ကလေးတွေကို Water Boom ပို့ရင်း အသက် ၂၇ နှစ်ပြည့် မွေးနေ့ကို ဖြတ်သန်းဖြစ်ခဲ့တဲ့ အိမ့်ချစ်

0
187

ဘာသာတရား ရိုသေကိုင်းရှိုင်းတယ်။ မိဘ ကို လုပ်ကျွေးတယ်။ ဂီတ အနုပညာသမား တစ်ယောက်အဖြစ် ပရိသတ်ကို အကောင်းဆုံးပေးဆပ်တယ်။ သူမနာမည်က အိမ့်ချစ်။ သူမ အသက် ၂၇ နှစ်ပြည့်မွေးနေ့ အတွက် လှိုင်သာယာ ဝေဠုဝန်ဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ကလေး တွေကို Water Boom ပို့ပေး ရင်း တစ်နေ့တာဖြတ်သန်းဖြစ်ခဲ့ တဲ့ အစီအစဉ်လေးကို မတ်လ ၃ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

“အိမ့်ချစ်ရဲ့ မိဘ ၂ ပါးက အိမ့်ချစ် ၁၄ နှစ်သမီးကတည်းက ကွဲသွားခဲ့တယ်။ အဲဒီအတွက် အိမ့်ချစ်က မိခင်နဲ့ အခုချိန်အထိ နေပါတယ်။ ပရိသတ်တွေက မသိဘူး။ အိမ့်ချစ်လည်း ဒါကို ဖြေလေ့ဖြေထမရှိပါဘူး။ အိမ့်ချစ်ဘဝမှာ ငယ်ငယ်ကတည်းက ခံစားခဲ့ရတဲ့ခံစားချက်က ကျူရှင်တွေ၊ ကျောင်းတွေ သွားလို့ရှိရင် အဖေတွေ၊ အမေတွေက လက်ဆွဲပြီးတော့ ခေါ်လာလို့ရှိရင် အိမ့်ချစ် အမြဲတမ်း အားကျရတယ်။ အိမ့်ချစ်ရဲ့ဘဝကို လူတွေတော်တော်များများက မသိကြဘူး။ မသိကြတဲ့အခါကျတော့ မျိုးစုံဝေဖန် ကြတယ်။ အိမ့်ချစ် ဒီလောကထဲမှာ ခက်ခက်ခဲခဲနဲ့ ရပ်တည်လာခဲ့ရတာပါ။

အိမ့်ချစ်ဘဝမှာ မသန့်ရှင်း တဲ့ငွေဆိုတာ မရှိခဲ့ဘူး။ အိမ့်ချစ် ဘုရားရှေ့မှာ သစ္စာဆိုရဲတယ်။ ဘယ်သူပဲတိုက်ခိုက်၊ တိုက်ခိုက် အိမ့်ချစ် ရိုးသားစွာရှာထားတဲ့ပိုက်ဆံတွေနဲ့ မိခင်ကိုလုပ်ကျွေးခဲ့တယ်။ အိမ့်ချစ်ဘဝမှာ ခက်ခက်ခဲခဲနဲ့ တက်လာခဲ့ရတာပါ။ အိမ့်ချစ်နဲ့ အိမ့်ချစ်အမေနဲ့ အရက်လည်း ရောင်းစားဖူးတယ်။ လက်ဖက်ရည်ဆိုင်လည်းဖွင့်ခဲ့ဖူးတယ်။ မုန့်ဟင်းခါး သည်လည်း ဖြစ်ခဲ့ဖူးတယ်။ ဆင်းရဲတဲ့ ဒဏ်ကို ခံခဲ့ရတဲ့အတွက် ဒီလိုကလေးတွေရဲ့ ဘဝကို စာနာပေးလို့ရတယ်။ အဲဒီတော့ ဒီလိုနေရာကြီးကို သူတို့မိဘတွေလည်း မပို့ပေးနိုင်ဘူး။ ငွေ ကြေး ၅ဝဝဝ၊ ၇ဝဝဝ၊ ၁ဝဝဝဝ ဆိုတာ တစ်မိသားစုလုံးရဲ့ ထမင်း ၂ နှပ် စာ၊ ၃ နပ်စာရတယ်။ အဲဒီ အတွက် အိမ့်ချစ်ရဲ့ စိတ်ခံစား ချက်အရ ကလေးတွေကို ဖြည့်ဆည်းပေးလိုက်တာ ပါ” လို့ အိမ့်ချစ်က ဝမ်းနည်း၊ ဝမ်းသာ မျက်ရည်တွေနဲ့ ပြော ပြခဲ့ပါတယ်။

မျိုးမောင်


LEAVE A REPLY

Please enter your comment!
Please enter your name here