အဝါရောင်နှင်းဆီပန်းစည်းတွေနဲ့ သက်မွန်မြင့် နဲ့ ပရိသတ်ကြားက ဆက်နွှယ်မှု

0
186

အနုပညာလောကထဲကနေ နှစ်နှစ်နီးပါးလောက် ပျောက်သွားခဲ့ပြီးဇာတ်ကားရိုက်ကူးမှုတွေ ရပ်လိုက်တဲ့အချိန်တွေမှာတောာင် ပရိသတ်ရဲ့ အားပေးမှုက ရပ်မသွားဘဲ ဆက် လက် အားပေးခြင်းခံရတဲ့ အနုပညာ ရှင်ကတော့ ‘ချစ်သက်’လို့ ချစ်စနိုးနဲ့ ခေါ်ဝေါ်ကြတဲ့ ‘သက်မွန် မြင့်’ပဲဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေ သက်မွန် မြင့်တက်ရောက်တဲ့ အချိန်မှာလည်း ပရိသတ် တွေဆီ ကအများဆုံးရရှိ တဲ့လက်ဆောင်ဟာ အဝါရောင်နှင်းဆီပန်းစည်းတွေဖြစ်တာကို သတိ ထားမိ ပါတယ်။ ဒီနှင်းဆီပန်း တွေနဲ့ သက်မွန်မြင့်ရဲ့ ပရိသတ်တွေ ဆက်နွှယ်မှုက ဘာဖြစ်မလဲဆိုတာကတော့ …

“We Love တွေ၊ ပရိသတ်တွေ နဲ့တွေ့ရင် အမြဲတမ်းပျော်တယ်။ သက်မွန်က အဝါရောင်ကြိုက်တော့ သက်မွန်တို့ရဲ့ အထိမ်းအမှတ်က အဝါလေးဖြစ်သွားတာပေါ့။ နောက်ပြီး သက်မွန်က နှင်းဆီ သိပ်ကြိုက် တော့ We Love Thet Mon အဖွဲ့ကလည်း ပွဲတိုင်းကို နှင်းဆီးအဝါလေးတွေပေးပါတယ်။ သူတို့နဲ့တွေ့ ရင်လည်း ကိုယ့်ရဲ့သွေးသားတွေကို တွေ့ရသလိုပဲ ခံစားရတယ်။ သက်မွန်က သုံးနှစ်နီး ပါးလောက်ကို ရုပ်ရှင်ရိုက်ကူးမှုတွေနဲ့အဆက်ပြတ်သွားပါတယ်။ ဒီအချိန်မှာလည်း ကိုယ့်ကို မမေ့မပျောက်ဘဲနဲ့ မပြောင်းလဲတဲ့ အချစ်တွေနဲ့ချစ်ပေးကြတယ်။ လှိုက်လှိုက်လှဲလှဲနဲ့ အားပေးတဲ့အတွက်လည်း တကယ်ကို စိတ်ချမ်းသာပါတယ်။ အနုပညာသမားတစ်ယောက် အနေနဲ့ ရိုက်ကူးမှုတွေကနေ အချိန်တစ်နှစ်၊ တစ် နှစ်ခွဲလောက်ပျောက်သွားတယ်ဆိုတာ အချိန်အတော်ကြာပါတယ်။ အရှိန်လည်း လုံးဝပျက်သွားပါတယ်။ ဒါတောင်မှ ပရိသတ်တွေက ချစ်ပြီး ‘ချစ်သက်’ဆိုတဲ့ နာမည်လေးခေါ်ကြတော့ ပရိသတ်တွေ အားပေးမှု အမှတ်အသားတစ်ခုပါပဲ” လို့ သူကပြောပြပါတယ်။

သက်မွန်မြင့်ရဲ့ ပင်ကိုနေထိုင်မှု ပုံစံမှာ ပျော်ပျော်နေတတ်သလို အရယ်သန်တာကိုလည်း ပရိသတ်တွေမှာသတိထားမိမှာပါ။ ဟာသဇာတ်ကားတွေ ပါဝင်သရုပ်ဆောင် ရိုက်ကူးတဲ့အခါ သက်မွန်မြင့် ဘယ်လိုတွေ့ကြုံ တွေ့ရသလဲ၊ သရဲကားနဲ့ ပတ်သက်ပြီးလည်း သက်မွန်မြင့်ရဲ့ ခံစားချက်က ဘယ်လိုရှိသလဲဆိုတော့ …

“သက်မွန်က အပြင်မှာဆိုရင်လည်း အရယ်သန်တယ်။ ဒါကြောင့် ရယ်မိလို့ရှိရင် ထိန်းလို့မရဘူး။ ရပ်လို့ မရဘူး။ ဒါကြောင့် ကာရိုက်တာဝင်အောင် မနည်းကိုပြန်ထိန်း ရတယ်။ဆိုင်းကြိုက်တဲ့မောင်ဇာတ်ကားမှာတုန်းကတော့ လဝန်းလေးကိုယ်ဝန်ရတဲ့ အချိန်ပါ။ ကိုယ်ကတော့မသိဘဲနဲ့ ဝိတ်တွေချ၊ွပာ တွေဆော့ပြီး အသားကုန် လေ့ကျင့်ခန်းတွေလုပ် နေခဲ့တယ်။ ရန်ကုန်ရောက်ရှိပြီးနေတော်တော် မကောင်း တော့မှ လဝန်းလေးကိုယ်ဝန်ရှိတာကိုသိတာပါ။ “ဥပါယ်တံမျဉ်” ဇာတ်ကား ရိုက်ကူးတုန်းကကျတော့လည်း အားချစ် မွေးဖွားပြီး ခန္ဓာကိုယ် ပိန်ခါစပဲ ရှိ သေး တယ်။ အဲဒီတော့ ဒီနှစ်ကားလုံးက ၂နှစ်ကျော်၊ တစ်နှစ်ခွဲကျော် လောက်ကို အချိန်ကြာသွားတယ်။ သက်မွန်က သရဲကားဆို လုံးဝကို မကြည့်ဘူး။ ရိုက်လည်း သိပ်မရိုက်ပါဘူး။ ဘာလို့လဲဆိုတော့ သက်မွန်က သရဲသိပ်ကြောက်တတ်ပါတယ်။ ဒါပေမဲ့ “တာတေကြီး” ဇာတ်ကားကျတော့ ပရိသတ်တွေကလည်း မမတာ…မမတာဆိုတာနဲ့ အရဲစွန့်ပြီး ကလေးထိန်းနေတဲ့ကြားထဲက သွားကြည့်ခဲ့ သေး တယ်”လို့ သက်မွန်မြင့် က ပြောပြပါတယ်။

မြတ်မိုးပွင့်

ဓာတ်ပုံ-မင်းမင်းထွန်း


LEAVE A REPLY

Please enter your comment!
Please enter your name here