အကယ်ဒမီဆုရှင်ဘယ်တော့ ဖြစ်လာမလဲဆိုတာကတော့ ကံတရားပါပဲ

0
135

သရုပ်ဆောင် ရွှေမှုန်ရတီက ဒီနှစ်အကယ်ဒမီဆုပေးပွဲ တက်ရောက်တဲ့ဝတ်စုံကို ဒီဇိုင်နာကောင်းမြတ်နဲ့ အချိန်ကာလ ၃ လလောက် ကြိုတင် တိုင်ပင်ခဲ့ပြီး ဒီဇိုင်းထုတ်ခဲ့တာဖြစ်ပါတယ်။ ဒီနှစ်အကယ်ဒမီဆုပေးပွဲမှာ လက်ဝတ်ရတနာက ရွှေကို အဓိကထားပြီး ဝတ်ဆင်မှာဖြစ်တဲ့အတွက် လက်ရက်ကန်းချိတ်အစစ်ကိုမှ ရွှေချည်ငွေချည် ထည့်ရက်ထားတဲ့ ဝတ်စုံလေးပါ။ ဒီဝတ်စုံရဲ့ ရင်ခံမှာကျောက် အစစ်တွေကို သုံးထား တာဖြစ်ပြီး ပဝါမှာဆိုရင်လည်း Swarovski crystals အလုံးရေသိန်းချီပါဝင် ထားပါတယ်။ ဒီဝတ်စုံ လေးဖန်တီး ချုပ်လုပ်ဖြစ်ခဲ့ပုံကိုတော့ ရွှေမှုန်ရတီက …

“ဒီဇိုင်နာကတော့ ဒီလိုမျိုးလေး ဖန်တီးချင်တယ်လို့ ပြောပါတယ်။ အရောင်တွေ ကတော့ ညှိကြတာပေါ့။ သူ့ရဲ့အိုင်ဒီယာကတော့ များပါတယ်။ အကယ်ဒမီပေးပွဲဆိုတာက အနု ပညာရှင်တွေအတွက် တကယ်ကို ပျော်ဖို့ကောင်းတဲ့ပွဲကြီးပါ။ အနုပညာရှင်တွေကို အသိအမှတ် ပြုတဲ့ ပွဲဖြစ်တဲ့အတွက် အလှဆုံးဝတ်လာကြတယ်။ အချင်းချင်းတွေ့ရင် ပျော်ကြတယ်။ ညီမကတော့ အဲဒီလိုပဲ မြင်ပါတယ်။ ဖက်ရှင်တွေကလည်း အဲဒီအချိန်မှာ မိန်းကလေးတွေရော၊ ယောက်ျားလေးတွေပါ ပုံမှန်ထက် ထူးခြားတာတွေ ဝတ်တော့ ပရိသတ်တွေအတွက်လည်း အမြင်ဆန်းစေပါတယ်”လို့ ပြောပါတယ်။
ဒီနှစ်အကယ်ဒမီ ဆုစာရင်းဝင်ဇာတ်ကားတွေထဲမှာတော့ ရွှေမှုန်ရတီ အတွက် ရင်ခုန်စရာ အခွင့်အရေးနည်း နေပါသေးတယ်။ အနုပညာသက်တမ်းနုနယ် သေးပေမယ့်လည်း ရုပ်ရှင်ဇာတ်ကားတွေ များစွာပါဝင် ရိုက်ကူးနေရတဲ့ မင်းသမီး တစ်ဦးအနေနဲ့ အကယ်ဒမီ ဆုရှင် ဖြစ်လာဖို့ ကိုယ့်အလှည့် ဘယ် တော့ရောက်ရှိလာမလဲဆိုတာကို မေးကြည့်တဲ့အခါမှာတော့ ရွှေမှုန်ရတီက …

“အကယ်ဒမီဆိုတာကို အနုပညာရှင်တိုင်း လို ချင်ကြပါတယ်။ ညီမအနေ နဲ့လည်းလိုချင်တဲ့အရာ တစ် ခုပါ။ အနု ပညာသမားတိုင်း လည်း တအား တန်ဖိုးထားရတဲ့ ရွှေစင် ရုပ်တုပေါ့။ အားလုံးကလည်း အကယ် ဒမီရရှိဖို့အတွက် ကြိုးစားနေကြတယ်။ ဒါက ညီမ တို့ရဲ့ ပန်းတိုင်လို့ ပြောလို့ရ ပါတယ်။ ညီမလည်း အကောင်းဆုံး ကြိုးစားနေပါတယ်။ ညီမအလှည့် ဘယ်တော့ရောက်ရှိလာမလဲဆိုတာက တော့ ကံတရားပါပဲ”လို့ ရွှေမှုန်ရတီ က ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here