ရုပ်ရှင်နဲ့ပတ်သက်လို့ ဖိအားကတော့ ရှိနေတုန်းပဲ ရွှေထူး

0
214

 

 

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားခဲ့တဲ့ အဆိုတော်ရွှေထူးဟာ ပင်ကိုကသီဆိုမှု စတိုင်နဲ့ ဂီတနယ်ဘက်မှာလည်း အောင်မြင်ကျော်ကြားသလို၊ သရုပ်ဆောင်နယ်ဘက်ကို ဝင်ရောက်ပြန်တော့လည်း ပထမဆုံးရိုက်ကူးခဲ့တဲ့ ‘ပက်ပက်စက်စက်ညို့’ ရုပ်ရှင်ဇာတ် ကားကြီးမှာ ပရိသတ်အားပေးမှုကို အခိုင်အမာရရှိခဲ့ပါတယ်။ ‘ပက်ပက် စက်စက်ညို့’ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင် ရိုက်ကူးပြီးတဲ့အချိန်မှာ ဒုတိယမြောက် ရုပ်ရှင် ဇာတ်ကားကြီးကိုလည်း ၂ဝ၁၈ ခုနှစ်ထဲမှာပဲ ထပ်မံပါဝင်သရုပ်ဆောင် ရိုက်ကူးမယ်လို့ သိရပါတယ်။ ဒုတိယမြောက် ရုပ်ရှင်ဇာတ်ကား ကြီးအတွက် ဘာတွေပြင်ဆင်နေ ပြီလဲလို့ မေးကြည့်တဲ့အခါမှာတော့ ရွှေထူးက …

“အခု ဒီဒုတိယမြောက် ရုပ်ရှင်ဇာတ်ကားကြီး စတင်ရိုက်ကူးဖို့ကို အစကတော့ ၃ လ ပိုင်း ၂ဝ ရက်နေ့ တည်ထားပါ။ ၃ လပိုင်း ၂ဝ ရက်က အားလုံး ဒိတ်တွေ ညှိလို့မရတာနဲ့ ၅ လပိုင်းထဲကို ပြောင်းသွားတယ်။ သင်္ကြန်အပြီးဖြစ်သွားတာပေါ့။ ကျွန်တော် ရုပ်ရှင်ဇာတ်ကားတွေတော့ အများ ကြီးလိုက်ကြည့်ထားတယ်။ လေ့လာထားတယ်။ အဓိက ဇာတ်ညွှန်းဇာတ်အိမ်ကို အခေါက် ခေါက် အခါခါ သေချာဖတ်ဖြစ်ပါတယ်။ ဒုတိယမြောက် ဇာတ်ကားဖြစ်ပေမယ့်လည်း Pressure ကတော့ရှိတုန်းပဲ။ ကိုနေတိုးနဲ့ အတူ ပါဝင်ရိုက်ကူးတုန်းကလည်း ခေါင်းဆောင် မင်းသားပဲဖြစ်ဖြစ် မဖြစ်ဖြစ် ရုပ်ရှင်အပိုင်းက ကိုယ်ကျွမ်းကျင် တဲ့အပိုင်း မဟုတ်ဘူးလေ။ အဲ့ဒီအတွက် ကျွန်တော့်မှာ Pressure ကတော့ ရှိတယ်။ ဘာဖြစ်လို့ လဲဆိုတော့ အဲ့ဒီအတွက် ကျွန်တော် က ပိုကြိုးစားရမယ်။ သူများ တစ်ဆကြိုးစားရင် ကျွန်တော် နှစ်ဆကြိုးစားမှရမယ်။ ကျွန်တော့်မှာ ပြင်ဆင်မှုတွေ အများကြီးလုပ်ရဦးမယ်” လို့ ပြောပါတယ်။

သင်္ကြန်နဲ့ပတ်သက်ပြီးတော့လည်း အမှတ်တရတွေ ရှိသေးလားလို့ မေးကြည့်တဲ့အခါမှာတော့ ရွှေထူး က “သင်္ကြန်နဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေ ရှိတာပေါ့ (ရယ် လျက်)။ အဲဒီ ထဲကမှအမှတ်တရအဖြစ်ဆုံးက ဟိုးအရင် ကျောင်း သားဘဝတုန်းက သင်္ကြန်အခါတွင်း ရက် မှာ ရဟန်းဝတ်တဲ့အချိန် သင်္ကြန် အကြို၊ အကျ၊ အကြတ်နေ့တွေ ရောက်တဲ့အချိန်မှာ ဘုန်းကြီးကျောင်းရဲ့ကားလမ်းမမှာ သင်္ကြန်ကားတွေက တအားများ နေတာ။ ကားဟွန်းတွေကလည်း အစုံအလင်နဲ့၊ လျှောက် လည်တဲ့ သူတွေကလည်း အော်ဟစ် ပြီး သွားကြတာ။ အဲဒီတော့ ကိုယ် လည်းမနေနိုင်တော့ဘူး။ အ ကြတ်နေ့ကျတော့ ထွက်လိုက် တယ်။ အတက်နေ့ကျတော့ ကတုံးနဲ့လျှောက် လည်လိုက် တယ်(ရယ်လျက်)။သင်္ကြန် ပိုးတော့ပါတယ်။ ဒီနှစ်ကျွန် တော်သင်္ကြန်ကို မန္တလေး မှာရှိမှာပါ” လို့ ပြောပါတယ်။

လတ်တလော မှာ တော့ အဆိုတော် ရွှေထူးဟာ သူ့ရဲ့သီချင်းတွေအတွက်MTV တွေရိုက်ကူးနေပြီး နယ် ရှိုးတွေ လည်းသွားဆို ဖြစ်နေတယ်လို့ သိရပါတယ်။

သဲစုလှိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here