မိုးကုတ်မြို့ အနှစ် ၈ဝဝ ပြည့်ပွဲ အနုပညာရှင်များလည်း ပါဝင်ဆင်နွှဲ

0
365

မိုးကုတ်မြို့ နှစ် ၈ဝဝ ပြည့်ပွဲ တော်ဖွင့်ပွဲအခမ်းအနားကို မတ် ၂၉ ရက် နံနက် ၉ နာရီက မိုးကုတ်မြို့၊ မှုံကွင်း၌ ကျင်းပခဲ့ရာ တိုင်းရင်းသား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ အတူတကွ ပျော်ရွှင်စွာဆင်နွှဲ ခဲ့ကြသည်။

မိုးကုတ်မြို့ နှစ် ၈ဝဝ ဖွင့်ပွဲ အခမ်းအနားကို မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့် မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်ဝန်ကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်ကျော် စွာလင်း၊ နိုင်ငံကျော်အနုပညာရှင် ရုပ်ရှင်သရုပ်ဆောင်များဖြစ်သည့် ဖွေး ဖွေး၊ ဝတ်မှုံရွှေရည်နှင့် ခင်လေးနွယ် တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်က ရွှေမောင်း သုံးချက်တီးပြီး အမှာစကားပြောကြား ခဲ့သည်။

“ပွဲတော်ကို ပျော်ပွဲရွှင်ပွဲ သက် သက်မဟုတ်ဘဲ မြို့ရွာလူထုရဲ့ လို အပ်ချက် လူနေမှုနဲ့အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်လာရေး ကျောက်မျက်ရတနာလုပ်ငန်းနဲ့ ခရီး သွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာစေ ရေးတို့အတွက် ဖြစ်ပါတယ်”ဟု မိုးကုတ် နှစ် ၈ဝဝ ပြည့် ကျင်းပရေး ကော်မတီနာယက ဦးသာဌေးက ပြောသည်။

မိုးကုတ်နှစ် ၈ဝဝ ပြည့်ပွဲတော် ကို မတ် ၂၉ ရက်မှ မတ် ၃၁ ရက် အထိ သုံးရက်တိုင်တိုင် ပြုလုပ်သွား မည်ဖြစ်ပြီး ပွဲတော်ကျင်းပခြင်းနှင့် အတူ တရားပွဲများကျင်းပခြင်း၊ သံဃာတော်များနှင့် သီလရှင်များ အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ သက်ကြီးပူဇော်ပွဲကျင်းပခြင်း၊ အားကစားပြိုင်ပွဲများကျင်းပခြင်း၊ မိုး ကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက် ပိုင်းတွင်ထားရှိမည့် ဗိုလ်ချုပ်အောင် ဆန်းကြေးရုပ်များ ဖွင့်လှစ်ခြင်း၊ ဒေသခံတိုင်းရင်းသားများ၏ ဝင်းခင်း လှည့်လည်ခြင်း၊ စတုဒိသာကျွေးမွေး ခြင်းများ၊ သမိုင်းဝင်မှတ်တမ်းဓာတ်ပုံ များနှင့် မိုးကုတ်မြို့ အထင်ကရများ၊ ပတ္တမြားထွက်ရှိနေရာများကို ပုံစံငယ် များဖြင့် ခင်းကျင်းပြသခြင်းတို့ဆောင် ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ချမ်းသာ


LEAVE A REPLY

Please enter your comment!
Please enter your name here