့ဖူးတဲ့နေရာတွေ အများကြီးရှိခဲ့တယ်။ ပုဂံဘက်မှာဆိုရင် သူ့ရဲ့ ပြာအိုးလေးကို အစ်မသွားပြီးတော့ မျှောခဲ့တာဖြစ်တယ်။ တောင်ကြီး၊ အင်းလေး ဘက် အစရှိသဖြင့် အမှတ်တရတွေ အများကြီးရှိခဲ့တယ်။ အဲ့ဒီတုန်းက ဇာတ်ကိုလည်း ဖီလင်အပြည့်နဲ့ရေးသားဖြစ်ခဲ့တယ်။ သားကိုတော့ နေ့တိုင်းလွမ်းနေမိတယ်”လို့ မျက် ရည်အနည်းငယ်ဝဲပြီး အမှတ်တရတွေကို ပြောပြပေးပါတယ်။

အခုလက်ရှိမှာတော့ ခရစ္စတီးနားခီဟာ Now and Ever ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကို ရိုက်ကူးဖို့စတင် ပြင်ဆင်နေပြီး အဲ့ဒီဇာတ်ကားကတော့ ချစ်ခြင်းမေတ္တာတရားကို ပြသသွားမယ့် ဇာတ်ကားတစ်ကားဖြစ်လာမယ်လို့ အရိပ်အြ>ွမက်ပြောပြပေးပါတယ်။

“ချစ်ခြင်းမေတ္တာဆိုတဲ့နေရာမှာ မုဒြာရဲ့ခေါ်သံထဲက ချစ်ခြင်းမေတ္တာပုံစံမျိုးနဲ့ လည်း မတူစေရဘူး။ လူနှစ်ယောက်ဆုံစည်းခြင်းကနေ စတည်မယ်။ ဘဝတစ်ခုကို စတင်ရင်ဆိုင်ကြမယ့်အချိန် အိုခြင်း၊ နာခြင်း၊ သေခြင်းတွေကိုပါ ရင်ဆိုင်ကြုံရမယ့်အ ခါဖြစ်တည်လာတဲ့ ချစ်ခြင်းတရားတွေကိုပါ ထည့်သွင်းတည်ဆောက်ထားတဲ့ ဒရမ် မာဇာတ်ကား တစ်ကားဖြစ်ပါမယ်”လို့ ခရစ္စတီးနားခီက ပြောပြပေးခဲ့ပါ တယ်။

မြန်မာ့ရုပ်ရှင်အကယ်ဒမီဆုပေးပွဲတက်ရောက်ဖို့ကတော့ ဖိတ်ကြားခံရခြင်း၊ မခံရနိုင်ခြင်းကို မသိသော်လည်း အကယ်ဒမီပွဲကျင်းပမယ့် ရက် ၂၃ ရက်နေ့မှာ နယ် ကို ‘မုဒြာရဲ့ခေါ်သံ’ရုပ်ရှင် ပရိုမိုရှင်းကိစ္စနဲ့ရောက်ရှိနေမှာဖြစ် တဲ့အတွက် ဇနီးမောင်နှံ နှစ်ဦးလုံး အကယ်ဒမီပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့ရင်တောင် တက်ရောက်နိုင်မှာ မဟုတ်ဘူးလို့လည်း သူကပြောပါတယ်။

ထက်လူ


LEAVE A REPLY

Please enter your comment!
Please enter your name here