ရွှေကြာရဲ့ အခြေအနေအကြောင်း ဒါရိုက်တာဝိုင်း ပြောပြ

0
146

ပြည့်တန်ဆာတွေရဲ့ ဘဝအ ကြောင်း ဒါရိုက်တာဝိုင်း ရိုက်ကူး ပုံဖော်ထားတဲ့ ‘ရွှေကြာ’ရုပ်ရှင်ဇာတ် ကားကတော့ ပထမပတ်မှာတင် ရုံ ပြည့်ရုံလျှံအားပေးမှုရရှိနေပြီးအောင် ပွဲခံလျက်ရှိပါတယ်။ ၂ဝ၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့တဲ့ ‘ရင်ဘတ်ထဲက ဓား’ ရုပ်ရှင်ဇာတ်ကားဟာ ဝင်ငွေအ ကောင်းဆုံးစံချိန်တစ်ခုရခဲ့သလို ‘ ရွှေ ကြာ’ ရုပ်ရှင်ဇာတ်ကားဟာလည်း ဒီ စံချိန်နဲ့ မတိမ်းမယိမ်းမှာပဲ ရှိပါတယ် လို့ ဒါရိုက်တာဝိုင်းက ဆိုပါတယ်။ ဒါ ရိုက်တာဝိုင်း ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ် ကားတွေဟာ ပရိသတ်နဲ့ အစပ်အ ဟပ်တည့်ပြီး အားပေးမှုတွေလည်း အထူးရရှိခဲ့ပါတယ်။ ပထမပတ် အတွင်းမှာပဲ ‘ရွှေကြာ’ကို ပရိသတ် တွေ စိတ်ဝင်စားမှု ရှိကြတဲ့အပေါ် ဒါရိုက်တာဝိုင်းက …

“ဝမ်းသာပါတယ်။ အခုခေတ် ရုံတွေများပြားလာတဲ့အခါမှာ အရင် လို ဘိုကင်စနစ်မရှိတော့ဘူး။ ဘိုကင် စနစ်မရှိတဲ့ကြားထဲကကို သူ့ရဲ့ ဘို ကင်က ဒီလောက်ထိဖြစ်သွားတယ် ဆိုတာ ပြည်သူဘယ်လောက်ထိ စိတ် ဝင်စားမှုမြင့်တက်နေလဲဆိုတာ သက် သေပါပဲ။ ပထမပတ်ပြီးတဲ့အချိန်မှာ လည်း Box Office hit ပါ။ ဝင်ငွေ အကောင်းဆုံးစံချိန်တစ်ခုကို ရရှိ ထားပါတယ်။ ပိတ်ရက်ပါမှသာလျှင် ဒီလိုစံချိန်မျိုး ရနိုင်မယ်။ ကျွန်တော် တို့ ဇာတ်ကားက ပိတ်ရက်မပါဘူး။ ဒါကို အေးအေးဆေးဆေးပဲ။Box Office ဆိုတာ ပြည်သူလူထု ဒီတစ် ပတ်အတွင်းမှာကို သိန်းနဲ့ချီပြီး ကြည့် သွားတယ်ဆိုတာကို ကျွန်တော် စာ ရင်းဇယားနဲ့ ခိုင်ခိုင်မာမာပြောနိုင်ပါ တယ်။ ရွှေကြာကို လူတွေ ကြိုက်ကြ ပါတယ်” လို့ ပြောပါတယ်။

ဒီဇာတ်ကားက သူအရင်က ရိုက်ကူးတဲ့ဇာတ်ကားတွေနဲ့ ကွဲပြား မှု ရှိတာကြောင့် စိုးရိမ်နေခဲ့ပေမယ့် လည်း ပရိသတ်တွေရဲ့ အားပေးခြင်းခံ ရတဲ့အပေါ် ဒါရိုက်တာဝိုင်းက ..

“ဒီဇာတ်ကားမှာ ကျွန်တော် အမှန်အတိုင်းပြောရရင် Entertainment ဘက်ကို ရွှေကြာက သွားထားတာပါ။ သို့သော်ငြားလည်း ပြည်သူတွေက ကြည့်တတ်လာတယ်။ လူလူချင်းခွဲ ခြားဆက်ဆံခံရမှု၊ လူလူချင်းလှောင် ပြောင်ကဲ့ရဲ့မှု၊ လူလူချင်း အထင်သေး မှုတွေကို ရွံရှာလာတယ်ဆိုတာ ဒီ ဇာတ်ကားကို ကြိုက်တဲ့ ပရိသတ် တွေက သက်သေပြနေပါတယ်။ ကျွန်တော်အရင်ဇာတ်ကားတွေလို Entertainment အများကြီးထည့် မထားဘူး။ ဇာတ်ကားစစချင်း ရုံတင်တုန်းက ကျွန်တော်စိုးရိမ် တယ်။ ဒါပေမဲ့ ကျိန်းသေတာ တစ်ခုကကျွန်တော်တို့ရဲ့ အား ထုတ်မှုအနုပညာ အရည် အ သွေးကောင်းတယ်။ ပြီး တော့ ဇာတ်ကားရုံတင်တဲ့အခါမှာ ပရိသတ်ရဲ့ အသံတအား ကောင်းတယ်။ တအားကြိုက် တယ်ဆိုတဲ့ အသံနဲ့ နောက်လူ တွေကို ခေါ်ပြီး တစ် ယောက် လက်တစ်ယောက် ချိတ် ပြီး ဒီဇာတ်ကားကို လာကြည့် ကြတာ ပွဲစဉ်တိုင်း ရုံပြည့် သွား ပါတယ်။ သောကြာ၊ စနေ၊ တနင်္ဂ နွေမှာတစ်နိုင်ငံလုံးနီးပါး ရုံပြည့်ပါတယ်”လို့ ပြောပါတယ်။

ခိုင်ဝေလွင်


LEAVE A REPLY

Please enter your comment!
Please enter your name here