နာမည်ပြောင်းလဲလိုက်ရခြင်းအကြောင်းကို ပြောပြတဲ့ ဟန်တီ

0
302

ချစ်စရာဟန်ပန်အမူအရာလေးတွေနဲ့ ပရိသတ်အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် “ဟန်သီ”က သူ့ရဲ့နာမည်ကို “ဟန်တီ”အဖြစ် နာမည်ပြောင်းလဲပြီး အနုပညာအလုပ်တွေကို လုပ်ဆောင်သွားမှာဖြစ် ပါတယ်။ ဒီနာမည်လေးကို သူ့ရဲ့မိခင်ဖြစ်သူက ပြောင်းလဲပေးလိုက်တာဖြစ်ပြီး သူ့အနေနဲ့ ကတော့ ကြိုတင်သိရှိမထားပါဘူး။ မိခင်ဖြစ်သူရဲ့စကားကို နားထောင်တတ်တဲ့ သမီးအလိမ္မာ တစ်ယောက်ဖြစ်တဲ့အတွက် သူ့မိခင်ဆန္ဒအတိုင်း နာမည်ပြောင်းလဲလိုက်ကြောင်းကိုတော့ …

“ဒီမနက်ကတော့ ညီမအတွက် surprise ပါပဲ။ ဟန်တီ့မေမေက ဟန်တီ့ကို သနဲ့သီတုန်း က ကသီတယ်။ တီတီတာတာဖြစ်အောင် တဝင်းပူနဲ့တီမယ်ဆိုပြီး သူ့ အဓိပ္ပာယ်နဲ့သူ ပြောင်းလဲ ပေးဖြစ်တယ်။ ဟန်တီ လုံးဝမသိပါဘူး။ အခုလို ပြောင်းလဲလိုက်တဲ့အခါမှာ ကိုယ်ပြန်စဉ်းစားတဲ့ အချိန်မှာ အရင်တုန်းကဆိုရင် တိုက်ဆိုင်တာတွေလည်း ရှိတယ်။ ကသီတဲ့ အရာတွေလည်း ရှိခဲ့တယ်။ ဒီ့ထက်ပိုပြီးအများကြီးလုပ်ဖို့လည်း လမ်းတွေရှိတယ်။ မေမေရဲ့ ကောင်းမယ်ထင်တဲ့ ဆုံးဖြတ်ချက်လေးတစ်ခုလို့မြင်ပါတယ်။ သူက ကောင်းမယ်ဆိုလို့သာ ဒီလိုမျိုးပြောင်းလဲပေးဖြစ်တာ ဖြစ်တဲ့အတွက် လက်ခံပေးလိုက်ပါတယ်””လို့ ပြောပါတယ်။ အခုလတ်တလောမှာတော့ ဟန်တီက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Stanford University မှာ International Business Management ကို သင်ကြားနေပါတယ်။ ကျောင်းတက်နေတာ ၂ ပတ်ခန့်ရှိပြီဖြစ်ပြီး အနုပညာ အလုပ်တွေ လုပ်ဆောင်ဖို့အတွက် မြန်မာနိုင်ငံကို ခေတ္တခဏပြန်လည်ရောက်ရှိနေပါတယ်။ ဘန်ကောက်မှာ ကျောင်းတက်တဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး ဟန်တီက …

“ဟန်တီက IBM ကို မြန်မာနိုင်ငံမှာလည်း Higher National Diploma in Business Management ကို ယူထားပါတယ်။ ဒီ့ထက်ပိုပြီး Business Management ကို ပိုသိချင်တယ်။ ကျောင်းရွေးတဲ့ အခါမှာလည်း အဝေးကြီးလည်းမသွားချင်ဘူး။ သွားလို့ရတဲ့နိုင်ငံတွေလည်း အများကြီးပဲ။ အမေရိကား သွားရင်လည်း တအားအလှမ်းကွာဝေးမှာစိုးလို့ ဘန်ကောက်ကိုပဲ ရွေးချယ်ခဲ့တယ်။ အဲဒါကြောင့် Stanford University ကိုပဲ ရွေးချယ်ပြီးတက်ခဲ့တယ်။ အခုကျောင်းတက်တဲ့အခါမှာလည်း မြန်မာနိုင်ငံ နဲ့ ကွာခြားမှုတွေ အများကြီးတွေ့ရတယ်။ မြန်မာနိုင်ငံမှာ သင်ကြားတဲ့ပုံစံနဲ့ ဟိုမှာသင်ကြားတဲ့ပုံစံ၊ နေပုံထိုင်ပုံ၊ ကျောင်းမှာ Manage လုပ်တဲ့အပိုင်းကအစ၊ အခွင့်အရေးပိုင်းတွေလည်း ဒီထက်ပိုပြီး ကျယ်ပြန့်လာတယ်လို့ ပြောလို့ရပါတယ်””လို့ ပြောပါတယ်။

 

ခိုင်ဝေလွင်၊

ဓာတ်ပုံ- ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here