ဒီနှစ်သင်္ကြန်ကို ထိုင်းနိုင်ငံမှာ ဖြတ်သန်းမယ့် ဇေရဲထက်

0
297

ခုနောက်ပိုင်းမှာတော့ ဇေရဲထက်က ဗီဒီယိုဇာတ်ကားတွေကို ဇာတ်လမ်း မျိုးစုံ သရုပ်ဆောင်ဖြစ်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ခေတ်ရေစီး ကြောင်းအရ ဟာသဇာတ်ကားမျိုးတွေကို ပိုမိုရိုက်ကူးဖြစ်နေကြောင်း ပြော ပါတယ်။ ဇာတ်ရုပ်မျိုးစုံအပြင် sexy ပို့စ်တွေလည်း ရိုက်ကူးဖြစ်ခဲ့တဲ့ ဇေရဲ ထက်က သူလုပ်တဲ့အလုပ်က ဖြူစင်တဲ့ အလုပ်ဖြစ်တဲ့အတွက် ဂုဏ်သိက္ခာရှိရှိ လုပ်ပြရဲကြောင်း ပြောပါတယ်။

“ကျွန်တော် လက်ခံထားပြီးပြီဆိုရင် ဘာပဲဖြစ်ဖြစ် ကျွန်တော်လုပ်မယ်။ ကျွန်တော့်ကို ဆဲလည်း ကျွန်တော်ခံမယ်။ ကျွန်တော် အပြောအဆိုခံမှာပဲ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်လုပ်ကြည့်ချင်တယ်။ ရိုက်ကူးဖူးချင်တဲ့အတွက် ကျွန်တော် ရိုက်လိုက်တယ်။ ကျွန်တော်လုပ်လိုက်တဲ့ အလုပ်ဟာ သူများ သား မယားကိုစော်ကားနေတာလည်း မဟုတ်သလို သူများအသိုက်အမြုံကို ဖျက်ဆီး တာလည်း မဟုတ်ဘူး။ ငါးပါးသီလကို ချိုးဖောက်နေတာလည်း မဟုတ်ဘူး။ ကျွန်တော် လုပ်ဆောင်နေတဲ့ အလုပ်ဟာ ဖြူစင်တဲ့ အလုပ်ဖြစ်နေတဲ့အတွက် ကျွန်တော့်ကိုယ်ကျွန်တော် ဂုဏ်သိက္ခာရှိရှိနဲ့ လုပ်ပြရဲတယ်။ ကျွန်တော် ရှာစား နေတဲ့ထမင်းဟာ ဖြူစင်သန့်ရှင်းစေရမယ်၊ သူများမျက်ရည်ပေါက်ကျပြီး စားရ တဲ့ထမင်းမဖြစ်ဖို့ပဲ အရေးကြီးတယ်” လို့ ပြောပါတယ်။

ဇေရဲထက်က ဒီနှစ် သင်္ကြန်ကိုတော့ သူငယ်ချင်းတွေရှိ ရာ ထိုင်းနိုင်ငံကို သွားရောက် လည်ပတ်မှာဖြစ်ကြောင်းကိုလည်း “သင်္ကြန်ကို ကျွန်တော် နှစ် တိုင်း ထိုင်းမှာပဲနေဖြစ်ပါတယ်။ ထိုင်းမှာက သူငယ်ချင်းတွေလည်း အများကြီးရှိလို့ သွားဖြစ်တာပါ။ တစ်နှစ်လုံး အလုပ်လုပ်ပြီး ပြီဆိုရင် ဒီသင်္ကြန်ရက် လေးကို ကျွန်တော် နားချင်တယ်။ စိတ်ထွက်ပေါက် အနေနဲ့ ဈေးဝယ် ထွက်တာတို့၊ သူငယ်ချင်းတွေ နဲ့ ကလပ်တက် တာတို့လုပ်တယ်။ သူတို့တွေက ထိုင်းမှာပဲနေကြ တာဆိုတော့ သူတို့ ဆီ ကျွန်တော်သွား ပြီး နေတာများတယ်။ အဲဒီအချိန်မှာ ကျွန်တော် အဝတ်အစားတွေ ဝယ် ရတယ်။ တခြား လည်ပတ်တာတွေ တော့ ရှိပါတယ်” လို့ ပြောပါတယ်။

တွယ်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here