ဟာသပုံစံဇာတ်ကားများ ဆက်တိုက်ရုံတင်ပြသနေတဲ့အပေါ်ပရိသတ်တွေ အတွက် နေတိုးရဲ့စကား

0
340

နေတိုးပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကားတွေကလည်း ဒီနှစ်နွေရာသီကာလမှာ ဆက်တိုက် ဆိုသလို ရုံတင်ပြသနေပါတယ်။ ‘ကိုယ့်ဇာတ်လမ်းမှာ ကိုယ်သာဇာတ်လိုက်’ဇာတ်ကားအပြင် ‘မွှေချက်ကတော့ လွန်လွန်းတယ်’ ဇာတ်ကားမှာ လည်း နေတိုးကို ပရိသတ်တွေ ရင်းနှီးပြီးသား ရွှေတိုးကာရိုက်တာနဲ့ထပ်မံမြင်တွေ့ရဦးမှာပါ။ ဒီလိုဟာသ ဇာတ်ကားတွေပဲ ဇာတ်တိုက်ထွက်ရှိ လာတဲ့ အကြောင်းရင်းကိုတော့ နေတိုးက …

“ဟာသဇာတ်ကားတွေမှာ ပါဝင်ရိုက်ကူးတုန်းကတော့ ဆက်တိုက်ရယ်လို့ ရိုက်ကူးထားတာ မဟုတ် ပါဘူး။ ကျွန်တော်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေရုံတင် ပြသတဲ့အချိန်မှာတော့ ဟာသဇာတ်ကားသုံးကား ဆက် တိုက် ဖြစ်သွားတဲ့အတွက် ပရိသတ်တွေကို ရသပိုင်းပေးတဲ့အခါမှာ နည်းနည်းလေး ခက်နေတာပေါ့။ ‘မွှေချက် ကတော့ လွန်လွန်းတယ်’ကလည်း အရင်အမွှေစိန်ဆိုတဲ့ နာမည် နဲ့ ဗီဒီယိုဇာတ်ကားရိုက်ကူးဖူးပါတယ်။ အခုတော့ သဘာဝ ရှုခင်းတွေရဲ့ ပေါင်းစပ်မှုကိုပါ မြင်တွေ့ကြရမယ်။ အရင်အမွှေစိန်ကိုပဲ ရသအသစ် ခံစားမှုပုံစံအသစ်နဲ့ ရိုက်ကူး ထားတယ်။ သင်္ကြန်အပြီးမှာတော့ ရိုမန့် ဇာတ်ကားတစ်ကားရုံတင် ပြသဖို့ရှိပါတယ်။ ဒါကြောင့် နှစ်သစ် မှာတော့ ရသအသစ်လေးနဲ့ ပရိသတ်တွေ အမြင် အသစ်ရမှာပါ”လို့ ပြောပြပါတယ်။

နေတိုးကိုတော့ ‘တာတေကြီး’ ဇာတ်ကားရဲ့ ကာရိုက်တာ မမတာနဲ့ ပရိသတ်တွေအားပေးမှု ပြင်းထန်ခဲ့ သလို၊ ပရိသတ်တွေ မျှော်လင့်အား ပေးသလို အကယ်ဒမီဆုကို လည်း ရရှိခဲ့ပါတယ်။ နေတိုးရဲ့We Love အဖွဲ့တွေကလည်း နေတိုးကို ထပ် ဆင့်ဂုဏ်ပြုပေးခဲ့ကြပါသေးတယ်။ “We Loveအဖွဲ့တွေက ကျွန် တော့်ကိုဂုဏ်ပြုပြီးတော့ သဲသဲလှုပ် ရုပ်ရှင်ဇာတ်ကားရိုက်ကူးပြီးတဲ့အချိန် မှာ ကိတ်ခွဲပေးကြပါတယ်။ ဒီလိုလုပ် ပေးကြတဲ့အတွက်လည်း ဝမ်းသာ ကျေနပ်သလို၊ ကျေးဇူးလည်း တင်ပါ တယ်။ အလှူလုပ်တာကလည်း အကယ်ဒမီရမှရယ်မဟုတ်ပါဘူး။ ကျွန်တော်ဇာတ်ကားတွေ ရိုက်နေ ရင်း ခရီးတွေသွားလာနေရင်းလည်း လိုအပ်တဲ့နေရာတွေမှာ လှူဒါန်းလေ့ရှိပါတယ်။ အကယ်ဒမီရတဲ့အချိန်မှာအထိမ်းအမှတ်အနေနဲ့ ပရိသတ် တွေနဲ့လှူဒါန်းမှုတွေပြုလုပ်သွားမှာပါ”လို့ ပြောပြပါတယ်။လတ်တလောမှာတော့ နေတိုး က ဒါရိုက် တာစတီးလ်ရိုက်ကူးနေတဲ့ ‘ဘယ်တော့မှ အရှုံးမပေးဘူး’ဆိုတဲ့ ရိုမန့်စ်နဲ့ ဒရာမာပေါင်းစပ်ထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ် ဆောင်နေပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-အောင်ဇော်မင်း


LEAVE A REPLY

Please enter your comment!
Please enter your name here