ကဗျာ အကြောင်းမှတ်စုဟောင်း

0
185

ကဗျာတစ်ပုဒ်လုံးကို ဝါကျတွေနဲ့ပဲ ဖွဲ့မ လား။

ဒီစကား၊ ဒီမေးခွန်း၊ ဒီဝေါဟာရကို အက္ခရာတွေက ရယ်နေကြပေလိမ့်မယ်။ ဒါ ကလည်း ရယ်မိပါရဲ့။ ရယ်စရာတစ်ခုလို့ မြင် ခဲ့ပါပြီ။ (ငါကိုယ်တိုင်ဟာ အက္ခရာတစ်ခု ပဲ ကွဲ့။) အင်းတစ်ချိန်ကတော့ ဒီလိုအရေးအ ပြောတွေကို ငါသိပ်ကြိုက်နှစ်သက်ခဲ့ဖူးသပေါ့။ ခုတော့ အဲဒီအတွက် ငါ့ကိုယ်ငါလည်း ရယ် ချင်ရဲ့။ ငါကပြခဲ့ဖူးတဲ့ ပြဇာတ်ကို ငါပြန်ကြည့် ပြီး ပြုံးမိတာပါ။ မိမိဆင်ခြင်နိုင်စွမ်း(မိမိရဲ့ ဆင်ခြင်တုံတရာြး<ွကက်သားတွေ အလုပ်လုပ် နိုင်စွမ်း)ထက် သာလွန်ကြီးမားလေးလံတဲ့ အကြောင်းအရာများကို တွေ့တဲ့အခါ၊ စဉ်း စားတွေးတောမိတဲ့အခါ၊ လူဟာ မိမိခံစား ရသလို ပြောမိတတ်ကြတယ်။ ကဗျာရေး သူတွေဟာလည်း မိမိဆင်ခြင်နိုင်စွမ်းထက် ပိုမိုကြီးမားတဲ့ လေးလံတဲ့ အကြောင်းအရာ တွေနဲ့ထိပ်တိုက်တွေ့တဲ့အခါ အဲဒီလိုပါပဲ။ မိမိ ခံစားရသလို ပြောမိတတ်ကြတယ်။ ဒါဟာ သတိပြုရမယ့် အချက်ပဲဖြစ်တယ်။ ကဗျာရေး တာဟာ ခက်ခဲတယ်ဆိုရင် ကဗျာအကြောင်း ပြောတာဟာ ပိုလို့ခက်ခဲပေလိမ့်မယ်။ ကဗျာ ရေးရတာဟာ လွယ်ကူတယ်ဆိုရင်တော့ ကဗျာအကြောင်းပြောတာဟာ ပိုလို့လွယ်ကူ သွားပေလိမ့်မပေါ့။ လူတိုင်းဟာ အသက် အရွယ်၊ အတွေ့အကြုံကပေးတဲ့ သိမှုနဲ့ နေ ထိုင်ကြတာပဲ ဖြစ်တယ်။

ကဗျာဆရာတစ်ယောက်ဖြစ်ဖို့ ရိုးသားဖို့ မလိုဘူး။ မရိုးသားလည်း ကဗျာဆရာတော့ ဖြစ်လာနိုင်တာပဲလေ။
ဒီစကားရပ်ထဲမှာ မိမိခံစားလိုက်ရသလို ပြောလိုက်တဲ့ အသံလေးပါနေတယ်လို့ ထင်မိ တယ်။ မိမိခံစားရသလို ပြောခြင်းဟာ ရိုးသား မှုတစ်ဝက်ပါတယ်။ ဒါပေမဲ့အဓိပ္ပါယ် အရက တော့ ကလိယုဂ်ခေတ်ရဲ့ ချောက်ကမ်းပါးကြီး ထဲကို ခုန်ချလိုက်ခြင်းပါပဲ။ လူဟာ မွေးဖွား လာခဲ့စဉ်ကတည်းက သူ့မှာရိုးသားမှုဆိုတာ ပါလာခဲ့ပြီးဖြစ်တယ်။ တရွေ့ရွေ့ဖြတ်သန်း ကြီးပြင်းကြရင်းနဲ့ရိုးသားမှုဟာ ပုံသဏ္ဌာန် အမျိုးမျိုးပြောင်းလဲသွားခဲ့တာပါ။ ရိုးသားမှု ဟာ ကိုယ်ကျင့်တရားဖြစ်သွားနိုင်တယ်။ ရိုး သားမှုဟာ စင်ကြယ်မြင့်မြတ်မှုဖြစ်သွားနိုင် တယ်။ ရိုးသားမှုဟာ ထုံအမှုလည်း ဖြစ်သွား နိုင်ပေရဲ့။ ရိုးသားမှုဟာ အသွင်ပြောင်းပြီး ဆန့်ကျင်ဘက် အဓိပ္ပါယ်ကိုလည်းရောက်သွား ပြန်တယ်။ ဒါကသူ့ဘဝဖြတ်သန်းမှုက တွန်း ပို့လိုက်တဲ့အခါ သူ့အကျပ်အတည်းက ပြဋ္ဌာန်း လိုက်တဲ့အခါမျိုးမှာပေါ့။ ဒီစကားသံကို ကလိ ယုဂ်ခေတ်ရဲ့ အသံတစ်သံလို့ သတ်မှတ်ချင် တယ်။ ကိုယ့်နားလာပြီး လေချဉ်တက်ရင် ငါမ နှစ်မြို့ဘူးကွဲ့။ ဘယ်သူရောနှစ်သက်ကြသလဲ။

၁။ ဇေယျာလင်း(ကဗျာနှင့်ကဗျာဖွဲ့ စည်းမှု၊Hypotacticl Paratactic နဲ့ ကဗျာ ဖွဲ့စည်းမှု၊ ရုပ်ရှင်တေးကဗျာ၊ ၂ဝ၁၁၊ ဇန်န ဝါရီ)
၂။ ကဗျာဆရာ မင်းအိမ်ကျော်နှင့် တွေ့ ဆုံခြင်း၊ မိုဃ်းဇော်၊ အစိမ်းရောင်စင်္ကြံများ၊ ရုပ်ရှင်တေးကဗျာ၊ ၂ဝ၁၁၊ ဇန်နဝါရီ)

နေမျိုး


LEAVE A REPLY

Please enter your comment!
Please enter your name here