ပရိသတ်တွေနဲ့ သစ်ပင် ၂၀၀၀ကျော်စိုက်ပျိုးခဲ့တဲ့ Park Hae Jin

0
210

မင်းသားPark Hae Jin ဟာ သစ်ပင်၂ဝဝဝ ကျော်ကို တရုတ်ပြည်မှာ စိုက်ပျိုးခဲ့ ပါတယ်။ တရုတ်မှာ လေထုညစ်ညမ်းမှု ဖြစ်လာတာ မို့သစ်ပင် စိုက်ပျိုးခြင်းကို စတင်နေပါပြီ။ မင်းသားက Volunteer အတွက်ပါဝင်ခဲ့ပြီး သစ်ပင် ၂ဝဝဝ ကျော် ကိုသူရဲ့ပရိသတ်တွေနဲ့ စိုက်ပျိုးဖို့အတွက် အကုန်အကျ ခံခဲ့တယ်လို့သိရပါတယ်။

မင်းသားရဲ့ ရည်မှန်းချက်က အာရှ နိုင်ငံတွေ အချင်းချင်း ရင်းနှီးမှု ပိုရရှိပြီး အာရှဟာ နေချင်စဖွယ် နေရာဖြစ်လာအောင် လုပ်ချင် တာပါ။ မင်းသားဟာ မတ်လ ၂၆ ရက်နေ့က ဘေဂျင်းကို ရောက်ရှိခဲ့ပြီး ပရိသတ်တွေနဲ့ သစ်ပင်စိုက်ပျိုး ခဲ့ပါတယ်။

‘လေကို လွတ်လွတ်လပ်လပ်ရှုရိုက်ခွင့် ရခဲ့သလို ပရိသတ်တွေနဲ့ အတူတကွ အလုပ် လုပ်ရတာကို တကယ်ပျော်ပါတယ်။ အားလုံး လည်း သစ်ပင်တွေနည်းပါးမှုကြောင့် လေထု ညစ်ညမ်းလာတာကို သတိပြုမိကြမယ် ထင်ပါ တယ်’။မင်းသားPark Hae Jin ရေ၊ သစ် ပင်တွေ အများကြီး စိုက်ပျိုးပေးခဲ့တဲ့ အတွက် ကျေးဇူးပါ။


LEAVE A REPLY

Please enter your comment!
Please enter your name here