ပထမဆုံး ခြေလှမ်းဖြစ်တဲ့ I am CEO သီချင်းကရှေ့ဆက်ဖို့ ခွန်အားတွေ ဖြစ်စေတယ် သရုပ်ဆောင် ပွင့်

0
193

ဟာသ ဇာတ်ရုပ်တွေကို ပီပြင်အောင် သရုပ်ဆောာင်နိုင်တဲ့ သူမရဲ့ ဟာသပါရမီကြောင့် ပရိသတ် အချစ်ကိုရရှိထား သူကတော့ သရုပ်ဆောင်ပွင့်ပါ။ သရုပ်ဆောင် အလုပ်နဲ့ အဆိုတော်အလုပ်ကိုတွဲ လုပ်ရတာက ထမင်းနဲ့ ဟင်းတွဲစားရတာနဲ့တူတယ်လို ခံယူထားတဲ့ သူမကလက်ရှိမှာ တစ်ကိုယ်တော် တေးစီးရီးထွက်ဖြစ်ဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ ဒီတေးစီးရီးမှာ ပါဝင်တဲ့ သီချင်းများကို ရွှေဂျော်ဂျော်၊ ဒါရိုက်တာမောင်သီ၊ ဝေကြီး၊ ညီမင်းခိုင်၊ ဟဲလေးစတဲ့တေးရေးဆရာများက ရေးစပ်ပေးထားပြီး သင်္ကြန်အပြီးမှာ ထွက်ဖြစ်ဖို့ စီစဉ်ထားကြောင်းလည်း သိရပါတယ်။ တစ်ကိုယ်တော် တေးစီးရီးမှာပါဝင်တဲ့I am CEO သီချင်း တစ်ပုဒ်ကိုလည်းOnline မှတစ်ဆင့် ပရိသတ်ကို ပေးလိုက်ပြီဖြစ်ပါတယ်။ ဒီသီချင်းကလည်း ပရိသတ်အကြိုက်တွေ့ခဲ့တဲ့သီချင်းတစ်ပုဒ် ဖြစ်တဲ့အတွက် သူမရဲ့ခံစားမှုကိုလည်း ခုလိုပြောပြခဲ့ပါတယ်။

“ဆရာရွှေဂျော်ဂျော်ရေးပေးထားတဲ့ I am CEO သီချင်းက Online ကနေပရိသတ်ကိုပေးလိုက် ပါပြီ။ အဲဒီသီချင်းလေးကိုလည်း ပရိသတ်တွေ ကြိုက်နှစ် သက်ကြတယ်လို့ ပြန်ကြားရတဲ့အတွက် တကယ့်ကိုဝမ်းသာပါတယ်။ ပွင့်အသံက ချိုတဲ့ဘက်ကိုသွားတော့ အဲဒီသီချင်းလေးရတုန်းက ဆိုလို့အဆင်ပြေပါ့မလားလို့ စိုးရိမ် ခဲ့ပါတယ်။ ဆရာရွှေဂျော်ဂျော်ကလည်း တကယ်တော်ပါတယ်။ ဆိုတာတွေကစ အကုန်သင်ပေးခဲ့တယ်။ အဲဒါကြောင့်လည်း အဲဒီသီချင်းက ကောင်းကောင်းလေးနဲ့ ပရိသတ်လက်ထဲကို ရောက်ရှိသွားတာပါ။ လူတစ်ယောက်အတွက် ပထမခြေလှမ်းက အင်မတန်ကို အရေးကြီးပါတယ်။ ပထမခြေလှမ်းက အဆင်ပြေတယ်ဆိုမှပဲ လူတစ် ယောက်အတွက် ဆက်လျှောက်ဖို့ လမ်းက ခွန်အားတွေအများကြီး ရပါတယ်။ ပရိသတ်က သီချင်းကိုကြိုက်တယ်ဆိုတာကတော့ ပွင့်လည်း တအားဆိုတတ်လို့လည်း မဟုတ်ပါဘူး။ ပွင့်ကိုပရိသတ်က နဂိုကတည်းက ချစ်နေလို့လည်းနေမှာပါ” လို့ သူက ပြောပြခဲ့ပါတယ်။ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သူမအတွက် တေးစီးရီး လုပ်ဖြစ်တဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတချို့ကိုလည်း …

“သရုပ်ဆောင်လုပ်တာရော၊ သီချင်းဆိုတာရော နှစ်ခုစလုံးကတော့ အနုပညာအလုပ်ပါပဲ။ ဒါပေမဲ့ ကိုယ်လုပ်နေကျ အလုပ်မဟုတ်တဲ့ အတွက် တချို့ကိစ္စတွေလည်း နားမလည်တာ အများကြီးရှိတယ်။ ကိုယ်ရဲ့စီနီယာ အစ်ကိုတွေ၊ ဆရာတွေဆီကလည်း အများကြီး သင်ယူရပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ကိုယ်ကလူတိုင်း အပေါ်စေတနာထားလို့ထင်တယ်။ အကုန်လုံးက မိတ်ဆွေစစ်မိတ်ဆွေမှန်တွေနဲ့ တွေ့ရတယ်။ ဆရာကောင်း သမားကောင်းတွေနဲ့ တွေ့ရတယ်။ အလုပ်အသစ်တစ်ခု ဖြစ်တဲ့အတွက် တော်တော်လေးအခက်အခဲတော့တွေ့ရပါတယ်။ ဒါပေမဲ့ ဘေးကနေ ပံ့ပိုးပေးတဲ့သူတွေရှိတဲ့အတွက်အားရှိပါတယ်” လို့ ပွင့်က ပြောပြခဲ့ပါတယ်။ သူမ အနေနဲ့နောက်ပိုင်းမှာလည်း သရုပ်ဆောင်အလုပ်ကိုရော အဆိုတော်အလုပ်ကိုပါ ကြိုးစားလုပ်ဆောင်သွား မှာဖြစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။

သတင်း၊ ဓာတ်ပုံ – ဇော်ဝင်းအောင်


LEAVE A REPLY

Please enter your comment!
Please enter your name here