ပရိသတ်ရှိပြီးသား၊ အောင်မြင် ပြီးသား အဆိုတော်တစ်ယောက်ရဲ့ ရည်မှန်းချက်တွေထဲမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်အောင် မြင်မြင်၊ ခမ်းခမ်းနားနားနဲ့ ကျင်းပနိုင်ဖို့ဆိုတဲ့ အချက် လည်းပါဝင်နိုင်လိမ့်မယ်ထင်ပါတယ်။ အဲဒီအချက်ကို နီနီခင်ဇော် တစ် ယောက် အကောင်အထည်ဖော်ဖြစ်တာ ဒုတိယ အကြိမ်မြောက် ရှိသွားပါပြီ။
“နီနီ့ရဲ့ ဒုတိယမြောက်ဂီတဖျော်ဖြေပွဲဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၇ရက်နဲ့ ၈ရက်၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်မှာဖြစ် ပါတယ်။ ပါဖောမန့်တွေလည်း အတူတူပဲ။ သီချင်းတွေလည်း အတူတူပဲ။ ၇ရက်နေ့ရော၊ ၈ရက်နေ့ရော တစ်ပုံစံတည်းဖျော်ဖြေမှာ ဖြစ်ပါတယ်။ တစ်ကိုယ်တော် ဖျော်ဖြေပွဲရဲ့Theme ကတော့ ခေတ်နောက်ပြန် ဆွဲတဲ့Retro Red Volution ပေါ့နော်။ Marilyn Monroe လို ပုံစံမျိုးတွေ ကပြဖို့ စီစဉ်ထားပါတယ်” လို့ နီနီခင်ဇော်ကပြောပါတယ်။ ၂ဝ၁၈ ခုနှစ်ဟာ နီနီခင်ဇော်ရဲ့ ဂီတသက်တမ်း ၁ဝနှစ်ပြည့်လည်းဖြစ် တာကြောင့် သူမရဲ့ ရှိုးပွဲဟာ ပိုပြီး အဓိပ္ပာယ်ပြည့်ဝနေမှာပါ။ ၁ဝနှစ်တာကာ လအတွင်း သူမဖြတ်သန်းခဲ့ရတဲ့အတွေ့အကြုံတချို့ကို လည်း နီနီခင်ဇော်က…
“၁ဝနှစ်တာကာလအတွင်းမှာ နီနီခက်ခက်ခဲခဲ နဲ့ဖြတ်သန်းခဲ့ရတယ်။ ဒါပေမဲ့လည်း ချစ်တဲ့ပရိသတ် တွေအားလုံးရဲ့ခွန်အားနဲ့ နီနီ့မှာ အခက်အခဲကို အခက်အခဲလို့တောင် မမြင်ပါဘူး။ တကယ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ကို ဖြတ်သန်းခဲ့ရပါတယ်။ အဲဒီအ တွက် ၁ဝနှစ်တာလုံးလုံး နီနီနဲ့အတူ လက်တွဲပေးခဲ့တဲ့ ချစ်တဲ့ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ နီနီMelody World ကနေစခဲ့တာ ဒီနှစ် ၂ဝ၁၈ခုနှစ်ဆိုရင် ၁ဝနှစ်ပြည့် ခဲ့ပါပြီ။ ဒါကြောင့်မို့လို့ တောက်လျှောက် အားပေးခဲ့တဲ့ ပရိသတ်တွေ အားလုံးအတွက် နီနီအခု ၁ဝနှစ် ပြည့်အမှတ်တရမှာ ပြိုင်ပွဲမှာဆိုခဲ့တဲ့ သီချင်းလေး အချို့ကိုလည်း ပြန်ပြီးတော့ သီဆိုဖို့ စီစဉ်ထားပါတယ်” လို့နီနီခင်ဇော်ကပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ-ဇော်ဝင်းအောင်