နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ် သဘင်ရွာအကြောင်းတင်ပြခဲ့တဲ့ ဖိုးချစ်

0
230

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သဘင်၊ ရုပ်ရှင်၊ ဂီတမှ အနုပညာရှင် များက မတ်လ ၃ဝ ရက်နေ့က နေ ပြည်တော်မှာ တွေ့ဆုံဖြစ်ခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံမှုမှာတော့ သဘင်အနုပညာရှင်တစ်ဦးအနေနဲ့ မြို့ရွှေမန်းသားဖိုးချစ်က သွားရောက် တွေ့ဆုံဖြစ်ခဲ့ပြီး သဘင်နဲ့ပတ်သက်လို့ လိုအပ်ချက်တွေကိုလည်း နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကို ပြောပြဖြစ်ခဲ့ပါတယ် လို့ သိရပါတယ်။

“ကျွန်တော်ကတော့ သဘင် အစည်းအရုံးအနေနဲ့ မဟုတ်ပါဘူး။ ဇာတ်မင်းသားတစ်ယောက်အနေနဲ့ တွေ့တာပါ။ မကြာခင်မှာလုပ်ဆောင် မယ့်ဖျော်ဖြေပွဲတစ်ခုနဲ့ပတ်သက်လို့ ဆွေးနွေးကြတဲ့သဘောပါ။ သီးခြား ကြီး ကိုဖိုးချစ်လာပါဆိုတာမျိုးလည်း မဟုတ်ပါဘူး”လို့ အဆိုပါနေ့ တွေ့ဆုံ မှုနဲ့ ပတ်သက်လို့ ဖိုးချစ်က ပြောပါ တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း သဘင်နဲ့ပတ်သက်လို့ စိတ်ဝင်စားမှုတော်တော်လေးရှိနေပြီး သူလုပ်စေချင်တာလေးတွေလည်း သူ့ကိုပြောပြတယ်လို့ ဖိုးချစ်က ပြော ပြပါတယ်။

“သဘင်ဆိုတာထက် အနုပညာ အပေါ်မှာ အများကြီးစိတ်ဝင်စား ပါတယ်။ ရုပ်ရှင်အတွက်လည်း အများကြီးစဉ်းစားပေးထားသလို သဘင်အတွက်ကိုလည်း ကျွန်တော့် အနေနဲ့ သဘင်ရွာကိစ္စကိုလည်း တင် ပြခဲ့ပါတယ်။ သဘင်ရုံးကိစ္စလည်း တင်ပြခဲ့တယ်။ နိုင်ငံတော် အတိုင် ပင်ခံပုဂ္ဂိုလ်ကတော့ ဇာတ်ရုံကြီးဆောက် ပြီးတော့ နိုင်ငံခြားသားတွေကို ပြတဲ့ ပုံစံမျိုးလေးလုပ်ချင်တယ်လို့ပြောပါတယ်”လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အနုပညာအပေါ်အလေးထားမှု နဲ့ပတ်သက်လို့ ဖိုးချစ်က ပြန်လည် ပြောပြတာပဲဖြစ်ပါတယ်။

လင်းအက္ခရာ


LEAVE A REPLY

Please enter your comment!
Please enter your name here