အဆိုတော် ဝိုင်းလေးကတော့ မကြာသေးမီက ‘ဝိုင်း’ လို့အမည်ပေး ထားတဲ့ တစ်ကိုယ်တော်တေးစီးရီး လည်း ထွက်ရှိခဲ့ပြီးဖြစ်ပါတယ်။ တေး စီးရီးမှာပါရှိတဲ့ သီချင်း တချို့ကိုလည်း MTV ရိုက်ကူးပြီး Online ပေါ်မှာ တင်ပေးထားပြီးဖြစ်ပါတယ်။ သူမရဲ့ ဒုတိယ မြောက် တေးစီးရီးဖြစ်တဲ့ ‘ဝိုင်’ တေးစီးရီးထွက်ရှိပြီးနောက် ပရိသတ်ရဲ့ တုံ့ပြန်မှု ကိုလည်း ခုလို ပြောပြခဲ့ပါတယ်။
“ဝိုင်း တေးစီးရီးထွက်ရှိပြီးတော့ သီချင်းတွေကို ပရိသတ်တွေကြိုက်ကြ တယ်။Share ပေးကြတာ လည်း တွေ့ရတယ်။ အဆွေးသီချင်းတွေ ကြိုက်ကြ တယ်။ တစ်ဖက်သတ်အချစ် ဆိုတဲ့ Music Video လေးကိုလည်း Online မှာတင်ပေးထားပါတယ်။ အဲ့ဒါကိုလည်း ပရိသတ်တွေ ကြိုက် ကြတယ်။Share ပေးကြတယ်။ ကြည်နူးတဲ့လူတွေလည်း တအားများ တယ်ဆိုတော့ ဒီဒုတိယခွေက ပရိ သတ်နဲ့ထပ်တူကျတယ်လို့ ခံစားရလို့ တအား ပျော်နေပါတယ်။ ဝိုင်းလေးက တော့ ဂီတလမ်း ကြောင်းပေါ်မှာ အောင်မြင် တဲ့အထဲတော့ မဟုတ် သေးပေမယ့် ကြိုးစားမှုအတွက် အရာလေးတွေ ထင်လာတယ်လို့ တော့ ခံစားရပါတယ်။ အဓိကကတော့ ကိုယ်ကြိုးစား လို့ရှိရင်ဘယ်အလုပ်မဆို နေရာလေးတစ်ခုရရှိလာမယ်လို့ တော့ ယုံကြည် ပါတယ်။ အဲ့ဒါကြောင့် ဝိုင်းလေးဂီတလမ်း ကြောင်းပေါ်မှာ ပရိ သတ် အတွက် အရိုးသားဆုံးနဲ့အဖြူစင်ဆုံး လျှောက်လှမ်းနေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
လတ်တလောမှာတော့ တက္ကသိုလ်သင်္ကြန်ပွဲတွေမှာ သီချင်းသီဆို ဖြစ် နေပြီး မကြာခင်ကျရောက် တော့မယ့် သင်္ကြန်အစီအစဉ်အကြောင်း ကိုလည်း ခုလိုပြောပြခဲ့ပါတယ်။”လက်ရှိကတော့ တက္ကသိုလ် ကျောင်းတွေမှာ ကျောင်းသင်္ကြန်ပွဲ တွေ အများကြီးကျင်းပကြတယ် ဆို တော့ တက္ကသိုလ် သင်္ကြန်ပွဲတွေမှာ သီချင်းလိုက်ဆိုဖြစ်ပါတယ်။ ကျောင်း သင်္ကြန်ပွဲလေးတွေ ဆိုရတာကတော့ တကယ်ပျော်စရာကောင်းပါတယ်။ သင်္ကြန်ကတော့ ရန်ကုန်မြို့ပေါ်က မဏ္ဍပ်တချို့မှာရှိမယ်။ ဒီနှစ်သင်္ကြန်က အရင်နှစ် တွေထက် ပိုစည်မယ်လို့ ကြားလို့ တအားပျော်နေပါတယ်။ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ အတွက်လည်း သင်္ကြန်မှာပွဲတွေများ တဲ့အတွက် ကိုယ်လည်း အလုပ်ရ တယ်။ မိသားစုတွေအားလုံးက အရင်တုန်းက သင်္ကြန်အတိုင်း ပြန် လည် ခံစားရမှာဖြစ်တဲ့အတွက် တအားပျော်ပါတယ်”လို့ ဝိုင်းလေးကပြောပြခဲ့ပါ တယ်။
ဇော်ဝင်းအောင်